ဆိုရှယ်မီဒီယာများအသုံးပြု၍ အကြမ်းဖက်တိုက်ခိုက်မှုများအား မီးစာတင်ခြင်း
စစ်ဝါဒဖြန့်အကောင့်များ၏ လှုံ့ဆော်မှုအခြေပြု လူမှုကွန်ရက်များအား လေ့လာချက်
(က) နောက်ခံအကြောင်းအရာ
၂၀၂၄ ခုနှစ် ဇွန်လ(၂၅)ရက်နေ့၌ တကျော့ပြန်စတင်ခဲ့သော ၁၀၂၇ စစ်ဆင်ရေးဒုတိယလှိုင်းတိုက်ပွဲများသည် ရှမ်းပြည်နယ် မြောက်ပိုင်း နောင်ချို၊ ကျောက်မဲ၊ သီပေါနှင့် လားရှိုး အစရှိသော ဒေသများတွင် ဖြစ်ပေါ်ခဲ့သည်။ ၁၀၂၇ တကျော့ပြန်စစ်ဆင် ရေး(၁)လပြည့်လာချိန်၌ လားရှိုးမြို့တွင် တိုက်ပွဲများပြင်းထန်လာပြီး အရပ်သားပြည်သူများလည်း သေဆုံးခဲ့သည်။ သျှမ်းသံ တော်ဆင့်သတင်းဌာန၏ ဇူလိုင်လ(၂၈)ရက်ဖော်ပြချက်အရ “လက်ရှိတွင် လားရှိုးမြို့ကို အလုံးစုံထိန်းချုပ်ထားပြီဟု ကိုးကန့်တပ်ဖွဲ့က ကြေညာထားသော်လည်း လားရှိုး ရမခ စစ်တိုင်းဌာနချုပ်၊ AT ဝန်တင်တပ်ရပ်း၊ အမှတ်(၆၀၀၇)တင့်ကားတပ်၊ အ မှတ်(၇)အဆင့်မြင့်ဆက်သွယ်ရေးတပ်၊ လျှပ်စစ်နှင့်အင်ဂျင်နီယာတပ်၊ အမှတ်(၃၄၆)အမြောက်တပ်၊ အမှတ်(၆၂၆)ထောက်ပို့တပ်၊ လားရှိုးလေတပ်ဆွယ်တို့ ကျန်ရှိနေသေးသဖြင့် တိုက်ပွဲများဆက်လက် ပြင်းထန်နိုင်ကြောင်း”သိရသည်။ ထို့အပြင် ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးတပ်ဖွဲ့ကလည်း လားရှိုးမြို့သို့ ဝင်ရောက်လာပြီး ပြင်ပဆက်ဆံရေးရုံးနှင့်ပိုင်ဆိုင်မှုများကာကွယ်ရန်အတွက်ဖြစ်သည်ဟု ဘီဘီစီ(မြန်မာပိုင်း)က သတင်းဖော်ပြသည်။
၁၀၂၇ တကျော့ပြန်စစ်ဆင်ရေးနှင့်အတူ မန္တလေးတိုင်းဒေသကြီး မိုးကုတ်၊ မတ္တရာနှင့် စဉ့်ကူး တို့တွင်လည်း မန္တလေးပီဒီအက်ဖ်နှင့်ပူးပေါင်းအဖွဲ့များ ပူးပေါင်းတိုက်ခိုက်နေကြပြီး မတ္တရာမြို့နယ်ထဲက စစ်ကောင်စီတပ်စခန်း(၂၈)ခုနှင့် စဉ့်ကူးမြို့တို့ကို မန္တလေးပီဒီအက်ဖ်က သိမ်းပိုက်နိုင်ခဲ့ကြောင်း ဇူလိုင်လ(၂၄)ရက် ဘီဘီစီ(မြန်မာပိုင်း)သတင်းက ဖော်ပြခဲ့သည်။ ထို့အတူ တအောင်းတပ် တီအဲန်အယ်အေပူးပေါင်းအဖွဲ့ကလည်း ဇူလိုင်လ(၂၄)ရက် ညနေပိုင်း၌ မိုးကုတ်မြို့ကို ထိန်းချုပ်နိုင်ခဲ့ပြီဟု ကြေညာခဲ့သည်။
'ရှမ်း-မန်းစစ်ဆင်ရေး’ဟု လူသိများကြသော ‘၁၀၂၇ စစ်ဆင်ရေးဒုတိယလှိုင်း’သည် မိုးကုတ်မှ မတ္တရာအကြား မိုင် ၁၀၀ ပတ်ချာလည်တွင် ဖြစ်နေခြင်းဖြစ်ကြောင်း၊ စစ်ကောင်စီက ပြန်လည်သိမ်းပိုက်နိုင်ရန် ကြိုးပမ်းနေကြောင်းနှင့် မန္တလေးမြို့အ ထိစစ်မီးကူးလာနိုင်ကြောင်း ဘီဘီစီ(မြန်မာပိုင်း)သတင်းက ဆက်လက်ဖော်ပြထားသည်။
ထိုအကြောင်းများကြောင့် စစ်တပ်ထောက်ခံသူ စစ်တပ်လော်ဘီများနှင့်အမျိုးသားရေးတက်ကြွလှုပ်ရှားသူများသည် စစ်တပ်၏လုပ်ဆောင်ချက်များဖြစ်သော တိုက်ခိုက်ရေးစွမ်းရည်နှင့်ဦးဆောင်မှုစွမ်းရည်များကို မေးခွန်းထုတ်လာကြပြီး အငြင်း ပွားမှုများ၊ အားမလိုအားမရဖြစ်မှုများနှင့်အပြင်းအထန်တိုက်ခိုက်စေလိုမှုများ ရှိလာကြသည်ကို တွေ့ရသည်။ ထိုသို့ဆန္ဒပြင်း ထန်လာကြသည်နှင့်အတူ လက်နက်ကြီးလက်နက်ငယ်များနှင့်လေကြောင်းတိုက်ခိုက်မှုများဖြင့် ပိုမိုပြင်းထန်စွာ တိုက်ခိုက်ရန် လှုံ့ဆော်မှုများအား လူမူကွန်ရက်မီဒီယာများအား အသုံးပြုရေးသားခြင်းနှင့် ရုပ်သံဗီဒီယိုများရိုက်ကူးဖြန့်ဝေခြင်းများကို လုပ် ဆောင်နေကြသည်။
