top of page

၂၀၂၆ ခုနှစ် ဇူလိုင်လမှ စက်တင်ဘာလအတွင်းလေကြောင်းတိုက်ခိုက်ခံရသောဒေသများ၏ဆက်သွယ်ရေးပြတ်တောက်မှုနှင့်ထိခိုက်မှု အစီအရင်ခံစာ

Myanmar Internet Project
16 hours ago
1 min read



နိဒါန်း


ဤအစီအရင်ခံစာတွင် ၂၀၂၆ ခုနှစ် ဇူလိုင်လမှ စက်တင်ဘာလအတွင်း အာဏာသိမ်းစစ်တပ်လုပ်ဆောင်ခဲ့သော လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်များအား စုစည်းလေ့လာ၍ ယင်းဒေသများ၏ဆက်သွယ်ရေးရရှိနိုင်မှုအခြေအနေများအပေါ် နှိုင်းယှဉ်သုံး သပ်ထားသည်။ ထို့အပြင် အင်တာနက်ပြတ်တောက်မှုနှင့်လေကြောင်းတိုက်ခိုက်ခံရမှုများကြောင့် ပဋိပက္ခဒေသများအတွင်း နေထိုင်ကြသောအရပ်သားပြည်သူများ အပေါ် သက်ရောက်မှုများကိုလည်း လေ့လာဆန်းစစ်ထားသည်။



အချက်အလက်စုဆောင်းမှု


လေကြောင်းတိုက်ခိုက်ခံရမှုအချက်အလက်များအား ဒေသအခြေပြုသတင်းအချက်အလက်ဌာနများနှင့်လွတ်လပ်သောသ တင်းမီဒီယာများ ၌ဖော်ပြသောသတင်းများမှအချက်အလက်များကို မြန်မာအင်တာနက်ပရောဂျက်(MIP)က နေ့စဉ်ကောက် ယူစုဆောင်းမှတ်တမ်းတင်ခဲ့သည်။



၂၀၂၆ ခုနှစ် ဇူလိုင်လမှ စက်တင်ဘာလအတွင်း လေကြောင်းတိုက်ခိုက်ခံရသောအရေအတွက်


မြန်မာအင်တာနက်ပရောဂျက်(MIP)၏မှတ်တမ်းများအရ ၂၀၂၆ ခုနှစ် ဇူလိုင်လမှ စက်တင်ဘာလအတွင်း လေကြောင်းတိုက် ခိုက်မှုဖြစ်စဉ် ပေါင်း(၅၈၁)ကြိမ်ရှိခဲ့သည်။ ထိုမှတ်တမ်းတင်ထားသောဖြစ်စဉ်များအနက် လေကြောင်းတိုက်ခိုက်မှု(၅၆၂)ကြိမ် (၉၆.၈၈ ရာခိုင်နှုန်း)သည် အင်တာနက်ဖြတ်တောက်မှုဒဏ်ခံနေရသောဒေသများတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့သော(၃) လပတ်ကာလနှင့်နှိုင်းယှဉ်ပါက လေကြောင်းတိုက်ခိုက်မှုပေါင်း ၁၁.၇၃ ရာခိုင်နှုန်း တိုးမြင့်ကြောင်း တွေ့ရသည်။


ဆက်သွယ်ရေးပြတ်တောက်နေသောဒေသများတွင် ကြုံတွေ့ခဲ့ရသောလေကြောင်းတိုက်ခိုက်ခံရမှုအခြေအနေများ
ဆက်သွယ်ရေးပြတ်တောက်နေသောဒေသများတွင် ကြုံတွေ့ခဲ့ရသောလေကြောင်းတိုက်ခိုက်ခံရမှုအခြေအနေများ


တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် လေကြောင်းတိုက်ခိုက်ခံခဲ့ရသော အကြိမ်အရေအတွက်


(၃)လပတ်အတွင်း ရခိုင်ပြည်နယ်သည် လေကြောင်းတိုက်ခိုက်မှု(၁၅၁ ကြိမ်)ဖြင့် အဆိုးရွားဆုံးထိခိုက်ခံစားခဲ့ရသောဒေသဖြစ် သည်။ ယင်းနောက် စစ်ကိုင်းတိုင်းဒေသကြီးသည်(၁၀၇ ကြိမ်)နှင့် မကွေးတိုင်းဒေသကြီးသည်(၁၀၆ ကြိမ်)တို့ဖြင့် ဆိုးရွား သောအခြေအနေတွင် ရှိနေသည်။


လေကြောင်းတိုက်ခိုက်မှု စုစုပေါင်းဖြစ်စဉ်အားလုံး၏(၆၂.၆၅)ရာခိုင်နှုန်းခန့်သည် စစ်အုပ်စုနှင့်စစ်ရေးပဋိပက္ခပြင်းထန်နေသော အဆိုပါဒေသ(၃)ခုတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ စစ်အုပ်စုက နယ်မြေပြန်လည်စိုးမိုးနိုင်ရေးထိုးစစ်ဆင်နေသည့်ဒေသများတွင် ယခင်ကာလများက အတိုင်း လေကြောင်းအင်အားကို အလွန်အကျွံအသုံးပြုနေသည်​။


တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် လေကြောင်းတိုက်ခိုက်ခံရသော အကြိမ်အရေအတွက်
တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် လေကြောင်းတိုက်ခိုက်ခံရသော အကြိမ်အရေအတွက်


တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် လေကြောင်းတိုက်ခိုက်မှုကြုံတွေ့ခဲ့ရသော မြို့နယ်အရေအတွက်


၂၀၂၆ ခုနှစ် ဇူလိုင်လမှ စက်တင်ဘာလအတွင်း ရန်ကုန်တိုင်းဒေသကြီးမှအပ တိုင်းဒေသကြီးနှင့်ပြည်နယ်(၁၃)ခုရှိ မြို့နယ်ပေါင်း(၉၉)မြို့ နယ်သည် လေကြောင်းတိုက်ခိုက်မှုများနှင့်ကြုံတွေ့ခဲ့ရသည်။


တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် လေကြောင်းတိုက်ခိုက်မှု ကြုံတွေ့ရသော မြို့နယ်အရေအတွက်
တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် လေကြောင်းတိုက်ခိုက်မှု ကြုံတွေ့ရသော မြို့နယ်အရေအတွက်

စစ်ကိုင်းတိုင်းဒေသကြီးသည် မြို့နယ်ပေါင်း(၂၃)ခုတွင် လေကြောင်းတိုက်ခိုက်ခံရခြင်းဖြင့် ထိခိုက်မှုအများဆုံးမြို့နယ်ဖြစ် သည်။ ယင်းနောက်တွင် ရခိုင်ပြည်နယ်(၁၅ မြို့နယ်)နှင့်မကွေးတိုင်းဒေသကြီး(၁၂ မြို့နယ်)တို့သည်လည်း ထိခိုက်မှုအများဆုံးအခြေအနေတွင် ရှိနေကြောင်း တွေ့ရသည်။



လေကြောင်းတိုက်ခိုက်မှုများအတွင်း အရပ်သားသေဆုံးမှုအခြေအနေ


လေကြောင်းတိုက်ခိုက်မှု(၅၈၁)ကြိမ်အတွင်း အရပ်သား(၃၅၃)ဦး အနည်းဆုံးသေဆုံးခဲ့သည်။ သေဆုံးမှုအားလုံး၏(၉၆.၈၈) ရာခိုင်နှုန်းခန့် သည် အင်တာနက်ဖြတ်တောက်ခံထားရသောဒေသများတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။


လေကြောင်းတိုက်ခိုက်မှုကြောင့် ဆက်သွယ်ရေးပြတ်တောက်နေသော ဒေသများအတွင်း အရပ်သားသေဆုံးမှုအခြေအနေ
လေကြောင်းတိုက်ခိုက်မှုကြောင့် ဆက်သွယ်ရေးပြတ်တောက်နေသော ဒေသများအတွင်း အရပ်သားသေဆုံးမှုအခြေအနေ

သေဆုံးသူများထဲတွင် အမျိုးသမီးအနည်းဆုံး(၉၀)ဦး၊ ကလေး(၃၄)ဦးနှင့်သက်ကြီးရွယ်အို(၄၃)ဦး ပါဝင်သည်။ ထိုအချက်အ လက်များကို ကြည့်ခြင်းအားဖြင့် ဆက်သွယ်ရေးအခက်အခဲနှင့်ရင်ဆိုင်နေရသောဒေသများတွင် နေထိုင်သည့်အရပ်သားများ သည် လေကြောင်းတိုက်ခိုက်မှုများကြောင့် ထိခိုက်ဒဏ်ရာရရှိမှုနှင့်သေဆုံးမှုအန္တရာယ်အရှိဆုံးအခြေအနေတွင် ရှိနေကြောင်း ပေါ်လွင်နေသည်။

မှတ်ချက်။  ။ အချို့သောလေကြောင်းတိုက်ခိုက်မှုများတွင် ဆက်သွယ်ရေးအခက်အခဲကြောင့် သေဆုံးအရေအတွက် မသိရနိုင်သည့်အ တွက် ဖော်ပြပါအရေအတွက်ထက် မြေပြင်တွင် များစွာပိုနိုင်ပါသည်။



လေကြောင်းတိုက်ခိုက်မှုများကြောင့် အခြေခံအဆောက်အအုံထိခိုက်မှုအခြေအနေ


၂၀၂၆ ခုနှစ် ဇူလိုင်လမှစက်တင်ဘာလအတွင်း စစ်အုပ်စု၏လေကြောင်းတိုက်ခိုက်မှု(၅၈၁)ခုအတွင်း အခြေခံအဆောက်အ အုံအများအပြား ထိခိုက်ပျက်စီးဆုံးရှုံးခဲ့သည်။ 


