top of page

အများပြည်သူ့ဆက်သွယ်မှု အဆက်မပြတ်စေရေး အစားထိုးနည်းလမ်းများ

(ပဋိပက္ခများနှင့်သဘာဝဘေးအန္တရာယ်များအကြား ဆက်သွယ်ရေးမပြတ်တောက်စေရေး အစားထိုးဆက်သွယ်ရေးနှင့်ဘေးဒဏ်ခံဆက်သွယ်ရေးနည်းလမ်းများ လမ်းညွှန်)

နိဒါန်း

မြန်မာနိုင်ငံရှိ ဆက်သွယ်ရေးကွန်ရက်များသည် စစ်ရေးပဋိပက္ခနှင့်သဘာဝဘေးအန္တရာယ်အမျိုးမျိုးများကြောင့် ပြတ်တောက်လျက်ရှိသည်။ ထိုသို့ဘေးအန္တရာယ်ကျရောက်ချိန်တွင် သမားရိုးကျဆက်သွယ်ရေးကွန်ရက်များကို ပြန်လည်အသုံးပြုဆက်သွယ်ရန် အခက်အခဲများစွာရှိသည်။ ထို့ကြောင့် မြန်မာအင်တာနက်ပရောဂျက်(MIP)သည် အကျပ်အတည်းအကြား၌ မြန်မာနိုင်ငံတွင် အသုံးဝင်နိုင်မည့် သမားရိုးကျမဟုတ်သော အခြားဆက်သွယ်ရေးနည်းလမ်းများကို လေ့လာခဲ့သည်။

 

ထိုလေ့လာမှုများအရ သိရှိခဲ့ရသည်မှာ ဆက်သွယ်ရေးနှင့်အင်တာနက်အား နှစ်မျိုးခွဲခြား၍ ဆန်းစစ်ရန်လိုအပ်ကြောင်းဖြစ်သည်။ အင်တာနက်ဆိုသည်မှာ ဆက်သွယ်ရေးနည်းလမ်းများထဲမှ တစ်ခုဖြစ်သောကြောင့် အင်တာနက်ကို အမြဲတစေရရှိနေရန် လိုအပ်၏၊ မလိုအပ်၏ ပြန်လည်ဆန်းစစ်ရန်လည်းလိုသည်။ နောက်တစ်ချက်မှာ လက်ရှိမြန်မာနိုင်ငံ၏အခြေခံအဆောက်အအုံများနှင့်နည်းပညာအခြေအနေများအရ အင်တာနက်ရရှိနိုင်မည့်နည်းလမ်းမှာ စတားလင့်ခ်တစ်ခုသာ ကောင်းကောင်းရှိသည်။ ရသမျှနည်းလမ်းဖြင့် ဆက်သွယ်ရေးကွန်ရက်များတည်ဆောက်ရာတွင်လည်းကောင်း၊ လက်ခံရာတွင်လည်းကောင်း ကွန်ရက်(ဥပမာ - အင်တာနက်ဝန်ဆောင်မှုပေးခဲ့သောကုမ္ပဏီများမှ လက်ကျန်ကွန်ရက်များ)လုံလုံလောက်လောက် မရှိခြင်းသည်လည်း အဓိကအဟန့်အတားတစ်ခုဖြစ်နေသည်။ ထို့ကြောင့် မြန်မာနိုင်ငံ၏အနေအထားသည် စိန်ခေါ်မှုရှိသောကွန်ရက်(Challenged Network)နည်းပညာများအားအသုံးပြုပြီး ဆက်သွယ်ရေးကွန်ရက်များကို အောက်ခြေမှအထက်သို့ (Bottom-up) ပြန်လည်တည်ဆောက်ရမည့်အခြေအနေတွင် ရှိသည်။

စိန်ခေါ်မှုရှိသောကွန်ရက်များ(Challenged Networks)

စိန်ခေါ်မှုရှိသောကွန်ရက်များ(Challenged Networks)သည် ကွန်ရက်မကြာခဏပြတ်တောက်သောပတ်ဝန်းကျင်များ၊ အချိန်ကြာမြင့်ပြီးမှ ပြန်လည်ဆက်သွယ်နိုင်သောပတ်ဝန်းကျင်များနှင့် ဆက်သွယ်မှုအမှားအများဆုံးဖြစ်သောပတ်ဝန်းကျင်များအတွက် ဒီဇိုင်းထုတ်ထားသောကွန်ရက်များဖြစ်သည်။ 

စိန်ခေါ်မှုများရှိသော ကွန်ရက်များ၏အဓိက ဝိသေသလက္ခဏာများမှာ 

  • ချိတ်ဆက်ထားသည့် နုတ်များ(node)များ အကြိမ်ဖန်များစွာ ပြတ်တောက်ခြင်း။

  • အချက်အလက်(data)ပို့ဆောင်မှုများ အချိန်အတော်အတန် ကြာမြင့်ခြင်း။

  • မက်ဆေ့ချ်များပို့ဆောင်ရာတွင် သိသားထင်ရှားသော နှောင့်နှေးကြန့်ကြာမှုများဖြစ်ခြင်း။ (ကွန်ရက်နှောင့်နှေးမှုနှုန်းမြင့်ခြင်း - High Latency)

  • ကွန်ရက်တည်ဆောက်မှုများ မကြာခဏပြောင်းလဲခြင်း။ (ကွန်ရက်ဖွဲ့စည်းမှု အသွင်ပြောင်းခြင်း)

စသည်တို့ ဖြစ်သည်။

 

အဆိုပါ စိန်ခေါ်မှုရှိသော ကွန်ရက်များတွင် သမားရိုးကျမဟုတ်သော၊ နည်းပညာတစ်ခုတည်းအပေါ် မမှီခိုသောနှင့် နည်းပညာများဖြင့်ဖွဲ့စည်းအပ်သော ဟစ်ထရိုဂျီနီယက်စ်စလူးရှင်း(heterogeneous solution)များကို အသုံးပြုလေ့ရှိပြီး သမားရိုးကျကွန်ရက်ဖွဲ့စည်းမှု(network topology)မှသွေဖည်၍ အခြားလွှမ်းမိုးနိုင်သော ဒေသန္တရအနေအထားများဖြစ်ကြသည့် ပထဝီအနေအထားများ(geography and environmental factors)၊ စွမ်းအင်လက်လှမ်းမှီနိုင်မှုအနေအထား (power consumption)၊ လုံခြုံရေး(security)အနေအထား၊ ငွေကြေး(budget)အနေအထား၊ အသုံးပြုလိုသည့်အနေအထား(use case)နှင့်ဖြန့်ကြက်လိုမှု (scalability)အနေအထား အစရှိသည်တို့ကို ထည့်သွင်းတည်ဆောက်ရသည်။ စိန်ခေါ်မှုများရှိသောကွန်ရက်များကို ဝေးလံခေါင်ဖျားနေရာများနှင့်ကျေးလက်ဒေ သများ၊ အာကာသနှင့်ကမ္ဘာမြေပြင်အကြား ဆက်သွယ်ရေးများ၊ ဘေးအန္တရာယ်သင့်ဒေသများ စသည်တို့တွင် ဆက်သွယ်ရေးပြုလုပ်နိုင်ရန် ရည်ရွယ်ကြသည်။

အသုံးတည့်မည့် နည်းပညာများ

(၁) Mesh & Local Networking
Long Range Mesh Networking Devices (LoRa)

LoRa(Long Range)နည်းပညာသည် သမားရိုးကျဝိုင်ဖိုင်နှင့်ဘလူးတုသ်နည်းပညာကဲ့သို့ “Chirp Spread Spectrum(CSS)”နည်းပညာမှဆင်းသက်လာသော ကြိုးမဲ့ချုံ့ပြောင်းထားသည့်နည်းပညာဖြစ်သည်။ ရေဒီယိုလှိုင်းများပေါ်မှသတင်းအချက်အလက်များကို ‘လင်းပိုင်များ’နှင့်‘လင်းနို့များ’ဆက်သွယ်မှုပြုလုပ် သည်နှင့်ဆင်တူသည်။ ‘ငှက်သံ’ကဲ့သို့ အသံမြင့်ကြိမ်နှုန်းကိုအသုံးပြု၍ ကုဒ်ပြောင်းလဲပြီး ထုတ်လွှင့်ခြင်းဖြစ်သည်။

 

‘LoRa’စက်ပစ္စည်းများတွင် ပါဝါနှင့်လှိုင်းနှုန်းကန့်သတ်ချက်များရှိသည်။ ယင်းတို့၏ဘက်ထရီများသည် အသင့်အနေအထားတွင် (၂၄)နာရီမှ(၂၆)နာရီအထိ ကြာ ရှည်ခံသည်။ မြန်မာနိုင်ငံရှိ အင်တာနက်ကန့်သတ်နယ်မြေများတွင်လည်း လျှပ်စစ်မီးပြတ်တောက်မှုများရှိနေသဖြင့် အဆိုပါစက်များ စဉ်ဆက်မပြတ်လုပ်ငန်းလုပ် ဆောင်နေစေမည့် သီးသန့်ဓာတ်အားအရင်းအမြစ်လိုအပ်နေပါသည်။

 

အခြားကန့်သတ်ချက်မှာ အမြင့်ဆုံးအချက်အလက်လွှဲပြောင်းနှုန်း(bandwidth)ဖြစ်သည်။ စာသားမက်ဆေ့ခ်ျ ‘256 bytes’ (အင်္ဂလိပ်ဘာသာဖြင့် စာကြောင်းသုံးကြောင်း သို့မဟုတ် မြန်မာယူနီကုဒ်တွင် စာကြောင်းတစ်ကြောင်းခွဲစာကြောင်း)သာ ထိုစက်ပစ္စည်းများမှတစ်ဆင့် ဆက်သွယ်နိုင်သည်။ အမြင့်ဆုံးအချက်အလက်လွှဲပြောင်းနှုန်း(bandwidth)အကန့်အသတ်ရှိသောကြောင့် မာလ်တီမီဒီယာနှင့်အရွယ်အစားကြီးမားသောဖိုင်လွှဲပြောင်းခြင်းများကို မပံ့ပိုးနိုင်ဟု ဆိုလိုသည်။

LoRa  အား Meshtastic နှင့် ဆက်သွယ်ရန်အသုံးပြုခြင်း

Meshtasticသည် ‘LoRa’နည်းပညာအားအသုံးပြုသည့် ဗဟိုချုပ်ကိုင်မှုကင့်မဲ့သောနှင့်အချင်းချင်းချိတ်ဆက်နိုင်သော ပွင့်လင်းရင်းမြစ်ဆက်သွယ်ရေးစနစ် (open source, decentralized, off-the-grid, mesh network)ဖြစ်သည်။

‘Meshtastic’ကိုအသုံးပြုရန်အတွက် ‘LoRa’ဆက်သွယ်‌ရေးနည်းပညာအသုံးပြုသည့်အစိတ်အပိုင်း(LoRa Radio Module)ပါဝင်သောကိရိယာများ လိုအပ်မည်ဖြစ်သည်။ အဆိုပါကိရိယာများကို Alibaba နှင့် Lilygo များကဲ့သို့ ဝန်ဆောင်မှုများမှတစ်ဆင့် မိမိရောက်ရှိနေသောနေရာအပေါ်မူတည်၍ အလွယ်တကူဝယ် ယူနိုင်ပါသည်။