ယခုလေ့လာချက်သည် အဆိုပါလှုံ့ဆော်မှုများကို မည်ကဲ့သို့သောဆိုရှယ်မီဒီယာပလက်ဖေါင်းများကိုအသုံးပြု၍ အဓိ ကဆောင်ရွက်နေသည်နှင့် ဆိုရှယ်မီဒီယာပလက်ဖောင်းများ၏ လူမှုကွန်ရက်စံနှုန်းများကို အကောင်အထည်ဖော်မှုများအား ကျော်လွှားသည့် မဟာဗျူဟာများအား အထူးပြုလေ့လာထားခြင်း ဖြစ်ပါသည်။
(ခ) ပဋိပက္ခကို တိုက်ရိုက်လှုံ့ဆော်ခြင်း
သတင်းမီဒီယာအမည်ခံ စစ်လော်ဘီများနှင့် အမျိုးသားရေးတက်ကြွလှုပ်ရှားသူများ၏
လူမှုကွန်ရက်ကိုအသုံးပြု၍ အကြမ်းဖက်တိုက်ခိုက်ရန်လှုံ့ဆော်မှုများ
မြောက်ပိုင်းသုံးဖွဲ့နှင့် မဟာမိတ်များ၏တကျော့ပြန်ထိုးစစ် ပြင်းထန်လာချိန်တွင် စစ်တပ်ကိုထောက်ခံသော ဝါဒဖြန့်ချိရေးလုပ် ငန်းများတွင် ရှေ့တန်းကပါဝင်နေသော သတင်းမီဒီယာအမည်ခံ အမျိုးသားရေးသမားများနှင့် အမျိုးသားရေးတက်ကြွလှုပ်ရှားသူများက စစ်တပ်၏တုန့်ပြန်မှုသည် ပျော့ပြောင်းသည်ဟုဆိုကာ ပြင်းပြင်းထန်ထန်တုံ့ပြန်တိုက်ခိုက်ရန်နှင့် အဖျက်စွမ်းအားပြင်းလက်နက်များအသုံးပြုရန် လှုံ့ဆော်ခဲ့ကြသည်။
သတင်းမီဒီယာအမည်ခံ စစ်လော်ဘီများနှင့် အမျိုးသားရေးတက်ကြွလှုပ်ရှားသူများအနက် လူမှုကွန်ရက်မီဒီယာပေါ်၌ လက်ရှိအခင်းအကျင်းအပေါ်လှုံ့ဆော်မှု အများဆုံးပြုလုပ်သူများမှာ သတင်းမီဒီယာအမည်ခံချန်နယ်များ ဖွင့်လှစ်ဆောင်ရွက်နေသည့် ကိုသက်၊ မှိုင်းဝေ၊ ကျော်စွာ၊ သဇင်ဦး၊ မပုတု(မဟာသွေး)၊ ကျော်စိုးဦး၊ ကျော်မျိုးမင်း၊ နောင်တော်လေး၊ ပေါက်ကိုယ် တော် (ခ) အမျိုးသားရေးဆရာတော်နှင့်ဇော်ဘုန်းဟိန်းတို့ ဖြစ်သည်။
အဆိုပါ အမျိုးသားရေးသမားဆိုသူများသည် လေကြောင်းနှင့် လက်နက်ကြီးပစ်ကူပေးရန်နေရာများကို တောင်းဆိုခြင်း၊ စစ်တပ်နှင့်တိုက်ခိုက်နေသည့်အဖွဲ့အစည်းများ၏ နောက်တန်းစခန်းများရှိရာ မြို့ရွာများကို ပစ်မှတ်ထား၍ ဗုံးကြဲတိုက် ခိုက်ခိုင်းခြင်း၊ တိုက်ပွဲဝင်နေသည့် စစ်သားများ စိတ်ဓာတ်တက်ကြွစေရေးဆောင်ရွက်ခြင်းနှင့် စစ်တပ်၏ဆန့်ကျင်ဘက်အဖွဲ့အစည်းများကို ထောက်ခံသူများအား ခြိမ်းခြောက်ဖမ်းစီးခိုင်းခြင်း စသည်တို့ကို ဆောင်ရွက်ကြပြီး လူမှုကွန်ရက်ကိုအသုံးပြု၍ ဆန့်ကျင်ဘက်အဖွဲ့အစည်းများ၏သတင်းအချက်အလက်များအား ထောက်လှမ်းသတင်းပေးခြင်းတို့ကိုလည်း ဆောင်ရွက်ကြသည်။
စစ်တပ်၏လေကြောင်းကတစ်ဆင့် ဗုံးကြဲတိုက်ခိုက်မှုများကို အားရကျေနပ်စွာဖြင့် အောင်ပွဲခံနေမှုများသည်လည်း လူမှုကွန်ရက်မီဒီယာများပေါ်တွင် အများအပြားပျံနှံ့လျက်ရှိသည်။ အများစုသည် တယ်လီဂရမ်နှင့်တစ်တော့ခ့်တို့၌ ပျံနှံ့လျက်ရှိနေ သည်။ ထို့ကြောင့် ယင်းတို့အား လေ့လာသုံးသပ်ကြည့်ရာတွင် တစ်တော့ခ်လူမှုကွန်ရက်ကို အများဆုံးအသုံးပြု၍ ဖြန့်ဝေခဲ့ကြသည်ကို တွေ့ရသည်။ ယင်းအများဆုံးဖြန့်ဝေသူများသည် အမျိုးသားရေးဝါဒီများဖြစ်နေသည်။ တယ်လီဂရမ်အသုံးပြု၍ ဗုံးကြဲတိုက်ခိုက်ရန် လှုံဆောင်သူများသည် စစ်တပ်ဝါဒဖြန့်ချိရေးဦးဆောင်နေသူများဖြစ်သည်။