ထိုပျက်စီးဆုံးရှုံးမှုများတွင် ဘုန်းတော်ကြီးကျောင်းအများအပြားအပါအဝင် ဘာသာရေးအဆောက်အအုံ(၃၉)ခု၊ စာသင် ကျောင်း(၁၆)ကျောင်း၊ ဆေးရုံနှင့်ဆေးခန်း(၄)ခု၊ စစ်ဘေးရှောင်စခန်း(၂)ခု၊ တံတား(၃)စင်းနှင့်စျေး(၃)စျေး ထိခိုက်ပျက်စီးခဲ့သည်။

လေကြောင်းတိုက်ခိုက်မှုများအတွင်း အခြေခံအဆောက်အအုံ ထိခိုက်မှုအခြေအနေ
လေကြောင်းတိုက်ခိုက်မှုများအတွင်း အခြေခံအဆောက်အအုံ ထိခိုက်မှုအခြေအနေ

သာသနိကအဆောက်အအုံ(၄)ခု၊ စစ်ဘေးရှောင်စခန်း(၂)ခုနှင့်စာသင်ကျောင်း(၂)ကျောင်းမှအပ ကျန်အခြေခံအဆောက်အ အုံအားလုံးမှာ ဆက်သွယ်ရေးပြတ်တောက်နေသည့်ဒေသအတွင်း တည်ရှိနေကြောင်း တွေ့ရသည်။ ဆေးရုံ/ဆေးခန်းကဲ့သို့ အ ခြေခံအဆောက်အအုံထိခိုက်စေမှုများသည် ဒေသခံလူထု၏ကျန်းမာရေးစောင့်ရှောက်မှု နောက်ဆက်တွဲအခြေအနေကိုပါ သက်ရောက်စေသည်။ စစ်ဘေးခိုလှုံရာ အဖြစ်အသုံးပြုနိုင်သည့်ဘာသာရေးအဆောက်အအုံများကိုလည်း ပစ်မှတ်ထားတိုက် ခိုက်ခဲ့သည်။ စစ်ရေးနှင့်မသက်ဆိုင်သောစျေးများအား တိုက်ခိုက်မှုကြောင့် အရပ်သားများအစုလိုက်အပြုံလိုက် သေဆုံးခဲ့ရသည်။

မှတ်ချက် - နေအိမ်၊ စျေးဆိုင် စသည့် အရပ်သားပိုင်အဆောက်အုံပျက်စီးမှုအများအပြားရှိသော်လည်း ယခုအစီအရင်ခံစာတွင် အရေအ တွက် အတိအကျ ရေတွက်နိုင်ခြင်းမရှိပါ။



နိဂုံးချုပ်


မြန်မာအင်တာနက်ပရောဂျက်(MIP)က လေ့လာဆန်းစစ်ထားသော အချက်အလက်များအပေါ်တွင်အခြေခံ၍ အောက်ပါအ ချက်အလက်များကို တွေ့ရှိရပါသည်။

  • စစ်အုပ်စုသည် နယ်မြေပြန်လည်စိုးမိုးရေးအတွက် ကြိုးပမ်းရာဒေသများများတွင် လေကြောင်းအင်အားအလွန်အကျွံဆက်လက်သုံးစွဲနေကြောင်း တွေ့ရသည်။

  • ပြီးခဲ့သည့်(၃)လပတ်နှင့်နှိုင်းယှဉ်ပါက လေကြောင်းအသုံးပြုမှု (၁၁)ရာခိုင်နှုန်ကျော် ပိုမိုမြင့်တက်လာသည်။

  • ဆက်သွယ်ရေးပြတ်တောက်နေသောဒေသများတွင် နေထိုင်ကြသည့်အရပ်သားပြည်သူများသည် ထိခိုက်ဒဏ်ရာရရှိမှုနှင့်သေဆုံးမှုအန္တရာယ် သိသာစွာဆက်လက်မြင့်မားနေသည်ကို တွေ့ရသည်။

  • စျေးကဲ့သို့ စစ်ရေးနှင့်မသက်ဆိုင်သည့်နေရာများအားတိုက်ခိုက်မှုကြောင့် အရပ်သားများအစုလိုက်အပြုံလိုက်သေ ဆုံးခဲ့ရသည်။


Recommended Citation Style - Myanmar Internet Project (2026, October 23),

၂၀၂၆ ခုနှစ် ဇူလိုင်လမှ စက်တင်ဘာလအတွင်း ကြုံတွေ့ခဲ့ရသော ဒစ်ဂျစ်တယ်ဖိနှိပ်မှု ဖြစ်စဉ်များ,


Comments


bottom of page