Lilygo

မိမိဝယ်ယူသည့်စက်ကိရိယာတွင်ပါဝင်သော ကန့်သတ်ချက်များကို မဝယ်ယူခင် သေချာလေ့လာရန်လည်း လိုအပ်ပါတယ်။ အထူးသဖြင့် မဝယ်ယူမီတွင်

  • မိမိအသုံးပြုချိတ်ဆက်လိုသောလှိုင်းစဉ်နှုန်း(frequency)အားထောက်ပံ့ပေးနိုင်မှု ရှိမရှိ။(အာရှတိုက်တွင် လှိုင်းစဉ်နှုန်း(frequency) ၄၃၃ မက်ဂါဟာ့ဇ် (433 MHz)အသုံးပြုလေ့ရှိကြသည်။)

  • ပါဝါ/ဘက်ထရီ(Power/battery)ပါဝင်မှုနှင့် ပါဝါရရှိနိုင်မှု(power solution)များ။

  • မိမိလိုအပ်သော လုပ်ဆောင်နိုင်စွမ်း(feature)များ။ (ဥပမာ : bluetooth, storage size, screen display, wifi)

  • အသုံးပြုလိုသောအနေအထား။ (ဥပမာ -  အဆောက်အဦးပြင်ပတွင်အသုံးပြုရန်အတွက် ရာသီဥတုဒဏ်ခံနိုင်မည့် ကာဗာ(Enclosure)ပါဝင်မှု)

အစရှိသည်တို့ကို သေချာစွာလေ့လာဆန်းစစ် ရွေးချယ်ရန်လိုအပ်ပါသည်။ ‘LoRa’နည်းပညာသည် တိုးတက်မှုများ အမြဲတစေရှိနေသည့်အတွက် ပိုမိုကောင်းမွန်ပြီး သေသပ်သောနှင့်မော်ဂျူး(module)အစိတ်အပိုင်း စုံလင်စွာပါဝင်သောပစ္စည်းများကို သေချာရွေးချယ်ဝယ်ယူသင့်ပါသည်။

Lilygo ၏ T-Echno Device အသစ်ထွက်ရှိမှု

ထိုကိရိယာ(Device)ကိုရရှိပါက ‘LoRa Node’အနေဖြင့်အသုံးပြုရန် မိမိကိရိယာ(Device)၏အဆင့်သင့်ဖြစ်မှုအပေါ်မူတည်ပြီး Meshtastic ‘Firmware’နှင့် ‘Flash’လုပ်ပေးရမည်။ ‘Node’များရရှိပါက မိမိအသုံးပြုလိုသည့်ပလက်ဖောင်း(Platform)ပေါ်လိုက်ပြီး ‘Meshtastic Client’များကို ‘Android’, iOS’ နှင့် ‘Web Version’များ ဒေါင်းလုတ်ခ်ဆွဲ၍အသုံးပြုရန် ချိတ်ဆက်ချိန်ညှိနိုင်ပါသည်။

‘LoRa’နည်းပညာသုံး ‘Meshtastic’ဖြင့် စာတိုများ၊ ဂျီပီအက်စ်တည်ရာ(GPS location)များနှင့်အခြားအချက်အလက်များကို အချက်အလက်လွှဲပြောင်းနှုန်းအ ကန့်အသတ်(Bandwidth Limit)အရ ပို့ဆောင်ဆက်သွယ်နိုင်မည်။

‘LoRaWAN’ ဖြင့် ဖြန့်ကြက်ခြင်းနှင့်အခြားအသုံးပြုပုံများ

‘LoRa’နည်းပညာအား ချိတ်ဆက်ရေးနည်းပညာ(Data Link)အဖြစ်အသုံးပြု၍ ‘IoT’(Internet of Things)ဟုခေါ်သော အင်တာနက်ချိတ်ဆက်ပစ္စည်းများ၏ အစိတ်အပိုင်းတစ်ခုအနေဖြင့် ပြင်ပကမ္ဘာအားကွန်ပျူတာအခြေခံစနစ်အတွင်းသို့ တိုက်ရိုက်ချိတ်ဆက်သည့်အသုံးပြုမှု(Application)များနှင့်‘IoT Application’ များတွင် အသုံးပြုသည်။

‘LoRaWAN’၏ကွန်ရက်ဖွဲ့စည်းမှု(Network Topology)အနေဖြင့် ကြယ်စုများအချင်းချင်းချိတ်ဆက်သည့်အသွင်ဖြင့်(Star-of-Stars Topology) ‘LoRa’ အ သုံးပြုထားသော ‘End Nodes’များမှအချက်အလက်များကို ‘Gateway’အနေဖြင့် စုဆောင်းပေးရန် ‘LoRaWAN’က တာဝန်ယူသည်။ အဆိုပါ‘End Nodes’ များတွင် အသုံးပြုလိုသည့်အာရုံခံကိရိယာ(Sensor module)များကို တပ်ဆင်နိုင်သည်။ ဥပမာများအနေဖြင့် ‘End Nodes’တွင်တပ်ဆင်ထားသောမော်ဂျူး (module)အပေါ်မူတည်၍ အပူချိန်၊ လေထု၊ မြန်နှုန်း၊ ဂျီပီအက်စ်(GPS)နှင့်အခြားအာရုံများကို အချက်အလက်အသွင်ဖြင့် ရယူနိုင်သည်။

လေထုညစ်ညမ်းမှုနှင့်လေထုသန့်စင်မှုအား တိုင်းတာသော SEA-HAZEMON တွင် ‘LoRaWAN’နည်းပညာကို ထိုင်းနိုင်ငံ၌ အခြေပြု၍အသုံးပြုထားသည်ကို ဥပမာအနေဖြင့် လေ့လာနိုင်သည်။

‘LoRaWAN’နည်းပညာအားအသုံးပြုရန်အတွက် ‘Gateway’ပစ္စည်းများနှင့်‘Network server’လည်း လိုအပ်မည်။ အဆိုပါ ‘Gateway’မှတစ်ဆင့် ‘Network Server’များထံ အချက်အလက်ပို့ပေးနိုင်စေရန်ဖြစ်သည်။

အနှစ်ချုပ်ဆိုရသော် ‘LoRa’သည် ဖွံ့ဖြိုးခါစနည်းပညာတစ်ခုဖြစ်သောကြောင့် ပရိုဂရမ်ရေးသူ(Developer)များ၏အကူအညီဖြင့် လျင်မြန်စွာဖွံ့ဖြိုးတိုးတက်လျက်ရှိသည်။ ထို့ကြောင့် ထိုနည်းပညာ၏တိုးတက်မှုကို ဂရုတစိုက်စောင့်ကြည့်ရန်လိုအပ်ပါသည်။ လက်ရှိအနေအထား၌ မြန်မာနိုင်ငံ၏ထိန်းချုပ်နှင့်လွတ်မြောက်နယ်မြေများတွင် ‘LoRa’နည်းပညာကို အကန့်အသတ်များဖြင့် အသုံးပြုနေကြပြီဖြစ်သည်။

Bluetooth Relay Tools

ဗဟိုချုပ်ကိုင်မှုရှိသောအင်တာနက်သည် လူအုပ်စု(သို့)အစုအဖွဲ့တစ်ခုမှ ထိန်းချုပ်ထားသောအခြေအနေဖြစ်၍ အင်တာနက်အခြေခံပြီး ဆက်သွယ်မှုများပြုလုပ်နိုင်ရန်အတွက် အတိုင်းအတာတစ်ခုအထိ အခက်အခဲဖြစ်နိုင်သည်။ ထိုသို့သောအခြေအနေမျိုးတွင် အင်တာနက်မလိုအပ်ဘဲ အပြန်အလှန်ချိတ်ဆက်,ဆက်သွယ်ရမှုများပြုလုပ်နိုင်ရန်အတွက်ဘလူးတုသ်/ဝိုင်ဖိုင်(Bluetooth/WiFi)များမှတစ်ဆင့်ချိတ်ဆက်နိုင်သောအက်ပ်(App)များ၏အခန်းကဏ္ဍသည်ဆက်သွယ်ရေးအတွက် အလွန်ပင်အရေးကြီးသည်။ ဆက်သွယ်ရေးအတွက်ဘလူးတုသ်/ဝိုင်ဖိုင်(Bluetooth/WiFi)နှင့်ချိတ်ဆက်အသုံးပြု၍ရနိုင်သောအက်ပလီကေးရှင်း(Application) များသည် အင်တာနက်ခက်ခဲကြပ်တည်းစေသော နိုင်ငံရေးအခြေအနေများ၊ အထူးသဖြင့်အင်တာနက်ဖြတ်တောက်ခံရသောအခြေအနေများနှင့်အင်တာနက်ကန့် သတ်ခံရသောအခြေအနေများတွင် အသုံးပြုလေ့ရှိသည်။

၂၀၁၉ ခုနှစ်တွင် ဖြစ်ပွားခဲ့သော ဟောင်ကောင်ဆန္ဒပြပွဲများအတွင်း လူထုစည်းရုံးရန်နှင့်လူထုအကြား အပြန်အလှန် ဆက်သွယ်ရန်အတွက် အသုံးပြုသောအက်ပလီကေးရှင်း(Application)များစွာပေါ်ပေါက်ခဲ့ပြီး ‘FireChat’သည် ဟောင်ကောင်ဆန္ဒပြသူများအကြားတွင် အတော်လေးနာမည်ကြီးခဲ့သည့် အက်ပလီကေးရှင်း (Application)တစ်ခုဖြစ်ခဲ့သည်။ ‘FireChat’သည် ‘Mesh Networking’အားအခြေခံထားပြီး အင်တာနက်(သို့)ဆယ်လူလာကွန်ရက်(Cellular Network) များသုံးစရာမလိုဘဲ အသုံးပြုသူများအကြား အပြန်အလှန်ချိတ်ဆက်နိုင်သည်။ ဆန္ဒပြပွဲများတွင် ‘Fire Chat’ကိုအသုံးပြု၍ လူတစ်ယောက်နှင့်တစ်ယောက်(သို့) မိမိဖုန်းစက်ပစ္စည်းနှင့်နီးစပ်သောဧရိယာအတွင်းတွင်ရှိသော တစ်ခြားသူ၏ဖုန်းတစ်လုံးကို ဘလူးတုသ်(Bluetooth)နှင့်ချိတ်ဆက်ပြီး အပြန်အလှန်ဆက်သွယ်ပေးပို့မှု ပြုလုပ်နိုင်သော ဗဟိုမှချုပ်ကိုင်ထားခြင်းမရှိသည့်ဆက်သွယ်မှုများ(Decentralized Communication)ပြုလုပ်နိုင်သည်။ ‘Fire Chat’အသုံးပြုရန်အတွက် မည်သည့်ပုဂ္ဂိုလ်ရေးရာအချက်အလက်များအား ပေးစရာမလိုသည့်အတွက် လွတ်လပ်စွာအပြန်အလှန်ချိတ်ဆက်မှုများပြုလုပ်နိုင်သည်။ သို့သော် ‘FireChat’တွင် အကွာအဝေးအကန့်အသတ်နှင့် အဆုံးနှစ် ဖက်ဝှက်စာစနစ်(End-To-End Encryption)မပါဝင်ခြင်းကြောင့် လုံခြုံရေးအကန့်အသတ်ရှိနေပြန်သည်။