အမျိုးသားရေးသမားများ၏ ပဋိပက္ခလှုံ့ဆော်မှုများ
ရက်စွဲ | လှုံ့ဆော်သူ | လှုံ့ဆော်မှု အထောက်အထား | လှုံ့ဆော်သော ဇာတ်ကြောင်း | ပဋိပက္ခဖြစ်ပွားရာဒေသ | အခြေပြုလူမှုကွန်ရက် |
၂၉/၆/၂၄ | ကျော်စိုးဦး | ‘အသံကျယ်ကျယ် ဟစ်နိုင်ရန် တပ်မတော်အနေဖြင့် လုပ်ပြသင့်၊ ရဟတ်ယာဉ်တစ်စီး ဖြင့် တိုက်ခိုက်နေသည်ထက် များများသေစေရန် သုံးစီးလောက်ဖြင့် ပစ်သင့်ကြောင်း’ | လားရှိုး | Telegram | |
၃၀/၆/၂၄ | ပေါက်ကိုယ်တော် | "အာဘာ" စက်ရုံရဲ့ ဘယ်တောင်နီမှာ ပလောင်အင်အားဟာ အနည်းဆုံး ငါးရာနဲ့ ခြောက်ရာကြားမှာရှိတယ်။ ခင်ဗျားတို့ရဲ့ ပေါင်ငါးရာ ပေါင်တစ်ထောင်တွေက ဘာလုပ်ထားတာလဲ" | မတ္တရာ | TikTok | |
၁/၇/၂၄ | ပေါက်ကိုယ်တော် | "ဘုန်းကြီးကျောင်းကို နောက်မှ ပြန်ဆောက်ပေးလိုက်။ ကျောက်မဲလိုမျိုး လေယာဉ်နှစ်စီးသုံးစီး လာကြဲဖို့ လိုအပ်တယ်" | နောင်ချို | TikTok | |
၃/၇/၂၄ | မပုတု | "တပ်မတော်က မြောက်သုံးကောင်ကို အပြတ်ဆော်ပေးဖို့ ပြည်သူတယောက်အနေနဲ့တောင်းဆိုပါတယ်။ တိုက်တွန်းပါတယ်။ " | လားရှိုး | TikTok | |
၄/၇/၂၄ | ပေါက်ကိုယ်တော် | "ထိရောက်စွာစစ်ကူပေးဖို့လိုအပ်ပါတယ်။ လေယာဉ်ဟာလည်း ထိရောက်စွာချေမှုန်းနိုင်ဖိုလိုအပ်ပါတယ်" | မတ္တရာ | TikTok | |
၄/၇/၂၄ | ကျော်စိုးဦး | "မြေကျန်ရင် ရပြီ၊ အဆောက်အဦးက ပြန်ဆောက်လို့ရတယ်" | စဉ်ကူး | Telegram | |
၁၀/၇/၂၄ | ဇော်ဘုန်းဟိန် | “ကျွန်တော်ပြောချင်တာ နောင်ချို တမြို့လုံးကိုဗုံးကြဲလိုက်မြေကျန်ရင်ရပြီ။” | နောင်ချို | TikTok | |
၁၅/၇/၂၄ | မပုတု(မဟာသွေး) | "တိုင်းရင်းသားအမည်ခံထားတဲ့ ပြည်ပဩဇာခံတွေကို အပစ်မရပ်ချင်ပါဘူး အမြစ်ပဲဖြတ်ချင်ပါတယ်။ ဒါ့ကြောင့်တပ်မတော်က အပစ်မရပ်ဘဲ အမြစ်ဖြတ်ပေးပါ" | လားရှိုး | TikTok | |
၁၅/၇/၂၄ | ဇော်ဘုန်းဟိန် | “သွားကြဲလိုက်ဘာမှမခက်ခဲဘူး။ နိုင်ငံမှာရှိတဲ့ လက်နက်အင်အား လူအင်အားနဲ့ အကုန်သုံးပြီး အမှုန့်ကြိတ်ပစ်လိုက်။ ဗမာဆိုတာဘာလဲဆိုတာသိသွားအောင်“ | လားရှိုး | TikTok | |
၁၉/၇/၂၄ | ဇော်ဘုန်းဟိန် | “စစ်ကိုစစ်နဲ့တူအောင်တိုက်ပါ။ မြေပြင်ကသတင်းကိုပေးဖို့ ကျွန်တော်တို့တာဝန်ထား” | လားရှိုး | TikTok | |
၂၃/၇/၂၄ | ဇော်ဘုန်းဟိန် | “ရမခအတွက် ဟိုက်ဒရိုဂျင်ဗုံးသုံးလုံးပဲလိုတယ်။ အဲ့ဒီဟိုက်ဒရိုဂျင် တစ်လုံးကို အမေရိကန်ဒေါ်လာ သုံးသန်း တန်တယ်။ သုံးလုံးကြဲရင် ဒီစစ်ပွဲပြတ်တယ်။” | လားရှိုး | TikTok | |
၂၄/၇/၂၄ | ဇော်ဘုန်းဟိန် | “ မီးလောင်ဗုံးတွေ cluster bomb တွေ အကြမ်းဖက်သမားတွေရှိတဲ့ မြို့တွေကို ကြဲကို ကြဲရမှာ” | လားရှိုး | TikTok |
