အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)စီရင်ချက်အကြိုမြန်မာအင်တာနက်ပရောဂျက်(MIP)၏ ထုတ်ပြန်ချက်

(ရိုဟင်ဂျာများနှင့်ပတ်သက်သော အမုန်းတရားဖြန့်ဝေခြင်းအပေါ် အားပေးမှုဖြစ်ပေါ်စေခဲ့သည့် အတိတ်မှအမှားများအား ဒစ်ဂျစ်တယ်ပလက်ဖောင်းများအနေဖြင့် ထပ်မံမကျူးလွန်ရန်လိုအပ်)
(၁၈)ရက် နိုဝင်ဘာလ ၂၀၂၆ ခုနှစ်
၂၀၂၆ ခုနှစ် နိုဝင်ဘာလ(၁၉)ရက်နေ့၌ အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)က ဂမ်ဘီယာနိုင်ငံနှင့်မြန်မာနိုင်ငံအကြား တရားစွဲ ဆိုထားသည့်အမှုအတွက် စီရင်ချက်ချမှတ်ရန်ပြင်ဆင်နေချိန်တွင် အမှန်တရား၊ တရားမျှတမှုနှင့်တာဝန်ခံမှုတို့အား နှစ်ပေါင်းများစွာရှာဖွေနေကြသော အသက်ရှင်ကျန်ရစ်သူရိုဟင်ဂျာများနှင့်အတူ မြန်မာအင်တာနက်ပရောဂျက်(MIP)က တစ်သား တည်း ရပ်တည်လျက်ရှိပါသည်။
ရိုဟင်ဂျာများအပေါ်ကျူးလွန်ခဲ့သည့် ရက်စက်ကြမ်းကြုတ်သော လူ့အခွင့်အရေးချိုးဖောက်မှုများသည် စနစ်တကျဖန်တီးထားသော အမုန်းတရားဖြန့်ဝေမှုများ၊ လူ့ဂုဏ်သိက္ခာကို ငြင်းပယ်သည့် ဝါဒဖြန့်မှုများ၊ သတင်းမှားဖြန့်ဝေမှုများနှင့်အကြမ်းဖက်မှုကျူးလွန်ရန်လှုံ့ဆော်မှုများကို ဒစ်ဂျစ်တယ်ပလက်ဖောင်းများအနေဖြင့်တားဆီးရန် ပျက်ကွက်ခဲ့ခြင်း၏ဆိုးရွားလှသောအကျိုး ဆက်များကို ပြန်လည်သတိပေးနေခြင်းဖြစ်ပါသည်။ နှစ်ပေါင်းများစွာ ပြုလုပ်ခဲ့သည့်စုံစမ်းစစ်ဆေးမှုများအရ မြန်မာစစ်တပ်နှင့်ဆက်နွှယ်နေသော စနစ်တကျချိတ်ဆက်ထားသည့်ကွန်ရက်များမှတစ်ဆင့် ရိုဟင်ဂျာဆန့်ကျင်ရေးအမုန်းတရားများကို ပို မိုကျယ်ပြန့်စွာပျံ့နှံ့စေရန် လူမှုကွန်ရက်ပလက်ဖောင်းများကို လက်နက်သဖွယ်လုပ်ဆောင်ခဲ့ကြောင်း ဖော်ထုတ်တွေ့ရှိခဲ့ရပါ သည်။ ယင်းကဲ့သို့ ပျက်ကွက်မှုများသည် နည်းပညာကုမ္ပဏီများအနေဖြင့် ယင်းတို့၏ပလက်ဖောင်းများကို လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် အသုံးချခြင်း (သို့မဟုတ်) ယင်းချိုးဖောက်မှုများဖြစ်ပေါ်လာစေရန် အထောက်အကူပြုခြင်း မရှိစေရေးအတွက် မည်သို့တာဝန်ယူရမည်ဆိုသည့် အရေးကြီးသောမေးခွန်းများကို ဖြစ်ပေါ်စေပါသည်။ တရားစီရင်ရေးလုပ်ငန်းစဉ်၏ ရလဒ်မည်သို့ပင်ရှိစေကာမူ နည်းပညာကုမ္ပဏီများ၏အခန်းကဏ္ဍကို ဆက်လက်အလေးထားစောင့်ကြည့်သုံးသပ်ရန် လိုအပ်ပါသည်။
တရားရုံးက စီရင်ချက်ချမှတ်ရန် ပြင်ဆင်နေချိန်တွင် မြန်မာအင်တာနက်ပရောဂျက်(MIP)က အောက်ပါအချက်အလက်များကို အလေးအနက်ထောက်ပြလိုပါသည်။
(၁) ဒစ်ဂျစ်တယ်ပလက်ဖောင်းများသည် အန္တရာယ်ရှိသော ဇာတ်ကြောင်းပုံဖော်မှုများကို ပိုမိုကျယ်ပြန့်စွာပျံ့နှံ့စေရန် အားပေးဖြစ်ပေါ်စေခဲ့သော ယင်းတို့၏အခန်းကဏ္ဍအတွက် တာဝန်ခံမှု ရှိရမည်။ ထို့အပြင် အကြမ်းဖက်ရန် စနစ်တကျလှုံ့ဆော်မှုများအား အားကောင်းစေခဲ့သောစနစ်ပိုင်းဆိုင်ရာ အားနည်းချက်များကိုလည်း ပြုပြင်ဖြေရှင်းရမည်။