ဘလူးတုသ်(Bluetooth)အခြေခံပြီးအသုံးပြုနိုင်သော အက်ပလီကေးရှင်းများစွာထဲမှအသုံးများ၍၊ အဆုံးနှစ်ဖက်(End-To-End Encryption)လုံခြုံရေးအပြည့် အဝပေးနိုင်သော အက်ပလီကေးရှင်းမှာ ‘Briar’ ဖြစ်ပါသည်။ ‘Briar’၏ထူးခြားချက်မှာ အင်တာနက်ရှိနေစဉ်တွင်လည်း အင်တာနက်ဖွင့်ကာ သာမန်အက်ပလီကေးရှင်းတစ်ခုကဲ့သို့ အသုံးပြုနိုင်ပြီး၊ အင်တာနက်ကန့်သတ်ခံရချိန်နှင့် အင်တာနက်ဖြတ်တောက်ခံရချိန်၌လည်း ဘလူးတုသ်(Bluetooth)ကိုအခြေခံပြီးချိတ် ဆက်မှုများပြုလုပ်နိုင်သည်။ လူ့အခွင့်အရေးလှုပ်ရှားသူများ၊ ဂျာနယ်လစ်များနှင့်လွတ်လပ်စွာချိတ်ဆက်ပြောဆိုမှုပြုလုပ်ချင်သူများအတွက် အထူးဖန်တီးထားသော အက်ပလီကေးရှင်းတစ်ခုဖြစ်သည်။ အပြန်အလှန်အဆက်အသွယ်(Contact)စာရင်းထဲထည့်ထားမှသာ ချိတ်ဆက်နိုင်ခြင်းကြောင့် အပြန်အလှန်ချိတ်ဆက်ပြောဆိုမှုများအကြားက အကြောင်းအရာများပေါက်ကြားခြင်းနှင့်ကြားဖြတ်စောင့်ကြည့်ခြင်းများမှလည်း ကာကွယ်နိုင်သည်။ တစ်ဦးချင်းအပြန်အလှန်ချိတ်ဆက်မှုများသာမက သတင်းအချက်အလက် ဖြတ်တောက်ခံရသောအခြေအနေမျိုးတွင် ဘလော့ခ့်(Blog)များရေးသားပြီး နီးစပ်ရာအကွာအဝေးအတွင်း ရှိနေသော သူများအတွက် သတင်းမျှဝေနိုင်သည်။ ဖိုရမ်(Forum)ပြုလုပ်၍ လူအများပါဝင်ဆွေးနွေးနိုင်သောအစုအဖွဲ့(Group)များပြုလုပ်နိုင်ခြင်းကြောင့် အင်တာနက်ကန့် သတ်ခံရချိန်၊ ဖြတ်တောက်ခံရချိန်နှင့်သတင်းစီးဆင်းမှု ရပ်တန့်သွားချိန်များတွင် အကျိုးရှိစွာ အသုံးပြုနိုင်သည်။

ဘလူးတုသ်(Bluetooth)အခြေခံ၍ ချိတ်ဆက်ရသောအက်ပလီကေးရှင်းများတွင် (၁၀)မီတာအကွာအဝေးဆိုသည့်ကန့်သတ်ချက်နှင့်ဝိုင်ဖိုင်(Wifi)(၁၀၀)မီတာအ ကွာအဝေးဆိုသော ကန့်သတ်ချက်များရှိသည်။ သို့ရာတွင် ‘Briar’၏အားသာချက်မှာ ဖိုရမ်(Forum)/ဘလော့ခ်(Blog)များပြုလုပ်နိုင်ခြင်းကြောင့် ‘Briar’အား အုပ်စုလိုက်ချိတ်ဆက်မှုများပြုလုပ်နိုင်ရန် နည်းလမ်းကျစွာ စနစ်တကျနည်းဗျူဟာများဆွဲထားနိုင်ပါက အင်တာနက်ဖြတ်တောက်ခံရချိန်၊ သတင်းအမှောင်ချခံရသောအခြေအနေများအတွက် အတိုင်းအတာတစ်ခုအထိ အဆင်ပြေနိုင်ပါသည်။

အင်တာနက်ဖြတ်တောက်ခံနေရချိန်တွင် ဆက်သွယ်ရေးနှင့်သတင်းအချက်အလက်စီးဆင်းမှုများအတွက် ဗဟိုချုပ်ကိုင်ထားသော ဆက်သွယ်ရေးလမ်းကြောင်းများမှ ဖောက်ထွက်စဉ်းစားချက်များရှိရန် လိုအပ်ပါသည်။ ဘလူးတုသ်(Bluetooth)အခြေခံသောဆက်သွယ်ရေးအပ်ပလီကေးရှင်းများတွင်လည်း အကွာအဝေးမှာ အကန့်အသတ်တစ်ခုအနေဖြင့်ရှိခြင်းကြောင့် ထိုအပ်ပလီကေးရှင်းများမှတစ်ဆင့် ‘Mesh Network’များအား ကျယ်ပြန့်စွာဖန်တီးနိုင်ရန်နည်းလမ်းများစဉ်း စားရန်လိုအပ်သည်။ လုံခြုံရေးဆိုင်ရာထည့်သွင်းစဉ်းစားချက်အနေဖြင့် အဆုံးနှစ်ဖက်လုံခြုံရေး(End-To-End Encryption)မပါဝင်သော ဘလူးတုသ်အက်ပ် (Bluetooth App)များကိုအသုံးပြုခြင်းဖြင့် ဆက်သွယ်သူနှစ်ဦးအကြားက အပြန်အလှန်ပေးပို့သောအကြောင်းအရာများ ကျိုးပေါက်ပြီး ကြားဖြတ်စောင့်ကြည့်ဖတ်ရှုခံရနိုင်သည်။ ဘလူးတုသ်(Bluetooth)အခြေခံသော အပ်ပလီးကေးရှင်းများပါသည့်အထဲမှ ထိုအားနည်းချက်များကို ထည့်သွင်းစဉ်းစားပါက “လူထုမှလူထုအတွက်ဖန်တီးဖော်ဆောင်သော ‘Mesh Network’” အခြေပြုဆက်သွယ်ရေးအက်ပ်(App)များ လိုအပ်လျက်ရှိသည်။

(၂) Ad Hoc & Mobile Networks

ကြိုးမဲ့ဆက်သွယ်ရေး(WiFi)စနစ်တွင် အခြေခံအဆောက်အအုံရှိပြီးသောကွန်ရက်ပုံစံ(Infrastructure Mode)နှင့်လိုအပ်သလိုစီမံခန့်ခွဲ့,ဖွဲ့စည်းနိုင်မည့်ကွန်ရက်ပုံ စံ(Ad Hoc Mode)ဟူ၍ နှစ်မျိုးခွဲနိုင်သည်။ အခြေခံအဆောက်အအုံရှိပြီးသောကွန်ရက်ပုံစံ(Infrastructure Mode)သည် ဗဟိုထိန်းချုပ်ထားသည့် တသမတ်တည်းပုံစံမျိုးရှိပြီး ဝိုင်ဖိုင်(WiFi)ချိတ်ဆက်အသုံးပြုနိုင်သည့်ဆုံမှတ်ပစ္စည်း(WiFi Access Point)တစ်ခု(သို့မဟုတ်)‘Router’တစ်ခုမှတစ်ဆင့် ဝိုင်ဖိုင်(WiFi) ဆက်သွယ်နိုင်သောစက်ပစ္စည်းများမှ အတူတကွချိတ်ဆက်အသုံးပြုသည့်ပုံစံဖြစ်သည်။ ‘Ad Hoc’ပုံစံမှာ စက်ပစ္စည်းအချင်းချင်းဗဟိုထိန်းချုပ်မှုမရှိဘဲ ချိတ်ဆက်သည့်ပုံစံဖြစ်သည်။ ပုံ(၁)တွင် ကြည့်ရှူပါ။

စက်ပစ္စည်းအချင်းချင်းချိတ်ဆက်ထားသောကွန်ရက်များ
(Mobile Ad hoc Network - MANET)

စက်ပစ္စည်းအချင်းချင်းကွန်ရက်ပြုလုပ်၍ ကြိုးမဲ့ချိတ်ဆက်ခြင်း(Mobile Ad hoc Network - MANET)ဆိုသည်မှာ သမားရိုးကျကွန်ရက်လမ်းစဥ်(Network Topology)မှသွေဖည်ပြီး ချိတ်ဆက်ခြင်းဖြစ်သည်။ ‘MANET’တွင် ကွန်ရက်လမ်းကြောင်းသွားရာနှုန်းမှာ ကန့်သတ်မှုရှိသော်လည်း အမျိုးမျိုးသောဆက်သွယ်မှုလမ်းကြောင်းများ ပြုလုပ်နိုင်သည်။  စက်ပစ္စည်းတစ်ခုချင်းစီသည် လိုအပ်ချက်အပေါ်မူတည်၍ အလိုအလျောက်ပြောင်းလဲနိုင်ပြီး ပင်မအထိုင်(Host)စက်ပစ္စည်းဖြစ်နိုင်သလို လမ်းကြောင်းညွှန်းသောစက်ပစ္စည်း(Router)လည်း ဖြစ်နိုင်သည်။ ကွန်ရက်လမ်းစဉ်အပြောင်းအလဲပြုလုပ်ခြင်းနှင့်အလိုအလျောက်ချိတ်ဆက်ခြင်း၊ ကွန်ရက်ဖွဲ့စည်းပုံရေးသားခြင်း စသောလုပ်ငန်းစဉ်အတွက် လူအနေဖြင့် ဝင်ရောက်လုပ်ဆောင်ရေးသားရသည့်အပိုင်းနည်းအောင်ပြုလုပ်ထားသည်။ ဥပမအားဖြင့် ထိုင်းနိုင်ငံ တက်ခ်ပြည်နယ် မဲဆောက်ခရိုင် စမန်ခီးကျေးရွာ(Samakhi)၌ တက်ခ်နက်(Taknet)အမည်ရှိစီမံကိန်းတွင် ကြိုးမဲ့ကွန်ရက်စနစ်ဖြင့် ချိတ်ဆက်ထားပြီး ရပ်ရွာလူထုပိုင်ကွန်ရက်အနေဖြင့်အသုံးပြုနေခြင်းဖြစ်သည်။ ထိုင်းနိုင်ငံတွင် ၂၀၀၆ ခုနှစ်ဆူနာမီဒဏ်ခံရအပြီး ဘေးဒဏ်သင့်ဒေသများတွင် ဆက်သွယ်ရေးအသုံးပြုရန်အတွက် ဆင်များပေါ်တွင် ကြိုးမဲ့ကွန်ရက်စက်ပစ္စည်းများတင်ဆောင်၍ ဆင်များအား နေရာစုံသို့ သွားလာလှည့်လည်စေပြီး ဆက်သွယ်ရေးရှိစေခဲ့သော ‘ဒမ်ဘိုနက်(DumboNet)စီမံကိန်း’ဟူ၍ ရှိခဲ့သည်။

ရွေ့လျားယာဉ်များအချင်းချင်း ချိတ်ဆက်ထားသောကွန်ရက်များ
(Vehicular Ad Hoc Networks - VANET)

ရွေ့လျားယာဉ်များအချင်းချင်း ချိတ်ဆက်ထားသောကွန်ရက်များ(Vehicular Ad Hoc Networks - VANET)က အထူးပြုလုပ်ထားသော ‘MANET’အမျိုးအ စားဖြစ်ပြီး လမ်းပေါ်၌ရွေ့လျားယာဉ်များ(Nodes)အချင်းချင်းဆက်သွယ်နိုင်သလို သူတို့၏ကွန်ရက်အခြေထိုင်ထားသည့်နေရာနှင့်ဆက်သွယ်ခြင်းမျိုးလည်းရှိသည်။ ပုံ(၂)၌ ယာဉ်ကြောစောင့်ကြည့်ရေးလုပ်ငန်းတွင်အသုံးပြုသော ‘VANET’စနစ်တည်ဆောက်ပုံကို ပြထားသည်။