စစ်တပ်ဝါဒဖြန့်အကောင့်များ၏ ပဋိပက္ခလှုံ့ဆော်မှုများ
ရက်စွဲ | လှုံ့ဆော်သူ | လှုံ့ဆော်မှု အထောက်အထား | လှုံ့ဆော်သော ဇာတ်ကြောင်း | ပဋိပက္ခဖြစ်ပွားရာဒေသ | အခြေပြုလူမှုကွန်ရက် |
၂၉/၆/၂၄ | ကျော်စွာ | " အခု အချိန် လောက်ကိုင် သိန္နီ ရှမ်းမြောက်မြို့တွေကို လွတ်လပ်စွာ ဗုံးကြဲ တိုက်ခိုက်ခွင့် ရှိနေပါပြီ" | လောက်ကိုင် | Telegram | |
၂၉/၆/၂၄ | ကျော်စွာ | "သီပေါ ကို mndaa ဝင်တာမှန်ရင် လောက်ကိုင်ကို ဗုံးပြန်ကြဲဖို့ လိုပါတယ်" | လောက်ကိုင် | Telegram | |
၂၉/၆/၂၄ | ကျော်စွာ | "မိုးကုတ်က နီပိတ်အားပေးမြို့နော် မြေကြီးကျန်ရင်ရပြီ ၊ လူမကျန်နဲ့ အဆောက်အဦးမကျန်နဲ့ ရတယ်" | မိုးကုတ် | Telegram | |
၂၉/၆/၂၄ | ကိုသက် | "ဝ"က ဘာစောက်ချိုးလဲ? အကုန်ဗုံးကြဲပစ် .. မြေကျန်ရင် ရပြီ | ပန်ဆန်း | Telegram | |
၃၀/၆/၂၄ | ကျော်စွာ | ကွမ်လုံဆေးရုံထဲမှာ mndaa အများအပြားဆေးကုနေပါသည် အရပ်သား မရှိပါ။ ဗုံးကြဲ ရင် အကောင်းဆုံး အချိန်ကာလပါ။ | လားရှိုး | Telegram | |
၃/၇/၂၄ | ကိုသက် | "သံလွင်မှာလည်း ရွာသားတွေမရှိတော့ဘူး .. အသားဝါတွေ ချည်းပဲ ..နယ်ချဲ့ကျူးကျော်တွေကို ချေမှုန်းပစ်" | လားရှိုး | Telegram | |
၃/၇/၂၄ | ကျော်စွာ | "လောက်ကိုင်က စပြီး သောင်းကျန်း သူသိမ်းထားတဲ့ မြို့တွေကို အုပ်စုဖွဲ့ ဗုံးကြဲ ဖို့လိုပါတယ်" | လောက်ကိုင် | Telegram | |
၃/၇/၂၄ | သဇင်ဦး | ရမခ မှာ ရန်သူ့တိုက်စစ်အင်အား အရှိန်လျော့စေချင်ရင် ဟိုတလောကမှ အသစ်တင်ထားတဲ့ မပည ၆ နေရာက ၃ နေရာလောက်ကို ပေါင် ၁၀၀၀ နဲ့ ဆော်လိုက် | လားရှိုး | Telegram | |
၃/၇/၂၄ | သဇင်ဦး | အက်လယ်....Thazin Oo Telegram က သတင်းတွေကို တာဝန်ရှိသူ လူကြီးတွေ စောင့်ကြည့်နေတယ်ဆိုတာ ယုံသွားပြီ | လားရှိုး | Telegram | |
၄/၇/၂၄ | မှိုင်းဝေ | သံလွင်ရွာမှပြည်သူ မရှိ အကြမ်းဖက်အဖွဲ့တွေနဲ့ ခေါင်းဆောင်ပိုင်းတွေသာရှိ။ သံလွင်ရွာကို ဗုံးကြဲပေးပါ။ | လားရှိုး | Telegram | |
၄/၇/၂၄ | မှိုင်းဝေ | “ ရေနံ့သာစခန်း လေကြောင်းပစ်ကူလို။ ဘေးပတ်လည်အကုန်ဗုံးကြဲနိုင် “ | မတ္တရာ | Telegram | |
၄/၇/၂၄ | မှိုင်းဝေ | "လောက်ကိုင်က စပြီး သောင်းကျန်း သူသိမ်းထားတဲ့ မြို့တွေကို အုပ်စုဖွဲ့ ဗုံးကြဲ ဖို့လိုပါတယ်" | လောက်ကိုင် | Telegram | |
၄/၇/၂၄ | မှိုင်းဝေ | နမ့်ပေါင်ကို ယခု ဗုံးကြဲပြီး ပစ်ကူပေးသွား။ သံလွင်ရွာကို ကြဲလား မကြဲလား မသိရသေး။ | လားရှိုး | Telegram | |
၄/၇/၂၄ | မှိုင်းဝေ | နမ့်ပေါင်မှာတော့ လေယာဉ်နဲ့ တီးပေးလိုက်ပြီ။ များများတီးပေးပါ။ | လားရှိုး | Telegram |
(ဂ) အကြမ်းဖက်မှုများအား တရားထူထောင်ခြင်း
Vote for Bomb
