top of page

မြန်မာနွေဦး ဒစ်ဂျစ်တယ် တော်လှန်ရေး

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ရက်နေ့တွင် ၂၀၂၀ ရွေးကောက်ပွဲရလဒ်များမှာ တရားမျှတမှုမရှိ ဟူသော တစ်ဖက်သတ်စွပ်စွဲချက်ဖြင့် တပ်မတော်မှ အာဏာသိမ်းပြီးနောက် ၄င်းအာဏာသိမ်းမှုကို ဒီမိုကရေစီလိုလားသော၊ စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်သော ပြည်သူများမှ ဆန့်ကျင်တော်လှန်မှုများသည် ယခုထက်တိုင် အစဥ်တစိုက်ရှိနေခဲ့ကြသည်။ မြေပြင်တွင် ငြမ်းချမ်းစွာဆန္ဒထုတ်ဖော်မှုများ၊ စစ်အာဏာရှင် ဆန့်ကျင်ရေး ပြည်သူ့လှုပ်ရှားမှုများ သာမက ဒစ်ဂျစ်တယ်ရပ်ဝန်းပေါ်တွင် နည်းပညာကို အသုံးချပြီး  အာဏာရှင်ကို ဆန့်ကျင်သည့် လှုပ်ရှားမှုများသည်လည်း အရေးပါသော အာဏာရှင်တော်လှန်ရေး လှုပ်ရှားမှုများဖြစ်လာခဲ့သည်။  ဖေဖော်ဝါရီ ၁ ရက် ၂၀၂၁ ခုနှစ်မှ ဖေဖော်ဝါရီ ၁ ရက် ၂၀၂၂ ခုနှစ်အတွင်း အာဏာသိမ်းသည့် တစ်နှစ်တာကာလတွင်း မြန်မာနွေဦးဒစ်ဂျစ်တယ်တော်လှန်ရေး လှုပ်ရှားမှုများအားလေ့လာကြည့်လျှင် အပိုင်း သုံးပိုင်း ခွဲခြားနိုင်ပါသည် ။

  1. ဒစ်ဂျစ်တယ်နည်းနာအရ ခုခံခြင်း (Digital Resistance) 

  2. အင်တာနက်မှတဆင့် ဒစ်ဂျစ်တယ်နည်းနာအရ ရန်ပုံငွေကောက်ခံခြင်း (Digital Fundraising) 

  3. ဒစ်ဂျစ်တယ်နည်းနာအရ အန္တရာယ်ရှိလာနိုင်သည်များကို ကြိုတင် ကာကွယ်တားဆီးခြင်း (Digital Risk Prevention and Protection) တို့ဖြစ်ပါသည် ။ 

ဒီဂျစ်တယ် နည်းနာအရ ခုခံခြင်း လှုပ်ရှားမှု မှတ်တမ်းများ

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့်ဆန္ဒထုတ်ဖော်မှုများစွာကို မြန်မာတနိုင်ငံလုံးမှ ပြည်သူများမှ နည်းလမ်းမျိုးစုံဖြင့် ဖော်ထုတ်ပြသခဲ့ကြသည် ။ အင်တာနက်စာမျက်နှာများမှတဆင့် မြေပြင်ထက်ထိ စစ်အာဏာရှင်ကိုမလိုလားသူများ ၊  လူ့အခွင့်အရေးလှုပ်ရှားတက်ကြွသူများ နှင့်  ပြည်သူတင်မြှောက်ထားသည့် အစိုးရအဖွဲ့အစည်းမှ တာဝန်ရှိသူများမှ တိုက်တွန်းနှိုးဆော်ခဲ့ကြပြီး ပြည်သူအများအပြားပါဝင်ခဲ့ကြသည့် မှတ်ကျောက်တင်ရမည့် ထင်ရှားသည့်လှုပ်ရှားမှုများစွာရှိခဲ့သည် ။ ထို လှုပ်ရှားမှုများကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ စတင်၍ လစဉ်အလိုက် မှတ်တမ်းကောက်ယူထားခြင်းဖြစ်ပြီး အောက်ပါ အတိုင်းဖော်ပြထားသည် ။

Loading

Please Wait.......

..

Read More
bottom of page