ပုံ (၂) ယာဉ်ကြောစောင့်ကြည့်ရေးလုပ်ငန်းတွင်အသုံးပြုသော ‘VANET’စနစ်ပြမြေပုံ

‘VANET’ အသုံးပြုသည့်နေရာများ 

  • ဉာဏ်ရည်သုံး ပို့ဆောင်ဆက်သွယ်ရေးစနစ်(Intelligent Transportation Systems - ITS) - 'VANET’စနစ်ကို ရွေ့လျားနေသောယာဉ်များနှင့်လမ်းဘေးကွန်ရက်အခြေထိုင်ထားသည့်အကြား ဆက်သွယ်မှုပြုလုပ်နိုင်အောင်အသုံးပြု၍ ယာဉ်ကြောအခြေအနေများ အချိန်နှင့်တစ်ပြေးညီစောင့်ကြည့်ခြင်း၊ ယာဉ်ပိတ်ဆို့ခြင်းများ လျော့ချနိုင်အောင် ပြုလုပ်ခြင်းနှင့်လမ်းလုံခြုံရေးများတိုးမြှင့်ခြင်း စသည့်နေရာများတွင် အသုံးချနိုင်သည်။ ထို့အပြင် လေထုအရည်အသွေးစောင့်ကြည့်သည့်စနစ်တွင်လည်း အသုံးပြုနိုင်သည်။ 

  • လမ်းညွှန်မှုနှင့်တည်နေရာအခြေပြုဝန်ဆောင်မှုများ - ‘VANET’စနစ်များအားအသုံးပြု၍ ယာဉ်ကြောအခြေအနေများကို ဒရိုင်ဘာများထံသို့ အချိန်နှင့်တစ်ပြေးညီညွှန်ကြားပေးခြင်းဖြင့် ယာဉ်ကြောပိတ်ဆို့မှုအခြေအနေများမှ ရှောင်လွှားနိုင်ပြီး မှန်ကန်သည့်ဆုံးဖြတ်ချက်များဖြင့် လမ်းကြောင်းမှန်ပေါ် သွားလာနိုင်သောအခြေအနေရှိလာသည်။

  • အရေးပေါ်ဝန်ဆောင်မှုများ - ‘VANET’စနစ်ကို ကားမတော်တဆထိခိုက်မှုများနှင့်လမ်းပိတ်ထားခြင်းများ စသည့်အရေးပေါ်အခြေအနေများတွင် အခြားရွေ့ လျားယာဉ်များထံသို့ စာတိုများအမြန်နှုန်းနှင့်ထိရောက်စွာ ပို့ဆောင်နိုင်ရန်အတွက်အသုံးပြုနိုင်သည်။

  • သတင်းအချက်အလက်နှင့်ဖျော်ဖြေရေး(Infotainment)ဝန်ဆောင်များ - ‘VANET’စနစ်သည် စီးနင်းလိုက်ပါသော ခရီးသည်များအတွက် ဂီတနှင့်ရုပ်သံစီးရီးများစသည့် ဖျော်ဖြေရေးနှင့်သတင်းအချက်အလက်ဝန်ဆောင်မှုများ ပံ့ပိုးနိုင်သည်။

လေပေါ်ပျံနိုင်သောယာဥ်များ အချင်းချင်းချိတ်ဆက်ထားသည့်ကွန်ရက်များ
(Flying Ad Hoc Networks via Drones - FANET)

လေပေါ်ပျံနိုင်သောယာဉ်များအချင်းချင်း ချိတ်ဆက်ထားသည့်ကွန်ရက်များ(FANET)မှာ အထူးပြုလုပ်ထားသော ‘MANET’အမျိုးအစားဖြစ်ပြီး ဒရုန်းများ၊ အဝေးမှထိန်းချုပ်နိုင်ပြီး မောင်းသူမပါဘဲအလိုအလျောက်သွားနိုင်သော ဝေဟင်လေကြောင်းယာဉ်များ(UAVs)နှင့် အဝေးမှထိန်းချုပ်ပြီး မောင်းသူမပါဘဲသွားနိုင်သော မြေပြင်ယာဉ်များ(UGVs)စသဖြင့်အသုံးပြုနိုင်ရန် အထူးဒီဇိုင်းပြုလုပ်ထားခြင်းဖြစ်သည်။ ‘FANET’ကို စစ်တပ်နှင့်ကာကွယ်ရေးဆိုင်ရာအရေးပေါ်တုံ့ပြန်ချက်များ၊ နိုင်ငံသားလေကြောင်းပျံသန်းမှုများ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာစောင့်ကြည့်ခြင်းများ၊ စိုက်ပျိုးရေးလုပ်ငန်းများ၊ ရှာဖွေရေးနှင့်ကယ်ဆယ်ရေးလုပ်ငန်းများ၊ အခြေ ခံအဆောက်အအုံစစ်ဆေးခြင်းများ၊ မီဒီယာလုပ်ငန်းများနှင့်ဖျော်ဖြေရေးလုပ်ငန်းများတွင် အသုံးပြုကြသည်။

ပုံ(၃) - ကြိုးမဲ့စနစ်ဖြင့် လိုအပ်သလို စီမံခန်ခွဲ့ ဖွဲ့စည်းနိုင်မည့် ကွန်ရက်ပုံစံအမျိုးမျိုးများ - MANET ၊ VANET နှင့်  FANET များ

(၃) လှိုင်းမြင့်ရေဒီယိုများ (High Frequency Radios)
Radio-Based Communication

လှိုင်းမြင့်ရေဒီယိုဆိုသည်မှာ (၃)မှ (၃၀)မက်ဂါဟာ့ဇ်(Mhz)အတွင်း ကြိမ်နှုန်းများအသုံးပြုပြီးဆက်သွယ်သော ရေဒီယိုဆက်သွယ်ရေးစနစ်များဖြစ်သည်။

လှိုင်းမြင့်ရေဒီယိုများ၏အားသာချက်မှာ ‘VHF(Very High Frequency)’နှင့်‘UHF(Ultra High Frequency)’များကဲ့သို့ မျက်မြင်နယ်ပယ်(Line of Sight)ရှိသောနေရာအတွင်းသာအသုံးပြုနိုင်သည့်ရေဒီယိုများနှင့်မတူဘဲ အိုင်ယွန်နိုစဖီယာ(Ionosphere)အသုံးပြု၍ ရေဒီယိုလှိုင်းများပြန်လှည့်ထုတ်ပေးနိုင်ခြင်း(Sky- wave Propagation)ကြောင့် အလွန်တရာဝေးကွာသည့်နေရာများ(ဥပမာ- ကမ်းလွန်ပင်လယ်ပြင်၊ မြင့်မားသော တောင်ထိပ်များ)တွင်ပင် အသုံးပြုနိုင်သည်။

အိုင်ယွန်နိုစဖီယာ(Ionosphere)ဆိုသည်မှာ နေမှထွက်လာသော အင်အားပြင်းရောင်ခြည်များကြောင့် ကမ္ဘာ့အပြင်လွှာရှိ အက်တမ်နှင့်မော်လီကျူးများ အိုင်ယွန်အဖြစ်ပြောင်းလဲသွားပြီးနောက် အိုင်ယွန်လွှာအဖြစ်ပြောင်းလဲတည်ရှိနေသော လျှပ်စစ်အားသိပ်သည်းစွာပါဝင်သောအလွှာတစ်ခုဖြစ်သည်။ ထိုသို့အိုင်ယွန်အဖြစ်သို့ပြောင်းလဲသောဖြစ်စဥ်(Ionization Process)ကြောင့် ထိုအလွှာသည် ရေဒီယိုလှိုင်းများကို ဆွဲယူဆန့်ထုတ်နိုင်သောဂုဏ်သတ္တိရှိသည်။ အိတ်ချ်အက်ဖ်(HF)ရေ ဒီယိုများသည် မြေပြင်အတားအဆီးများကိုကျော်၍ ရေဒီယိုအချက်အလက်များ ပေးပို့နိုင်သည့်စွမ်းရည်ရှိသည်။ ထို့ကြောင့် အခြားဆက်သွယ်ရေးစနစ်များ ပြတ်တောက်သွားသည့်အခြေအနေမျိုး၌ အိတ်ချ်အက်ဖ်(HF)ရေဒီယိုများသည် ဆက်သွယ်ရေးနည်းလမ်းတစ်ခုအနေဖြင့် နောက်ဆုံးတွင်ကျန်ရှိနေနိုင်သည်။

လှိုင်းမြင့်ရေဒီယိုအသုံးပြုပုံများ

စစ်ရေးနှင့်ကာကွယ်ရေးလုပ်ငန်းများ

မြေပြင်ဆက်သွယ်ရေးအခြေခံအဆောက်အအုံများအား အသုံးပြုစရာမလိုခြင်းကြောင့် နိုင်ငံတိုင်း၏စစ်တပ်များတွင် အိတ်ချ်အက်ဖ်(HF)ရေဒီယိုဆက်သွယ်ရေးကို အသုံးပြုကြသည်။ ဥပမာအားဖြင့် ဗုံးကြဲမှု (သို့မဟုတ်) ဆက်သွယ်ရေးစနစ်များ လိုက်လံဖျက်ဆီးခံရခြင်းကြောင့် အိတ်ချ်အက်ဖ်(HF)ရေဒီယိုများကို မဖြတ်တောက်နိုင်ပဲအသုံးပြုနိုင်သော ဆက်သွယ်ရေးစနစ်တစ်ခုဖြစ်သည်။ မြန်မာနိုင်ငံတွင်လည်း စစ်ရေးတွင် ယခင်ကတည်းက အိတ်ချ်အက်ဖ်(HF)ရေဒီယိုဆက်သွယ်ရေးကိုအသုံးပြုခဲ့ကြသလို ယခုတွင်လည်းဆက်လက်အသုံးပြုနေဆဲဖြစ်သည်။ သြစတြေးလျအမျိုးသားတက္ကသိုလ်က ၂၀၀၄ ခုနှစ်၌ ထုတ်ဝေခဲ့သောစာတမ်းတစ်ခုတွင် မြန်မာစစ်တပ်အသုံးပြုသော ရေဒီယိုဆက်သွယ်ရေးနည်းပညာများကို သုံးသပ်ပြထားပြီး ၁၉၅၀ မှ ၁၉၈၀ ပြည့်နှစ်အတွင်း မြန်မာစစ်တပ်သည် လှိုင်းမြင့်ရေဒီယိုစနစ်များအပါအဝင် အခြားရေဒီယိုစနစ်များကို အများအပြားတင်သွင်းခဲ့သည်ဟု ဖော်ပြထားသည်။ ၂၀၁၈ ခုနှစ်တွင်လည်း သြစတြေးလျနိုင်ငံအခြေစိုက် 'Barrett Communications’ကုမ္ပဏီမှ ‘Barrett 2050 HF Transceiver’, ‘PRC 2090 Manpack’အတွက်လိုအပ်သည့်အပိုပစ္စည်းများအား မှာယူတင်သွင်းခဲ့ကြောင်း ‘Justice for Myanmar’၏ထုတ်ပြန်ချက်တစ်ခုအရ သိရှိရသည်။