တရုတ်နယ်စပ် လားရှိုး၊ လောက်ကိုင်အပါအဝင် ပထဝီနိုင်ငံရေးအရ အကဲဆတ်သည့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တော်လှန် ရေးလက်နက်ကိုင်အဖွဲ့များ ထိန်းချုပ်ထားသည့်နေရာများအား လေကြောင်းတိုက်ခိုက်ခြင်းအတွက် လုံလောက်သည့်အ ကြောင်းအကျိုးတည်ဆောက်မှုအား စစ်တပ်ဝါဒဖြန့်ချိရေး၏နောက်ကွယ်တွင်ရှိနေသည်ဟု ယူဆရသည့် နရီမိုးနှင့်ကိုသက် အပါအဝင်ချန်နယ်များက ၎င်းတို့၏ထောက်ခံသူများအား ဆန္ဒသဘောထားခံယူခြင်းများအား Telegram poll ကို အသုံးပြု ၍ဆောင်ရွက်ခဲ့သည်ကို တွေ့ရသည်။
အဆိုပါ ဆန္ဒခံယူမှုများတွင် တော်လှန်ရေးတပ်ဖွဲ့များ၏နောက်တန်းစခန်းများရှိသည်ဟု ယူဆရသည့် မြို့များကို လေ ကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ရန်နှင့် စစ်တပ်အား မထောက်ခံသည့် ပြည်သူများအား ဖမ်းဆီးသတ်ဖြတ်ရန်တို့အတွက် ဆန္ဒသဘောထားခံယူခြင်းများ ဆောင်ရွက်ခဲ့သည်ကို တွေ့ရသည်။
"ဗုံးကြဲတိုက်ခိုက်ရန် ဆန္ဒသဘောထားခံယူခြင်း"
နရီမိုး
မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့များနှင့်ပတ်သက်၍
၁။ ၎င်းတို့၏ ဌာနချုပ်နေရာများကို ဗုံးကြဲတိုက်ခိုက်ပါ
၂။ စစ်ပွဲ ရပ်တန့်ရန်အလို့ငှာ နေပြည်တော်သို့ ဖိတ်ခေါ်၍
ငြိမ်းချမ်းရေးဆွေးနွေးပါ
၃။ စစ်ပွဲရပ်တန့်ရန် တရုတ်အစိုးရအား ကြားဝင်စေ့စပ်ခိုင်းပါ
"ဆန့်ကျင်ဘက်အားပေးသူများအား သတ်ဖြတ်ရန်အတွက် ဆန္ဒသဘောထားခံယူခြင်း"
View of Sue
အားလုံးငြိမ်သွားရင် သူပုန်တွေကို မြို့သိမ်းဖို့ခေါ်တဲ့ သစ္စာဖေါက် လောက်ကောင် ဗမာတွေကို ရှင်းလင်းရေး (လုပ်မယ်ဆို အခုကတည်းက မန့်တွေ၊ ဒေတာတွေ သေချာသိမ်းထားပါ Screenshot ထက် screen recording က ပိုခိုင်မာသည် )
၁။ လုပ်သင့်
၂။ မလုပ်သင့်
" ဗုံးကြဲတိုက်ခိုက်ရန် ဆန္ဒသဘောထားခံယူခြင်း"
နရီမိုး
တရုတ်ရဲ့ တောင်းဆိုချက်ကြောင့် ၅ရက်တာကာလ စစ်ပွဲရပ်မဲ့ MNDAA ရဲ့ အပြုအမူအပေါ်
၁။ လောက်ကိုင်ကို ဆက်ပြီး ဗုံးကြဲပါ
၂။ MNDAA က တိုက်ပွဲရပ်သလို ကိုယ်လည်း တိုက်ပွဲရပ်ပါ
၃။ တရုတ်ကြားဝင်စေ့စပ်မှုကို စောင့်ပါ
" ဗုံးကြဲတိုက်ခိုက်ရန် ဆန္ဒသဘောထားခံယူခြင်း"
နရီမိုး
ဂုဏ်သိက္ခာအရ ၂နည်းပဲ ရှိတယ်
၁။ လားရှိုးပေးမလား
၂။ နမ့်ဆန်နဲ့ လောက်ကိုင်ကို ပြာချ မလား
(ဃ) အဓိကကျသော ဇာတ်ကောင်များ
အမျိုးသားရေးသမားများ
နောင်တော်လေး၏ ဆိုရှယ်မီဒီယာစာမျက်နှာများ Telegram - https://shorturl.at/lrJAb, https://shorturl.at/jqgi8, TikTok - https://shorturl.at/f0ciO | နောင်တော်လေး ‘နောင်တော်လေး’သည် ဆိုရှယ်မီဒီယာအကောင့်(၁၃)ခုကို သုံးစွဲနေပြီး ယင်းတွင် Telegram ချန်နယ် (၂)ခုနှင့် TikTok အကောင့်(၁)ခုတို့ပါဝင်ပြီး ကိုယ်ရေးကိုယ်တာနှင့် ၄င်းထူထောင်ထားသော မီဒီယာအမည်ခံအတွက် သုံးစွဲသည်။ သူ့အနေဖြင့် ဖေ့ဘွတ်ခ့်(Facebook)နှင့် ယူကျူ့(YouTube)တို့ကို သုံးစွဲခဲ့သော်လည်း အဆိုပါ လူမှုကွန်ရက်များက ၄င်းတို့၏လူမှုကွန်ရက်ဆိုင်ရာမူဝါဒများကို