(၂) တာဝန်ခံမှုဖော်ဆောင်နိုင်ရေးအတွက် ဒစ်ဂျစ်တယ်သက်သေအထောက်အထားများအား စနစ်တကျထိန်းသိမ်းထားရှိရန်နှင့် သက်ဆိုင်ရာဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ရယူအသုံးပြုနိုင်စေရန် လိုအပ်ပါသည်။ ထိုသို့ဆောင် ရွက်ရာတွင် အသက်ရှင်ကျန်ရစ်သူများ၊ သက်သေများနှင့် ထိခိုက်နစ်နာခဲ့ရသော လူမှုအသိုင်းအဝိုင်းများ၏ လုံခြုံရေးနှင့်အခွင့်အရေးများကို ကာကွယ်ပေးနိုင်မည့်အစီအမံများလည်း ထည့်သွင်းထားရှိရမည်။
(၃) ရက်စက်ကြမ်းကြုတ်သော အလားတူ လူ့အခွင့်အရေးချိုးဖောက်မှုများ အနာဂတ်တွင် ထပ်မံမဖြစ်ပွားစေရန် စနစ်ပိုင်းဆိုင်ရာပြုပြင်ပြောင်းလဲမှုများ လိုအပ်ပါသည်။ ယင်းတို့တွင် မြန်မာဘာသာစကားနှင့်အခြားတိုင်းရင်းသားလူနည်းစုဘာသာစကားများအတွက် အွန်လိုင်းအကြောင်းအရာများကို စိစစ်ထိန်းညှိမှု(Content Moderation)ပိုမိုအား ကောင်းစေခြင်း၊ စည်းမျဉ်းချိုးဖောက်မှုများကို ထပ်ခါတလဲလဲ ကျူးလွန်သူများအပေါ် ထိရောက်စွာအရေးယူဆောင် ရွက်ခြင်းနှင့်ပလက်ဖောင်းများ၏စည်းမျဉ်းစည်းကမ်း အကောင်အထည်ဖော်မှုဆိုင်ရာ ပွင့်လင်းမြင်သာမှုကို မြှင့်တင်ခြင်းတို့လည်း ပါဝင်ပါသည်။
ရိုဟင်ဂျာများအပေါ် ကျူးလွန်ခဲ့သည့် ရက်စက်ကြမ်းကြုတ်သော လူ့အခွင့်အရေးချိုးဖောက်မှုများမှရရှိခဲ့သည့် သင်ခန်းစာများကို မေ့ပျောက်၍ မရပါ။ ဒစ်ဂျစ်တယ်ပလက်ဖောင်းများနှင့်နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် အတိတ်က ပျက်ကွက်မှုများမှ သင်ခန်းစာယူပြီး ဒစ်ဂျစ်တယ်အွန်လိုင်းနယ်ပယ်များသည် ခွဲခြားဆက်ဆံမှုများနှင့် အကြမ်းဖက်မှုကျူးလွန်ရန် လှုံ့ဆော်မှုများကို ဆက်လက်အားပေးဖြစ်ပေါ်စေသည့်နေရာများ မဖြစ်လာစေရန် တာဝန်ယူဆောင်ရွက်ရမည် ဖြစ်ပါသည်။
မြန်မာနိုင်ငံ၏ဒစ်ဂျစ်တယ်ဂေဟစနစ်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများဖြစ်ပေါ်စေရန် အထောက်အကူပြုနေသည့်လုပ်ကိုင်နေမှုများနှင့်အလေ့အထများကို မြန်မာအင်တာနက်ပရောဂျက်(MIP)က ဆက်လက်ထောက် ပြသွားမည်ဖြစ်ပြီး ပိုမိုခိုင်မာသော တာဝန်ခံမှု၊ ပွင့်လင်းမြင်သာမှုနှင့်လူ့အခွင့်အရေးလေးစားလိုက်နာမှုတို့ ရရှိစေရေးအတွက် ဆက်လက်တိုက်တွန်းလှုံ့ဆော်သွားမည်။
နောက်ခံအချက်အလက်: ရိုဟင်ဂျာအရေးအခင်း၌ ဖေ့ဘွတ်ခ့်(Facebook)၏အခန်းကဏ္ဍကို မြန်မာအင်တာနက်ပရောဂျက်(MIP)က မှတ်တမ်းတင်လေ့လာခဲ့ပါသည်။ ယင်းမှတ်တမ်းများတွင် ဖေ့ဘွတ်ခ့်(Facebook)ပလက်ဖောင်း၏မြန်မာအရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့်ထိတွေ့ဆက်ဆံမှုများ၊ ကြိုတင်သတိပေးချက်များအပေါ် တုံ့ပြန်ဆောင်ရွက်ခဲ့ပုံများနှင့် ရိုဟင်ဂျာဆန့်ကျင်ရေးအမုန်းတရားဖြန့်ဝေမှုများ၊ အကြမ်းဖက်မှုကျူးလွန်ရန်လှုံ့ဆော်မှုများပျံ့နှံ့စေရန်အားပေးဖြစ်ပေါ်စေခဲ့သည့်စနစ်ပိုင်းဆိုင်ရာပျက်ကွက်မှုများပါဝင်ပါသည်။ ပိုမိုအ သေးစိတ်သော နောက်ခံအချက်အလက်များအတွက် မြန်မာအင်တာနက်ပရောဂျက်(MIP)၏ရိုဟင်ဂျာအရေးအခင်းဆိုင်ရာမှတ်တမ်းများ (Rohingya crisis documentation.)ကို လေ့လာဖတ်ရှုနိုင်ပါသည်။ |




Comments