လေကြောင်းနှင့်ရေကြောင်းပို့ဆောင်ရေးလုပ်ငန်းများ

သင်္ဘောနှင့်ကမ်းရိုးတန်းဆက်သွယ်မှုများ၊ သင်္ဘောနှင့်သင်္ဘောများအကြားဆက်သွယ်မှုများ၊ အရေးပေါ်လိုင်းများ(Distress Signals)၊ သင်္ဘောများအန္တရာယ်ကျရောက်သည့်အခါ အရေးပေါ်အကူအညီ(SOS)အချက်အလက်ပေးပို့မှုများ၊ မုန်တိုင်းအသိပေးမှုများနှင့်ရေကြောင်းလမ်းညွှန်မှုများအတွက် အိတ်ချ်အက်ဖ်(HF)ရေ ဒီယိုဆက်သွယ်ရေးကို အသုံးပြုကြသည်။ လေကြောင်းကဏ္ဍတွင် လေယာဥ်နှင့်ထိန်းချုပ်တာဝါဆက်သွယ်မှုများနှင့်လေယာဥ်အချင်းချင်းဆက်သွယ်မှုများ စသည်တို့တွင် အိတ်ချ်အက်ဖ်(HF)ရေဒီယိုဆက်သွယ်ရေးကို အသုံးပြုကြသည်။

အပျော်တမ်းရေဒီယို ဝါသနာရှင်လုပ်ငန်းများ

အိတ်ချ်အက်ဖ်(HF)ရေဒီယိုများကို စိတ်ဝင်စားမှုတစ်ရပ်အနေဖြင့် ရေဒီယိုဝါသနာရှင်များကလည်း အသုံးပြုကြသည်။ ထို့အပြင် ကမ္ဘာပျက်ကပ်အတွက် ကြိုတင်ပြင်ဆင်သူများ(Doomsday Preppers)ကလည်း အိတ်ချ်အက်ဖ်(HF)ရေဒီယိုကို အရေးပေါ်ဆက်သွယ်ရေးစနစ်တစ်ခုအဖြစ် ပြင်ဆင်ထားလေ့ရှိကြသည်။

သဘာဝဘေးအန္တရာယ်များနှင့်ကယ်ဆယ်ရေးလုပ်ငန်းများ

မြေငလျင်၊ ဆိုင်ကလုံးမုန်တိုင်းနှင့်ရေကြီးမှုများကြောင့် ဆက်သွယ်ရေးမရနိုင်သောအခါ အိတ်ချ်အက်ဖ်(HF)ရေဒီယိုသည် အရေးပေါ်အသုံးပြုနိုင်သည့်လွယ်ကူပြီး ယုံကြည်ရသောဆက်သွယ်ရေးစနစ်ဖြစ်သည်။ ကယ်ဆယ်ရေးလုပ်ငန်းများဘက်၌ ကြက်ခြေနီ(Red Cross)၊ ကုလသမဂ္ဂ(UN)နှင့်အစိုးရမဟုတ်သောအဖွဲ့အ စည်း(NGOs)များသည် ဒုက္ခသည်စခန်းများနှင့်ကယ်ဆယ်ရေးဌာနများတွင် အိတ်ချ်အက်ဖ်(HF)ရေဒီယိုများကို အသုံးပြုသည်။

သိပ္ပံသုတေသနနှင့် အာကာသသုတေသနလုပ်ငန်းများ

အိုင်ယွန်နိုစဖီယားနှင့်အာကာသမိုးလေဝသသုတေသနများတွင်လည်း အိတ်ချ်အက်ဖ်(HF)ရေဒီယိုက အသုံးဝင်သည်။ အန္တာတိက(Antarctica)ကဲ့သို့ အခြားဆက်သွယ်ရေးနည်းလမ်းများအသုံးပြု၍မရနိုင်သော သိပ္ပံသုတေသနစခန်းများတွင် အိတ်ချ်အက်ဖ်(HF)ရေဒီယိုအသုံးပြုသည်။ ကမ္ဘာမြေနှင့်ဂြိုဟ်တုများ၏ဆက်သွယ်မှုစနစ်များတွင်လည်း အိတ်ချ်အက်ဖ်(HF)ရေဒီယိုကို အသုံးပြုကြသည်။

လှိုင်းမြင့်ရေဒီယိုများ ဝယ်ယူအသုံးပြုမှု

အိတ်ချ်အက်ဖ်(HF)ရေဒီယိုများသည် စစ်ဘက်သုံးပစ္စည်းများထုတ်လုပ်သည့်  ‘Barrett’ကဲ့သို့သော ကုမ္ပဏီများမှဝယ်ယူရရှိနိုင်သကဲ့သို့ ယူနီဆက်(Unicef)ကဲ့သို့ လူမှုကယ်ဆယ်ရေးအဖွဲ့အစည်းများမှလည်း ဝယ်ယူရရှိနိုင်သည်။ သို့သော် စျေးနှုန်းအနေဖြင့်အမေရိကန်ဒေါ်လာ(၂,၀၀၀)ခန့် အနည်းဆုံးရှိသောကြောင့် အရင်းအ နှီးများသည်။ မြန်မာအင်တာနက်ပရောဂျက်(MIP)မှစမ်းသပ်ခဲ့သည့် အိတ်ချ်အက်ဖက်(HF)ရေဒီယိုမှာ အိန္ဒိယအခြေစိုက် ‘HF Signals’ကုမ္ပဏီကထုတ်လုပ်သော ‘sBitx V3’ ရေဒီယိုဖြစ်ပြီး အမေရိကန်ဒေါ်လာ(၄၂၀)ခန့် ကျသင့်သည်။ ယင်းအား လုံခြုံသော ဆက်သွယ်ရေးများပြုလုပ်နိုင်ရန် မက္ကစီကိုအခြေစိုက် ‘Rhizomatica’ အဖွဲ့မှထုတ်လုပ်ထားသော ‘Hermes Software’ဖြင့် တွဲဖက်ပြီး အသုံးပြုနိုင်သည်။ (‘Hermes Software’အသုံးပြုပုံအဆင့်ဆင့်ကို ဤနေ ရာတွင် ကြည့်နိုင်သည်။) ဟာက်ဝဲလ်(Hardware)နှင့်ဆော့ဝဲလ်(Software)များကို ပွင့်လင်းရင်းမြစ်(Opensource)၊ လွတ်လပ်စွာမျှဝေနိုင်သောအခမဲ့နည်းပညာများအား အသုံးပြုထုတ်လုပ်ထားသည့်အတွက်ကြောင့် စျေးကွက်ရှိ အခြားအိတ်ချ်အက်ဖ်(HF)ရေဒီယိုများထက် နှုန်းထားပိုမိုသက်သာသည်။

ဥပဒေရေးရာ

အိတ်ချ်အက်ဖ်ရေဒီယို(HFR adio)များအား တရားဝင်အသုံးပြုမည်ဆိုပါက ဆက်သွယ်ရေးဥပဒေ၊ အခန်း(၄)နှင့် ဆက်သွယ်ရေးလိုင်စင်ဆိုင်ရာနည်းဥပဒေများ၊ ပုဒ်မ(၃၇)အရ လိုင်စင်(Telecommunications Equipment License)လိုအပ်ပါသည်။ သို့သော် နည်းပညာအရဆိုပါက  အိတ်ချ်အက်ဖက်(HF)ရေဒီယိုများ သည် အင်တာနက်၊ ဆင်းကဒ်နှင့်ဖုန်းတာဝါတိုင်စသည့် မည်သည့်ဆက်သွယ်ရေးအဆောက်အအုံမျှမလိုအပ်ဘဲ သတင်းအချက်အလက်များကို ထုတ်လွှတ်၊ ဖမ်းယူနိုင်စွမ်းရှိသည်။  လျှပ်စစ်ဓာတ်အား၊ အင်တင်နာနှင့်အိတ်ချ်အက်ဖ်(HF)ထရန်စ္စတာ(transceiver)တစ်လုံးရှိရုံဖြင့် နိုင်ငံအတွင်းနှင့်နိုင်ငံပြင်ပအထိ ဆက်သွယ်နိုင် သည်။

 

မြန်မာနိုင်ငံ၌ တော်လှန်ရေးကာလအတွင်း လိုင်စင်ရရှိရန် ခက်ခဲသည်။ လိုင်စင်အတွက် အနီးစပ်ဆုံးထိုင်းနိုင်ငံတွင် စာမေးပွဲဖြေ၍ရသည်။ ထိုင်းနိုင်ငံတွင် အိတ်ချ်အက်ဖ်(HF)ရေဒီယိုလိုင်စင်များကို ထိုင်းနိုင်ငံအမျိုးသားထုတ်လွှင့်ရေးနှင့်ဆက်သွယ်ရေးကော်မရှင်(NBTC)က စီမံခန့်ခွဲသည်။ အန်ဘီတီစီ(NBTC)သည် အိတ်ချ်အက်ဖ်(HF)ရေဒီယိုများအပါအဝင် ဆက်သွယ်ရေးပစ္စည်းများနှင့်ဝန်ဆောင်မှုများကို ထိန်းချုပ်ကြီးကြပ်သည့်အာဏာရှိသောအဖွဲ့အစည်းဖြစ်သည်။ ​Radio Amateur Society of Thailand (RAST)က လိုင်စင်ထုတ်ပေးခြင်းနှင့်စာမေးပွဲများအား စီမံခန့်ခွဲပြီး ဝါသနာရှင်ရေဒီယို(Amateur Radio)အသုံးပြုသူများကိုကိုယ်စားပြုသောအဖွဲ့အစည်းလည်းဖြစ်သည်။ ယင်းအတွက် လျှောက်လွှာနှင့်လျှောက်ထားပုံအဆင့်ဆင့်ကို ဤနေရာတွင် ကြည့်နိုင်သည်။

(၄) Hybrid / Internet-Dependent Tools
ဂြိုဟ်တုအင်တာနက်(Satellite Internet)

ဂြိုဟ်တုတစ်လုံး (သို့မဟုတ်) တစ်လုံးထက်ပိုသောဂြိုဟ်တုများအား ‘Router’အနေဖြင့်အသုံးပြု၍ အင်တာနက်ပေးသောဝန်ဆောင်မှုများကို ဂြိုဟ်တုအင်တာနက်ဝန်ဆောင်မှုများဟုခေါ်သည်။ မြန်မာနိုင်ငံအတွက် လက်ရှိအသုံးအဝင်ဆုံးနှင့်လက်တွေ့ အသုံးပြုနေသောဆက်သွယ်ရေးစနစ်များထဲတွင် ဂြိုဟ်တုအင်တာနက်ပါဝင်သည်။

 