ချိုးဖောက်မှုကြောင့် နောင်တော်လေး၏ အကောင့်များအား ပလက်ဖေါင်းမှ မကြာခဏ ဖယ်ရှားခဲ့သဖြင့် လက်ရှိအချိန်တွင် နောင်တော်လေးနှင့် ၄င်း၏မီဒီယာအမည်ခံ Myanmar National Post တို့တွင် သက်ဝင်လှုပ်ရှား(active)ဖြစ်သော ယူကျူ့(YouTube)နှင့် ဖေ့ဘွတ်ခ့်(Facebook)ချန်နယ်များ မရှိပါ။ နောင်တော်လေးသည် သူ၏သက်ဝင်လှုပ်ရှားနေစဲ တယ်လီဂရမ်(Telegram)ချန်နယ်ကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလတွင် ဖွင့်ခဲ့ပြီး၊ တစ်တော့ခ့်(TikTok)ချန်နယ်ကို ၂၀၂၁ ခုနှစ် မတ်လတွင် ဖွင့်လှစ်ထားသည်။ သူ၏ချန်နယ်တွင် သူသည် အမျိုးသားရေးသတင်းသမားဖြစ်ကြောင်း ဖော်ပြထားပြီး သူ၏ ကိုယ်ရေးကိုယ်တာချန်နယ်နှင့် မီဒီယာချန်နယ်တို့တွင် အချက်အလက်တူ အကြောင်းအရာများကို တပြိုင်တည်း လွှင့်တင်လေ့ရှိသည်။ တယ်လီဂရမ်(Telegram)တွင် သူသည် စစ်တပ်ကိုယ်စားပြုနှင့် ပြည်ခိုင်ဖြိုး ကိုယ်စားပြုချန်နယ်(၄၂)ဖြင့် ပူးပေါင်းလုပ်ဆောင်လျက်ရှိပြီး သူ၏ဘက်လိုက်သောမီဒီယာ Myanmar National Post အပါအဝင် အခြားအကောင့်(၁၂)ခုကိုလည်း ထပ်ဆင့်ဖြန့်ဝေခြင်းနည်းဖြင့် လူသိများရန်နှင့် သတင်းပျံ့နှံမှု အားကောင်းရန် ပြုလုပ်ပေးလေ့ရှိသည်။ |
မပုတု၏ ဆိုရှယ်မီဒီယာစာမျက်နှာများ Telegram - https://shorturl.at/XO0YN , https://shorturl.at/Btrv3 TikTok - https://shorturl.at/nnAjl Facebook - https://shorturl.at/lYbVo , https://shorturl.at/CtP9P , https://www.facebook.com/100056770241093 | မပုတု (ခ) မဟာသွေး မပုတု (ခ) မဟာသွေးသည် ရန်ကုန်မြို့၌ နေထိုင်သော ထင်ရှားသော အမျိုးသားရေး လှုပ်ရှားသူများထဲက တစ်ဦး ဖြစ်သည်။ ၎င်းသည် အရှင်သုစိတ္တနှင့် နောင်တော်လေးတို့နှင့် ဆက်နွယ်မှု ရှိသည်။ ၎င်းသည် TikTok ပေါ်တွင် နာမည်ကြီးလာခဲ့ပြီးနောက် နောင်တော်လေး၏ မီဒီယာအမည်ခံ Myanmar Nationalist Post (MNP) နှင့် ချိတ်ဆက်ကာ MNP ၏ နေ့စဉ် ရုပ်သံအစီအစဉ် တစ်ခုတွင် အချက်အလက်စစ်ဆေးသူအစီအစဉ်ဖြင့် ပါဝင်နေသည်။ မပုတုသည် စစ်တပ်နှင့် ဆန့်ကျင်ဘက် အဖွဲ့အစည်းများအား အမြစ်ပျက် ချေမှုန်းရန်အပါအဝင် လှုံ့ဆော်မှုများ အား တစ်တော့ခ့်(TikTok)နှင့် တယ်လီဂရမ်(Telegram)တို့ကို အခြေပြု၍ အဓိကဆောင်ရွက်လျက်ရှိပြီး ဖေ့ဘွတ်ခ့်(Facebook)တွင်လည်း ပြန်လည် မျှဝေလေ့ရှိသည်။ |
ပေါက်ကိုယ်တော်၏ ဆိုရှယ်မီဒီယာစာမျက်နှာများ Telegram - https://t.me/PaukSayartaw TikTok - https://www.tiktok.com/@paukkotaw865 YouTube - https://www.youtube.com/channel/UCPabpIKBgjAj55E-4shmnDw | ပေါက်ကိုယ်တော် ပေါက်ကိုယ်တော်သည် ထင်ရှားသော အမျိုးသားရေးတက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်ပြီး မဘသ အဖွဲ့ဝင်လည်း ဖြစ်သည်။ ၂၀၂၁ အာဏာသိမ်းမှုနောက်ပိုင်းတွင် ပေါက်ကိုယ်တော်သည် စတင်ထင်ရှားလာပြီး