top of page

အန္တရာယ်ကျရောက်ချိန် အသုံးတည့်မည့် အစားထိုး၊ ဒဏ်ခံ ဆက်သွယ်ရေးလမ်းညွှန်

Myanmar Internet Project
Feb 24, 2024
1 min read

Updated: May 23, 2025

နိဒါန်း


မြန်မာနိုင်ငံရှိ ဆက်သွယ်ရေးကွန်ရက်များသည် စစ်ရေးပဋိပက္ခနှင့်သဘာဝဘေးအန္တရာယ်အမျိုးမျိုးများ ကြောင့် ပြတ်တောက်လျက်ရှိသည်။ ထိုသို့ဘေးအန္တရာယ်ကျရောက်ချိန်တွင် သမားရိုးကျဆက်သွယ်ရေးကွန်ရက် များကို ပြန်လည်အသုံးပြုဆက်သွယ်ရန် အခက်အခဲများစွာရှိသည်။ ထို့ကြောင့် မြန်မာ့အင်တာနက်ပရောဂျက်(MIP)သည် အကျပ်အတည်းအကြား မြန်မာနိုင်ငံတွင် အသုံးဝင်နိုင်မည့် သမားရိုးကျ မဟုတ်သော အခြားဆက်သွယ်ရေးနည်းလမ်းများကို လေ့လာခဲ့သည်။


ထိုလေ့လာမှုများအရ သိရှိခဲ့ရသည်မှာ ဆက်သွယ်ရေးနှင့်အင်တာနက်အား နှစ်မျိုးခွဲခြား၍ ဆန်းစစ်ရန်လိုအပ် ကြောင်းဖြစ်သည်။ အင်တာနက်ဆိုသည်မှာ ဆက်သွယ်ရေးနည်းလမ်းများထဲမှတစ်ခုဖြစ်သော်ကြောင့် အင်တာနက်ကို အမြဲတစေရရှိနေရန် လိုအပ်၏ မလိုအပ်၏ကို ပြန်လည်ဆန်းစစ်ရန်လည်း လိုသည်။ နောက်တစ်ချက်မှာ လက်ရှိ မြန်မာနိုင်ငံ၏အခြေခံအဆောက်အအုံများနှင့် နည်းပညာအခြေအနေများအရ အင်တာနက်ရရှိနိုင်မည့် နည်းလမ်းမှာ စတားလင့်ခ်တစ်ခုသာ ကောင်းကောင်းရှိသည်။ ရသမျှနည်းလမ်းဖြင့် ဆက်သွယ်ရေးကွန်ရက်များကို တည်ဆောက်ရာတွင် လည်းကောင်း၊ လက်ခံရာတွင်လည်းကောင်း ကွန်ရက် (ဥပမာ- အင်တာနက်ဝန်ဆောင်မှုပေးခဲ့သော ကုမ္ပဏီများမှ လက်ကျန်ကွန်ရက်များ) လုံလုံလောက်လောက်မရှိခြင်းသည်လည်း အဓိကအဟန့်အတားတစ်ခုဖြစ်နေသည်။ ထို့ကြောင့် မြန်မာနိုင်ငံ၏အနေအထားသည် စိန်ခေါ်မှုရှိသောကွန်ရက် (Challenged Network) နည်းပညာများအား အသုံးပြုပြီး ဆက်သွယ်ရေးကွန်ရက်များကို အောက်ခြေမှအထက်သို့ (Bottom-up) ပြန်လည်တည်ဆောက်ရမည့် အခြေအနေတွင် ရှိသည်။

alternative communication post 1

 
 
 

1 Comment


OliverGibson
Sep 25

I was on https://whitelistcasino.com earlier, and their backup systems made me think about your point that Myanmar's networks need to be rebuilt from the ground up. The way you separate internet from communication is key—even without data, something as simple as local radio or SMS relays could help. In our town, we started a small walkie-talkie group for emergencies, and it’s already proven more reliable than we expected.

Like
bottom of page