ဂြိုဟ်တုအင်တာနက်ဟုဆိုရာတွင် အမျိုးမျိုးရှိသည်။ မည်သည့်ကမ္ဘာပတ်လမ်းအပေါ်တွင် တည်ရှိသည်ဆိုသည့် အချက်ပေါ်မူတည်ပြီး ‘Geostationary Earth Orbit (GEO)’၊ ‘Medium Earth Orbit(MEO)’နှင့်’Low Earth Orbit (LEO)’ဂြိုဟ်တုအင်တာနက်များဟု ခွဲခြားနိုင်သည်။ ဂြိုလ်တုအင်တာနက်များတွင်ပါဝင်သည့်အဓိကအပိုင်းများမှာ ကမ္ဘာပတ်လမ်းကြောင်းပေါ်မှ ကမ္ဘာလုံးဆိုင်ရာဆက်သွယ်ရေးဝန်ဆောင်မှုပေးနိုင်ရန် သတင်းအချက်အလက်များနှင့်ဆစ်ဂနယ်များထုတ်လွင့်ပေးမည့်ဂြိုလ်တုများ၊ ဒေတာထုတ်လွှင့်မှုများနှင့်ဒေတာလက်ခံရရှိမှုများ၊ ကွန်ရက်လုပ်ငန်းစဉ်များပြုလုပ်နိုင်ရန် ဂြိုလ်တုနှင့်ဆက်သွယ်ရေးလုပ်ဆောင်ပေးနေမည့်မြေပြင်အထိုင်ချရုံများနှင့်ဂြိုလ်တုအင်တာနက်ဝန်ဆောင်မှုများ အသုံးပြုနိုင်ရန်အတွက် ပစ္စည်းကိရိယာများဖြစ်သည်။

‘GEO’ ဂြိုဟ်တုအင်တာနက်ဝန်ဆောင်မှုများ

‘Geostationary Earth Orbit’သည် ကမ္ဘာပေါ်မှအဝေးကွာဆုံးဂြိုဟ်ပတ်လမ်းဖြစ်ပြီး အီကွေတာမှကီလိုမီတာ ၃၅,၇၈၆ (မိုင် ၂၂,၂၃၆ ခန့်)အကွာတွင် တည်ရှိ သည်။ ‘GEO’ဂြိုဟ်တုဆက်သွယ်ရေးဝန်ဆောင်မှုများဖြစ်သည့် ‘Thuraya’၊ ‘Inmarsat’နှင့်‘IPStar’တို့သည် ရုံးသုံးကဲ့သို့ နေရာအတည်တကျ အထိုင်အသုံးပြုသည့်အခြေအနေများတွင် အသုံးဝင်သည်။ သို့သော် တစ်နေရာမှတစ်နေရာသို့ သယ်ဆောင်ရန် မလွယ်ကူပါ။ အခြားသောအခက်အခဲများမှာ ဒေတာနှုန်းထားမြင့်မားခြင်း၊ တပ်ဆင်ခြင်းနှင့်ပြုပြင်ထိန်းသိမ်းခြင်းအတွက် အထူးနည်းပညာကျွမ်းကျင်မှု လိုအပ်ခြင်းတို့ဖြစ်သည်။ ‘GEO’ဝန်ဆောင်မှုများ၏ဒေတာနှုန်းထားမှာ(၆၀) ဂီဂါဘိုက်အတွက်ခန့်မှန်းအားဖြင့် အမေရိကန်ဒေါ်လာ(၁၀၀)ခန့်ရှိပြီး၊ မြန်မာနိုင်ငံရှိ အသုံးပြုသူအများစုအတွက် မလွယ်ကူသောစျေးနှုန်းဖြစ်သည်။ တချို့ဒေသများတွင် ဂြိုဟ်တုပစ္စည်းများကို ချိန်ညှိခြင်း (သို့မဟုတ်) ပြုပြင်ထိန်းသိမ်းခြင်းအတွက်နည်းပညာရှင်များကို ငှားရမ်းရန်အချိန်(၁)လခန့် လိုအပ်သည်။ ထိုကဲသို့ ကန့် သတ်ချက်များရှိသော်လည်း ‘GEO’ဂြိုဟ်တုဆက်သွယ်ရေးဝန်ဆောင်မှုများသည် အင်တာနက်ဖြတ်တောက်ခံရသည့်ဒေသများတွင် ဆက်သွယ်ရေးဖြေရှင်းနည်းတစ်ရပ်အဖြစ် အလွန်အသုံးဝင်သည်။

LEO ဂြိုလ်တုအင်တာနက်ဝန်ဆောင်မှုများ

‘Low Earth Orbit (LEO)’ ဂြိုလ်တုဆက်သွယ်ရေးနည်းပညာ၊ အထူးသဖြင့် စတားလင့်ခ့်(Starlink)သည် အင်တာနက်ဖြတ်တောက်မှုများအား ကျော်လွှားနိုင်ရန် မြန်မာနိုင်ငံအတွက် အကောင်းဆုံးနှင့်လူကြိုက်အများဆုံးနည်းလမ်းတစ်ခု ဖြစ်လာခဲ့သည်။ စတားလင့်ခ့်(Starlink)စက်ပစ္စည်းများသည် အခြားဂြိုလ်တုအင်တာနက်များနှင့်နှိုင်းယှဉ်လျှင် ဈေးသက်သာပြီး တပ်ဆင်ရန်နှင့်ထိန်းသိမ်းရန်လွယ်ကူပြီး အလွန်အဆင်ပြေသောကြောင့် မြန်မာနိုင်ငံတွင် စတားလင့်ခ့်(Starlink) သည် ဝယ်လိုအားကောင်းလာခဲ့သည်။ သို့သော်လည်း ပို့ဆောင်ရေးအခက်အခဲများနှင့်စည်းမျဉ်းစည်းကမ်းဆိုင်ရာပြဿနာများကြောင့် စက်ပစ္စည်းများရရှိရန်ခက် ခဲသည်။ ဝယ်လိုအားသည် ရောင်းလိုအားထက်များသောကြောင့် နိုင်ငံ၏အချို့ဒေသများတွင် စတားလင့်ခ့်(Starlink)ဈေးနှုန်းများ အလွန်မြင့်မားခဲ့သည်။ ကုမ္ပဏီ ၏တရားဝင်ဝက်ဘ်ဆိုက်တွင် (၅၉၉)ကန်ဒေါ်လာ(USD)ဖြင့်ရောင်းချသောစတားလင့်ခ့်(Starlink)ဗန်းများသည် မြန်မာနိုင်ငံတွင် ဒေါ်လာ(၁,၀၀၀)မှ(၄,၅၀၀)အထိ ဈေးပေါက်သည်။

“စတားလင့်ခ့်(Starlink)အပြင် အခြားရွေးချယ်စရာများ ရှိပါသလား”ဟုဆိုပါက အတိုချုပ်အဖြေမှာ “မရှိပါ”။ ရရှိနိုင်မှုနှင့်ကုန်ကျစရိတ်အရ ယှဉ်ပြိုင်နိုင်သော အ ခြားဝန်ဆောင်မှုပေးသူများတွင် စတားလင့်ခ့်အပြင် ယနေ့အချိန်အထိ မရှိသေးပါ။ ‘LEO’ ဂြိုလ်တုဆက်သွယ်ရေးလုပ်ငန်းကို စတားလင့်ခ့်(Starlink)က ဦး ဆောင်နေသည်။ ယင်းတို့သည် ကမ္ဘာ့ပတ်လမ်းနိမ့်တွင် ဂြိုလ်တုအများဆုံးပိုင်ဆိုင်ထားသည်။ ၂၀၂၄ ခုနှစ် မတ်လအထိ ကမ္ဘာ့ပတ်လမ်းတွင် စတားလင့်ခ့် (Starlink)ဂြိုလ်တု ၅,၅၀၄ လုံးရှိပြီး (၅,၄၄၂)လုံးမှာလည်ပတ်နေပြီး ကျန်ဂြိုလ်တုများမှာအရန်အတွက်သာဖြစ်သည်။ တစ်ချိန်တည်းတွင် ဒုတိယအများဆုံးဖြစ်သော ‘LEO’ဂြိုလ်တုဆက်သွယ်ရေးဝန်ဆောင်မှုပေးသူ ‘Eutelset/Oneweb’တွင် ၂၀၂၃ ခုနှစ် ဇန်နဝါရီလအထိ ဂြိုလ်တု(၆၃၀)သာရှိသည်။ ‘Geostationary Orbit’တွင် ဂြိုလ်တု(၅၆)လုံးရှိသော ‘Intelsat’သည် ဂျာမန်အစိုးရ၏ရန်ပုံငွေဖြင့် ၂၀၂၃ ခုနှစ်တွင် ယူကရိန်းအား ယူရို(၆.၅)သန်းတန်ဖိုးရှိ ‘Satcube’ဂြိုလ်တုပစ္စည်းများဖြင့် ကူညီခဲ့ဖူးသည်။ သို့သော်လည်း ‘Satcube’ဂြိုလ်တုအင်တင်နာတစ်ခုသည် အနည်းဆုံး(၄၅,၀၀၀)ကန်ဒေါ်လာ ကုန်ကျသည်။ အထူးသဖြင့် မြန်မာပြည်သူများအတွက် ငွေကြေးအရ ဝယ်ယူရန် မဖြစ်နိုင်ပါ။ ထို့ကြောင့် စတားလင့်ခ့်(Starlink)သည် မြန်မာနိုင်ငံတွင် လာမည့်ကာလများအတွက် တစ်ခုတည်းသော ဂြိုလ်တုဆက်သွယ်ရေးနည်းလမ်းအဖြစ် ဆက်လက်တည်ရှိနေမည်။

(၅) နှောင့်နှေးဒဏ်ခံကွန်ရက်များ (Delay Tolerant Networks - DTNs)

‘Delay Tolerant Networks(DTN)’သည် ကွန်ပျူတာကွန်ရက်တည်ဆောက်မှုနည်းလမ်းတစ်ခုဖြစ်ပြီး စဉ်ဆက်မပြတ်ကွန်ရက်ချိတ်ဆက်မှုမရှိသောအခြေအ နေများတွင် ဆက်သွယ်ရေးဆိုင်ရာပြဿနာများကို ဖြေရှင်းရန်ရည်ရွယ်သည်။ ‘DTN’ နည်းပညာကို ‘DARPA (Defense Advanced Research Projects Agency)’မှ ‘NASA (National Aeronautics and Space Administration)’အား ရံပုံငွေထောက်ပံ့ပေးပြီး ဂြိုလ်တုများအကြားဆက်သွယ်နိုင်သော အင်တာနက်(Interplanetary Internet - IPN )တစ်ခုတည်ထောင်စေခြင်းမှ စတင်ဖွံ့ဖြိုးလာသော နည်းပညာတစ်ခုဖြစ်သည်။ ကနဦး ‘NASA’၏ဂြိုဟ်တုများနှင့်နိုင် ငံတကာအာကာသစခန်း(ISS)တို့အကြား ဆက်သွယ်မှုအတွက်လည်း ‘DTN’များကို အသုံးပြုသည်။ ထို့အပြင် ‘DTN’ကို အာကာသဆက်သွယ်ရေးအတွက်သာမ က စစ်ရေးနှင့်တိုက်ပွဲဗျူဟာစနစ်များ၊ ရာသီဥတုဘေးအန္တရာယ်သင့်ဒေသများ ပြန်လည်ထူထောင်ရေးကွန်ရက်များ၊ ယာဉ်တန်းများဖြင့်ဆက်သွယ်ရေးပြုလုပ်ခြင်းများ၊ တောရိုင်းတိရစ္ဆာန်များခြေရာခံခြင်းနှင့်စောင့်ကြည့်ရေးလုပ်ငန်းစဉ်များ၊ ရေအောက်အသံဖြင့်ဆက်သွယ်ရေးကွန်ရက်များ၊ အခြားအာရုံခံခြင်းများပေါ်မူတည်သောကွန်ရက်များနှင့် ဝေးလံခေါင်ဖျားနေရာများနှင့်ကျေးလက်ဒေသများဆက်သွယ်ရေးများတွင်အသုံးပြုနိုင်ရန် ချဲ့ထွင်ရည်ရွယ်လာကြသည်။ ထို့ကြောင့် ပဋိပက္ခအတွင်းဆက်သွယ်ရေးတွင်အလားအလာရှိသည့် မြန်မာနိုင်ငံ၏အစားထိုးဆက်သွယ်ရေးနည်းပညာတစ်ရပ်အနေဖြင့် မြန်မာအင်တာနက်ပရောဂျက်(MIP)မှလေ့ လာထားခြင်းဖြစ်သည်။