စစ်သားများအား အစားအသောက်နှင့် ငွေကြေးထောက်ပံ့မှု အပါအဝင် စစ်တပ်၏ ဝါဒဖြန့်ချီရေးတွင် ထဲထဲဝင်ဝင် ပါဝင်ပတ်သက်လာသည်။ ထို့အပြင် ပေါက်ကိုယ်တော်သည် ၄င်း၏ မဘသကွန်ရက်ကို အသုံးပြု၍ စစ်တပ်နှင့် ဆန့်ကျင်တိုက်ခိုက်နေသည့် အစုအဖွဲ့များ၏ လှုပ်ရှားမှု သတင်းများကိုပါ စုဆောင်းထောက်လှမ်းပြီး ၄င်း၏ ဆိုရှယ်မီဒီယာ အကောင့်များကတဆင့် စစ်တပ်တာဝန်ရှိသူများအား သတင်းအချက်အလက် ပံ့ပိုးပေးခြင်းတို့ကို ဆောင်ရွက်နေသည်။ ပေါက်ကိုယ်တော်သည် ဆိုရှယ်မီဒီယာအကောင့်(၃)ခုကို သုံးစွဲနေပြီး ယင်းတွင် တယ်လီဂရမ်(Telegram)ချန်နယ်(၁)ခုနှင့် တစ်တော့ခ့်(TikTok)အကောင့်(၁)ခုတို့ ပါဝင်သည်။ သူ့အနေဖြင့် ဖေ့ဘွတ်ခ့်(Facebook)ကို သုံးစွဲခဲ့သော်လည်း အဆိုပါ လူမှုကွန်ရက်က ၄င်း၏ လူမှုကွန်ရက်ဆိုင်ရာမူဝါဒများကို ချိုးဖောက်မှုကြောင့် ပေါက်ကိုယ်တော်၏ အကောင့်များအား ပလက်ဖေါင်းမှ မကြာခဏ ဖယ်ရှားခဲ့သဖြင့် လက်ရှိအချိန်တွင် ပေါက်ကိုယ်တော်တွင် သက်ဝင်လှုပ်ရှား(active)ဖြစ်သော ဖေ့ဘွတ်ခ့်(Facebook)အကောင့် မရှိပါ။ |
ကျော်စိုးဦး၏ ဆိုရှယ်မီဒီယာစာမျက်နှာများ Telegram - https://t.me/kyawsoeoo1990 , https://t.me/PMmyanmarnewgroup , https://t.me/peoplemedianews,TikTok - https://www.tiktok.com/@kyawsoeoo462, https://www.tiktok.com/@people.media1, https://www.tiktok.com/@peoplemediamyanmar02, https://www.tiktok.com/@kyaw.soe.oo.peoplemedia, https://www.tiktok.com/@kyawsoeoo4203, https://www.tiktok.com/@kyawsoeoo462, https://www.tiktok.com/@people.media.myan, https://www.tiktok.com/@peoplemedia.2 , https://www.tiktok.com/@kyaw.soe.oo.peopl | ကျော်စိုးဦး ကျော်စိုးဦးသည် ၂၀၁၉ တွင် စတင်ထူထောင်သော People Media ၏ အယ်ဒီတာချုပ် ဖြစ်သည်။ သူသည် နေ့စဉ်သတင်းများအား ပြန်လည်သုံးသပ်သော အစီအစဉ်ကို People Media ၏ တယ်လီဂရမ်(Telegram)ချန်နယ်ကတဆင့် အဓိကထုတ်လွှင့်သည်။ ထို့အပြင် စစ်ကောင်စီ(SAC)၏ သတင်းစာရှင်းလင်းပွဲများတွင် အစဉ်မပြတ်တက်ရောက်ခြင်းများ ပြုလုပ်ခဲ့သလို စစ်ကောင်စီ(SAC)နှင့်ပတ်သက်သော သတင်းများအား အဓိကဖော်ပြခြင်းဖြင့် ၄င်း၏သတင်းဌာနတွင် ဖော်ပြခြင်းများအား အဓိက ပြုလုပ်ခဲ့သည်။ ကျော်စိုးဦး စီမံသော People Media ကို Ko Thet ချန်နယ်အပါအဝင် (၉၁)ခုသော စစ်တပ်ကိုယ်စားပြု ဝါဒဖြန့် Telegram ချန်နယ်များနှင့် ချိတ်ဆက်ကြော်ငြာပေးနေပြီး People Media ကမူ မြန်မာ့ရုပ်မြင်သံကြား(MRTV) အပါအဝင်(၆)ခုသော စစ်တပ်ကိုယ်စားပြုဝါဒဖြန့်ချန်နယ်များကို လူသိများအောင် ကြော်ငြာပေးမှုများ ဆောင်ရွက်နေသည်။ ကျော်စိုးဦးသည် ဆိုရှယ်မီဒီယာအကောင့် (၁၂)ခုကို သုံးစွဲနေပြီး