ရောက်ရှိရန်ခက်ခဲသော နေရာဒေသများကို ချိတ်ဆက်ဆက်သွယ်ခြင်း

‘DTN’နှင့်ပတ်သက်၍ ပထမဥပမာအနေဖြင့် ‘Site A’ဟုနာမည်ပေးထားသောနေရာတစ်ခုနှင့် ‘Site B’ဆိုသည့်နေရာတစ်ခုစီမှာ သူတို့ကိုယ်ပိုင်ကွန်ရက်ချိတ် ဆက်မှုတစ်ခုစီ ချိတ်ဆက်ထားခြင်း ရှိကြသည်ဆိုပါစို့။ ကနဦး သူတို့အချင်းချင်းအနေဖြင့် ချိတ်ဆက်မှုပြုလုပ်ထားခြင်းမရှိပါ။ ထိုနေရာတွင် ‘DTN’ကိုကြားခံအ သုံးပြု၍ ‘Site A’နှင့်‘Site B’ကြားကို ဆက်သွယ်မှုပြုလုပ်နိုင်သည်။ ‘DTN’က ‘Site A’ မှ ‘Site B’ သို့ ဆက်သွယ်ချင်သည့်အကြောင်းအရာများ(ဗီဒီယို၊ အသံဖိုင်၊ ဓာတ်ပုံ၊ စာသား စသဖြင့်)ကို အထုပ်အပိုး(package)တစ်ခုအနေဖြင့် ပို့ဆောင်နိုင်သည်။ ပုံ (၁) ၊ ပုံ (၂) နှင့် ပုံ (၃)ကို ကြည့်ပါ။

'Site A' မှ 'Site B' သို့ ဆက်သွယ်ခြင်း - ပုံ (၁)။

'Site A' မှ 'Site B' သို့ ဆက်သွယ်ခြင်း - ပုံ (၂)။

'Site A' မှ 'Site B' သို့ ဆက်သွယ်ခြင်း - ပုံ (၃)။

‘DTN’ကိုအသုံးပြုသော အခြားအယူအဆ သဘောတရားတစ်ခုမှာ နေရာနှစ်နေရာမှ ကိုယ်စီပေးပို့လိုသည့် အထုပ်အပိုး (Package)ကို ပေးပို့သည့်လမ်းကြောင်းအလယ်တွင် တွေ့ဆုံ၍ အထုပ်အပိုးဖလှယ်ယူခြင်းဖြစ်သည်။ ပုံ(၄)နှင့်ပုံ(၅)ကို ကြည့်ပါ။

အထုပ်အပိုးဖလှယ်ခြင်းအယူအဆ - ပုံ (၄)။

အထုပ်အပိုးဖလှယ်ခြင်းအယူအဆ - ပုံ (၅)။

ဥပမာ(၁) ဘေးအန္တရာယ်ကျရောက်ပြီးသွားသောနေရာများတွင် သွားလာရေးလွယ်ကူစေရန် မြေပုံဝန်ဆောင်မှုပေးခြင်း

‘DTN’ကို လက်တွေ့ကမ္ဘာတွင်အသုံးပြုသည့်ဥပမာများထဲမှ ပထမတစ်ခုမှာ ဘေးအန္တရာယ်ကျရောက်ပြီးနေရာများတွင် သွားလာရေးလွယ်ကူစေရန် မြေပုံဝန် ဆောင်မှုပေးခြင်းဖြစ်သည်။ ကိုယ်နေထိုင်ရာမြို့ရွာဒေသတွင် ရေလွှမ်းမိုးသည့် ဘေးအန္တရာယ်ကျရောက်ပြီ ဆိုပါစို့။ ပုံမှန်အားဖြင့် သင်နေ့တိုင်းသွားလာနေသည့်လမ်းကြောင်းကို Google Map အသုံးပြုပြီးသွားလာနိုင်သော်လည်း ရေကြီးနေသည်ဆိုပါက သင့်အနေဖြင့် မည်သည့်နေရာ မည်သည့်လမ်းကြောင်းတွင် ရေကြီးခြင်း ဖြစ်ပေါ်နေသည်ကို ရှောင်ဖယ်သွားလာရေးအတွက် သိရှိရန်လိုအပ်လာသည်။ ထိုနေရာတွင် ‘DTN’ကို အသုံးပြုနိုင်သည်။  ၂၀၁၁ ခုနှစ် ဂျပန်နိုင်ငံ အိုဆာကာမြို့ တို့ဟူကူးငလျင်အပြီး အင်တာနက်ပြတ်တောက်သွားချိန်၌ ပုံမှန်ကျောင်း/ရုံး/အလုပ်အတွက် နေ့စဉ်သွားလာနေရသူများတွင် သွားလာရသည့်လမ်းကြောင်းများနှင့်ယင်းတို့ကိုသယ်ယူပို့ဆောင်ပေးသည်များ(ကား/ဆိုင်ကယ်/ရထား/ခြေလျင်)ကိုရွေးချယ်ရန် အခက်အခဲကြုံမှုများ ဖြစ်ခဲ့သည်။ အချိန်နှင့်တစ်ပြေးညီ သွားလာနိုင်ရန် မြေပုံဖော်ပြမှုဝန်ဆောင်မှုတည်ဆောက်ရာတွင် ‘DTN’ နည်းပညာကို အသုံးပြုခဲ့သည်။ ငလျင်ဒဏ်သင့်သည့်အပိုင်းမှ ရပ်ကွက်တစ်ခုချင်းစီတွင်  မိုဘိုင်းလ်ဖုန်း၊ ဂျီပီအက်စ်(GPS)နည်းပညာကိုအခြေခံ၍ ‘MANET’နည်းပညာဖြင့်အချက်အလက်များ စုစည်းချိတ်ဆက်ဝေမျှသည်။ ပြင်ပအနေဖြင့်  အခြားရပ်ကွက်များဖြင့်ချိတ်ဆက်ရန် ‘DTN’နည်းပညာဖြင့် အခြားနေရာတစ်ခုချင်းစီကိုဖလှယ်ပြီး အချိန်နှင့်တစ်ပြေးညီ နောက်ဆုံးရအချက်အလက်များပါဝင်သည့် မြေပုံဝန်ဆောင် မှုကို ပြုလုပ်နိုင်ခဲ့သည်။ ‘DTN’နည်းပညာနှင့် ‘MANET’ နည်းပညာအား အသုံးပြုခဲ့သည့် ဥပမာပုံစံပြကို  ပုံ(၆)တွင် ကြည့်ပါ။

သဘာဝဘေးအလွန်မြေပုံဝန်ဆောင်မှုဥပမာပြပုံ - (၆)။

ဥပမာ (၂) ‘DTN’တွင် အီးမေးလ်ဝန်ဆောင်မှုအသုံးပြုခြင်း

ဒုတိယဥပမာမှာ အင်တာနက်မပါဘဲ ဒေသတစ်နေရာအတွင်း အချင်းချင်းချိတ်ဆက်ထားသောကွန်ရက်(Local Area Network, LAN)တွင် တည်ရှိနေသော အော့ဖ်လ်လိုင်း(Offline)အီးမေးလ်စနစ်အား ‘DTN’ကိုအခြေခံ၍ အင်တာနက်ချိတ်ဆက်ထားသော အီးမေးလ်ဝန်ဆောင်မှုတစ်ခုအဖြစ်အသုံးပြုနိုင်ရန် ချဲ့ထွင်အ သုံးပြုခြင်းဖြစ်သည်။ ထိုသို့အသုံးပြုခြင်းအား မလေးရှားနိုင်ငံရှိ ဝေးလံခေါင်ဖျား ကျေးရွာနှစ်ရွာအကြား လေ့လာမှုတစ်ခုအနေဖြင့် လုပ်ဆောင်ခဲ့သည်ကို လေ့လာတွေ့ရှိရသည်။

 

ပုံ(၇)တွင် ပြထားသည့်အတိုင်း ရွာအေ(A)နှင့်ရွာဘီ(B)သည် အင်တာနက်အသုံးပြုနိုင်အောင်ချိတ်ဆက်ထားသည့်နေရာ တယ်လီစင်တာ(Telecenter)မှအကွာအ ဝေး(၃)ကီလိုမီတာမှ(၄၀)ကီလိုမီတာအထိ အကွာအဝေးတွင် ရှိနေသည်။ ရွာအေ(A)တွင် အင်တာနက်မလိုဘဲအသုံးပြုနိုင်သည့် အော့ဖ်လ်လိုင်း(Offline)အီးမေးလ်ဆာဗာတစ်ခုရှိနေပြီး ရွာဘီ(B)တွင်လည်း တစ်ခုရှိနေသည်။ ရွာအသီးသီးရှိအသုံးပြုသူများအား သူတို့ပေးပို့လိုသည့် အီးမေးလ်လိပ်စာများနှင့်အကြောင်းအရာများကို ကွန်ပျူတာ (သို့မဟုတ်) မိုဘိုင်းလ်ဖုန်းများမှတစ်ဆင့် ရေးပို့စေပြီး ထိုသို့ရေးပို့သည့်အချက်အလက်အကြောင်းအရာနှင့်အီးမေးလ်လိပ်စာများကို သက်ဆိုင်ရာရွာအသီးသီးရှိ အော့ဖ်လ်လိုင်း(offline)ဆာဗာတွင် သိမ်းဆည်းထားသည်။ ကြားခံပေးပို့ရမည့်စက်ပစ္စည်းတွင် အီးမေးလ်အချက်အလက်များကို သိမ်းဆည်းသည့်စနစ်(Databse)တစ်ခုတည်ဆောက်ရေးသားထားပြီး ယာယီသိမ်းဆည်းနိုင်အောင်ပြုလုပ်ထားသည်။ ထိုသတင်းအချက်အလက်တွဲဆက်ပေးမည့်ပစ္စည်းကိုသယ် ယူ၍ ပေးပို့ပေးမည့်လူတစ်ဦးမှ ဆိုင်ကယ်မောင်းနှင်၍ တယ်လီစင်တာ(Telecenter)မှတစ်ဆင့် ထိုရွာများကိုဖြတ်ကျော်၍ အီးမေးလ်အချက်အလက်အကြောင်း အရာများကို အော့ဖ်လ်လိုင်း(Offline)မှတစ်ဆင့် အွန်လိုင်းရောက်ရှိအောင်၊ ပေးပို့လိုသည့်အီးမေးလ်အချက်အကြောင်းအရာများကို သယ်ယူပို့ဆောင်ပြုလုပ်နိုင် သည်။ အလားတူ အင်ဒိုနီးရှားနိုင်ငံတွင်လည်း ‘DTN’ကိုအခြေခံ၍ အီးမေးလ်ဝန်ဆောင်မှုပြုလုပ်ခြင်းကို ရထားလမ်းများမှတစ်ဆင့် ရထားဘူတာတစ်ခုချင်းစီမှ တစ်ခုချင်းစီ အီးမေးလ်အချက်အလက်များနှင့်အကြောင်းအရာများကို ပို့ဆောင်သည့်လေ့လာမှုပြုလုပ်ခဲ့သည်ကို တွေ့ရှိရသည်။

အော့ဖ်လ်လိုင်းဒေတာများကို အွန်လိုင်းအဖြစ်ပို့ဆောင်ပေးခြင်း ဥပမာပေးပုံ - (၇)။

ဥပမာ (၃) DakNet - အီလက်ထရောနစ်စာပို့သမား

တတိယဥပမာမှာ အမ်အိုင်တီ(MIT)တက္ကသိုလ် မီဒီယာလက်ဘ်မှ တီထွင်ဖန်တီး(တည်ဆောက်)ခဲ့သော ‘Daknet’ စီမံကိန်းဖြစ်သည်။  ‘Dak’ ဆိုသည့်စကားအဓိပ္ပာယ်မှာ ဟိန္ဒူဘာသာစကားဖြင့် စာပို့ခြင်း(Post)ဖြစ်သည်။ အိန္ဒိယနိုင်ငံနှင့်ကမ္ဘောဒီးယားနိုင်ငံရှိ ကျေးလက်ဒေသများတွင် ကြိုးမဲ့ကွန်ရက်စနစ်ဖြင့်ဈေးသက် သာမှုအနည်းဆုံးအင်တာနက်ရရှိအောင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။  အင်တာနက်သုံးရန်အခြေခံအဆောက်အုံအပြည့်ရှိသည့်မြို့ပြတွင် အင်တာနက်ဝင်ရောက်နိုင်သည့်စက်ပစ္စည်းကို ပင်မအထိုင်အဖြစ်ထားရှိပြီး အင်တာနက်ချိတ်ဆက်ထားခြင်းမရှိသောရွာများသို့ ဘတ်စ်ကားဖြင့်သွားရောက်၍ အချက်အလက်အကြောင်းအ ရာများဖလှယ်နိုင်ရန်နှင့်ပေးပို့နိုင်ရန် ပြုလုပ်ထားခြင်းဖြစ်သည်။ ရွာတစ်ရွာချင်းစီတွင် ရွာတွင်းကွန်ရက်ချိတ်ဆက်ထားခြင်းရှိပြီး ထိုချိတ်ဆက်မှုများတစ်ဆင့် အ ချက်အလက်များ(အီးမေးလ်၊ စာသား၊ ပုံ၊ ဗီဒီယိုစသဖြင့်)သိမ်းဆည်းရန်ဝန်ဆောင်မှုပေးနိုင်သော စက်ပစ္စည်းအထိုင်(Kiosk)များထားရှိထားသည်။ ထိုစက်ပစ္စည်း (Kiosk)မှတစ်ဆင့်ပေးပို့လို့သော အချက်အလက်အကြောင်းအရာများကို ဘတ်စ်ကားများဖြတ်သန်းသွားလာချိန်၌ ဘတ်စ်ကားပေါ်တွင်သယ်ဆောင်လာသည့် ယာယီသိမ်းဆည်းထားနိုင်သည့် ဆာဗာပါရှိသည့်စက်ပစ္စည်းအထိုင်သို့ သတင်းအချက်အလက်များကို ကြိုးမဲ့ကွန်ရက်စနစ်သုံး၍ လွှဲပြောင်းပေးလိုက်ခြင်းဖြင့် အ ပြန်အလှန်အင်တာနက်ချိတ်ဆက်ထားသည့်နေရာဖြင့် သတင်းများပေးပို့နိုင်သည်။  ရွာအတွင်း ချိတ်ဆက်ထားသည့်ကွန်ရက်နှင့်အင်တာနက်အထိုင်ထားသည့်မြို့ ပြအကြား ‘DTN’အသုံးပြုထားသော အခြေခံအယူအဆသဘောတရားအား မြင်သာအောင်ပုံ(၈)ကိုကြည့်ပါ။ ပုံ(၉)တွင် ဘန်ဂလောမြို့နယ်အတွင်း ‘DakNet’ စီမံ ကိန်းသွားရာ ဘတ်စ်ကားလမ်းကြောင်းကို ဖော်ပြထားည်။

ချိတ်ဆက်မှုအကြောင်း အခြေခံအယူအဆသဘောတရားပြပုံ - (၈)။

ဘန်ဂလောမြို့အတွင်း ဘတ်စ်ကားသွားရာလမ်းနှင့်စီမံကိန်းပြပုံ - (၉)။

အလားတူ ကမ္ဘောဒီးယားနိုင်ငံတွင်လည်း ‘DakNet’စီမံကိန်းကို ကမ္ဘောဒီးယားနိုင်ငံ ဘန်လောင်ပြည်နယ် ကျေးရွာများရှိ အခြေခံပညာကျောင်း(၂၂၅)ကျောင်းကို အင်တာနက်ချိတ်ဆက်အသုံးပြု၍ ဆက်သွယ်နိုင်အောင်ပြုလုပ်ခဲ့သည်။ ‘VSAT’(ဂြိုလ်တု)မှတစ်ဆင့် အင်တာနက်ရရှိအောင်ချိတ်ဆက်ထားသည့်ဆေးရုံမှ အနီးအ နားရှိရွာများသို့ ယာယီသိမ်းဆည်းထားနိုင်သည့်ဆာဗာနှင့်ပါရှိသည့်စက်ပစ္စည်း(Mobile Access Point)များကို မော်တော်ဆိုင်ကယ်ပေါ်တင်၍ ပတ်လည်သွား လာခြင်းပြုလုပ်၍ အင်တာနက်အသုံးပြုနိုင်အောင် ဆောင်ရွက်ထားသည်။ မိုးများရွာသွန်းသည့်ကာလတွင် မော်တော်ဆိုင်ကယ်မသွားလာနိုင်ပါက နွားလှည်းများပေါ်တွင် ‘Mobile Access Point’ကိုသယ်ဆောင်ခြင်းဖြင့် လှည့်လည်သွားလာ၍ ကျောင်းသားများအင်တာနက်ရရှိအောင် ဆောင်ရွက်ခဲ့သည်။ ပုံ(၁၀)တွင် ဆေး ရုံ၊ မော်တော်ဆိုင်ကယ်မောင်းသူနှင့်နွားလှည်းများကို တွေ့ရှိနိုင်သည်။

ဆေးရုံမှအင်တာနက်အသုံးပြုနိုင်ရန် ဆိုင်ကယ်နှင့်နွားလှည်းတို့ဖြင့်ဆောင်ရွက်ပုံ - (၁၀)။

ဥပမာ (၄) United Village - ရပ်ရွာအခြေပြု DakNet ဝန်ဆောင်မှုပေးသူ

၂၀၀၅ ခုနှစ်၌ အိန္ဒိယနိုင်ငံတွင် ‘DakNet’ကိုအခြေခံ၍  ‘United Village’ဆိုသည့် ‘Private’ကုမ္ပဏီမှ ရွာအတွင်းစည်ကားသည့်နေရာရှိ ဓာတ်ပုံဆိုင်၊ လျှပ်စစ်ပစ္စည်းဆိုင်နှင့်အများပြည်သူသုံးတယ်လီဖုန်းဝန်ဆောင်မှုဆိုင်များတွင် အင်တာနက်ချိတ်ဆက်မထားသော်လည်း ဒေသတွင်းကွန်ရက်ချိတ်ဆက်ထားသည့်ကွန်ပျူ တာများ (သို့မဟုတ်) လပ်ပ်တော့များထားရှိပြီး ကြိုတင်သုံးနိုင်သည့်ကဒ်များရောင်းချ၍ အများပြည်သူအင်တာနက်အသုံးပြုနိုင်အောင် ဝန်ဆောင်မှုပေးခြင်းများ ပြုလုပ်ခဲ့သည်။ နောက်ဆုံးရအချက်အလက်များအရ ၂၀၁၈ ခုနှစ်တွင် အိန္ဒိယနိုင်ငံ အိုရီဆာ(Orissa)ပြည်နယ်၌ ကျေးလက်ဒေသများတွင် ‘Daknet’လုပ်ငန်းအ မည်ခွဲ(၆၀)ခုရှိပြီး ခန့်မှန်းချေအသုံးပြုသူပေါင်း(၁,၁၀၀)ကျော် အသုံးပြုနေဆဲဖြစ်သည်။ ပုံ(၁၁)တွင် အိန္ဒိယနိုင်ငံ အိုရီဆာ(Orissa)ပြည်နယ်ရှိ ကျေးလက်ဒေသတစ်နေရာတွင် အများပြည်သူသုံးတယ်လီဖုန်းဝန်ဆောင်မှုဆိုင်ဘေးရှိ ‘United Villages’ကုမ္ပဏီ၏ ‘Daknet’ဝန်ဆောင်မှုပေးသည့်ဆိုင်ကို မြင်နိုင်သည်။

‘United Villages’ကုမ္ပဏီ၏ ‘Daknet’ဝန်ဆောင်မှုပေးပုံ - (၁၁)

အထက်တွင်ဖော်ပြခဲ့သောဥပမာများအရ နှောင့်နှေးဒဏ်ခံကွန်ရက်(DTN)နည်းပညာကို လွန်ခဲ့သည့် ဆယ်စုနှစ်ကတည်းက တကယ့်လက်တွေ့ကမ္ဘာတွင် အောင် မြင်စွာအသုံးပြုခဲ့ပြီး လက်ရှိလည်း အချို့နေရာများတွင် အသုံးပြုနေဆဲဖြစ်သည်။ အသုံးပြုခဲ့သော ဥပမာများအရ နှောင့်နှေးဒဏ်ခံကွန်ရက်တွင် စာသားများပေးပို့ခြင်းနှင့်ဗီဒီယိုဖိုင်များပေးပို့ခြင်းစသည့်များကို အသုံးပြုနိုင်မည်ဖြစ်သည်။ မြန်မာနိုင်ငံ၌ လက်ရှိဖြစ်ပေါ်နေသော ပဋိပက္ခကာလအတွင်း ဆက်သွယ်ရေးခက်ခဲနေချိန်တွင် ရပ်ရွာလူထုကိုယ်တိုင်စီမံခန့်ခွဲနိုင်သည့်အလားအလာရှိသော အစားထိုးဆက်သွယ်ရေးနည်းပညာတစ်ရပ်အနေဖြင့် ‘DTN’ကို ထည့်သွင်းစဉ်းစားနိုင်ပါ သည်။

ဤနည်းပညာလမ်းညွှန်နှင့်ပတ်သက်၍

အသေးစိတ်ထပ်မံသိရှိလိုပါက (သို့မဟုတ်) မိမိဒေသ၌ အကောင်အထည်ဖော်လိုပါက

info@myanmarinternet.info သို့ ဆက်သွယ်နိုင်ပါသည်။

  1. A node is any physical device within a network of other tools that’s able to send, receive, or forward information.

  2. https://www.youtube.com/watch?v=KKJoWReX2go

  3. https://dlisv03.media.osaka-cu.ac.jp/contents/osakacu/youshi/6440.pdf

  4. Mohd Khairub Nasir Bin Sa’ adi, “An Offline Email Implementation Based on Delay Tolerant Network (DTN)”, Master Thesis Universiti Mala

  5. Emir Husni and Agus Urip Ari Wibowo, “E-mail system for Delay Tolerant Network”,International Conference on System Engineering and Technology (ICSET), IEEE, 2012

  6.  https://hd.media.mit.edu/tech-reports/TR-565.pdf

  7. Jerry Watkins, Jo A Tacchi, Kiran Mulenahalli, “The role of intermediaries in the implementation and development of asynchronous rural access Notes in Computer Science · July 2009

bottom of page