ယင်းတွင် တယ်လီဂရမ်(Telegram)ချန်နယ်(၃)ခုနှင့် တစ်တော့ခ့်(TikTok)အကောင့်(၉)ခုတို့ ပါဝင်သည်။ သူ့အနေဖြင့် ဖေ့ဘွတ်ခ့်(Facebook)နှင့် ယူကျူ့(YouTube)ကို သုံးစွဲခဲ့သော်လည်း အဆိုပါ လူမှုကွန်ရက်က ၄င်း၏လူမှုကွန်ရက်ဆိုင်ရာမူဝါဒများကို ချိုးဖောက်မှုကြောင့် ပေါက်ကိုယ်တော်၏ အကောင့်များအား ပလက်ဖေါင်းမှ မကြာခဏ ဖယ်ရှားခဲ့သဖြင့် လက်ရှိအချိန်တွင် ကျော်စိုးဦးတွင် သက်ဝင်လှုပ်ရှား(active)ဖြစ်သော ဖေ့ဘွတ်ခ့်(Facebook)နှင့် ယူကျူ့(YouTube)အကောင့်မရှိပါ။ |
ဇော်ဘုန်းဟိန်၏ ဆိုရှယ်မီဒီယာစာမျက်နှာများ Telegram - https://t.me/zawbhonehein TikTok - https://www.tiktok.com/@note12r558, https://www.tiktok.com/@zawbhonehein.offical.acc YouTube - https://www.youtube.com/channel/UCxEXx0WiwlvXB30LGXKH8zA, https://www.youtube.com/channel/UC7QP_BvLRfqJtYEZBj_9ueg | ဇော်ဘုန်းဟိန် ဇော်ဘုန်းဟိန်သည် ထင်ရှားသော စစ်လော်ဘီတစ်ဦးဖြစ်ပြီး စစ်သားဟောင်းတစ်ဦးလည်း ဖြစ်သည်။ ၂၀၂၁ စစ်အာဏာသိမ်းမှုနောက်ပိုင်းတွင် ဇော်ဘုန်းဟိန်သည် တစ်တော့ခ့်(TikTok)တွင် စတင် လူသိများလာပြီး နောက်ပိုင်းတွင် ဖေ့ဘွတ်ခ့်(Facebook) နှင့် ယူကျူ့(YouTube)တို့တွင်ပါ တိုက်ရိုက်(live)လွှင့်ခြင်းများ ဆောင်ရွက်ခဲ့သည်။ စစ်တပ်၏ လုပ်ရပ်များကို ထောက်ခံအားပေးခြင်း၊ ရှေ့တန်းရောက် စစ်သားများအား ငွေကြေး၊ အစားအစာနှင့် ဆေးဝါးများ ထောက်ပံ့ပေးခြင်းတို့ကို လူမှုကွန်ရက်များကို အသုံးပြု၍ အဓိက ဆောင်ရွက်ခဲ့သည်။ ဇော်ဘုန်းဟိန်သည် ၂၀၂၂ ခုနှစ်မှ စတင်၍ စစ်တပ်နှင့် ဆန့်ကျင်တိုက်ခိုက်နေ သည့် အစုအဖွဲ့များ၏ လှုပ်ရှားမှု သတင်းများကိုပါ စုဆောင်းထောက်လှမ်းပြီး ၄င်း၏ ဆိုရှယ်မီဒီယာ အကောင့်များ ကတဆင့် စစ်တပ်တာဝန်ရှိသူများအား သတင်းအချက်အလက် ပံ့ပိုးပေးခြင်းတို့ကို ဆောင်ရွက်နေသည်။ ဆိုရှယ်မီဒီယာအကောင့် ၅ခု ကို သုံးစွဲနေပြီး ယင်းတွင်တယ်လီဂရမ်(Telegram)ချန်နယ်(၁)ခုနှင့်တစ်တော့ခ့်(TikTok)အကောင့်(၂)ခုနှင့် ယူကျူ့(YouTube)အကောင့်(၁)ခုတို့ ပါဝင်သည်။ သူ့အနေဖြင့် ဖေ့ဘွတ်ခ့်(Facebook)ကို သုံးစွဲခဲ့သော်လည်း အဆိုပါ လူမှုကွန်ရက်က ၄င်း၏လူမှုကွန်ရက်ဆိုင်ရာမူဝါဒများကို ချိုးဖောက်မှုကြောင့် ဇော်ဘုန်းဟိန်၏ အကောင့်များအား ပလက်ဖေါင်းမှ မကြာခဏ ဖယ်ရှားခဲ့သဖြင့် လက်ရှိအချိန်တွင် ဇော်ဘုန်းဟိန်တွင် သက်ဝင်လှုပ်ရှား(active)ဖြစ်သော ဖေ့ဘွတ်ခ့်(Facebook)အကောင့် မရှိပါ။ |
စစ်တပ်ဝါဒဖြန့်ချိရေးသမားများ
ကိုသက်၏ ဆိုရှယ်မီဒီယာစာမျက်နှာများ Telegram - https://t.me/criminalcasebykothet , https://t.me/kothetjournalist, https://t.me/captainkothet, https://t.me/kothetjournalist007 TikTok - https://www.tiktok.com/@kothet0070007, https://www.tiktok.com/@kothet99999, |