၂၀၂၆ ခုနှစ် ဧပြီလမှ ဇွန်လအတွင်း လေကြောင်းတိုက်ခိုက်ခံရသောဒေသများ၏ဆက်သွယ်ရေးပြတ်တောက်မှုနှင့်ထိခိုက်မှု အစီအရင်ခံစာ
- Myanmar Internet Project
- 1 day ago
- 1 min read

နိဒါန်း
ဤအစီအရင်ခံစာတွင် ၂၀၂၆ ခုနှစ် ဧပြီလမှဇွန်လအတွင်း အာဏာသိမ်းစစ်တပ်လုပ်ဆောင်ခဲ့သော လေကြောင်း တိုက်ခိုက်မှုဖြစ်စဉ်များအား စုစည်းလေ့လာ၍ ယင်းဒေသများ၏ဆက်သွယ်ရေးရရှိနိုင်မှုအခြေအနေများကို နှိုင်းယှဉ်သုံးသပ်ထားသည်။ ထို့အပြင် အင်တာနက်ပြတ်တောက်မှုနှင့်လေကြောင်းတိုက်ခိုက်ခံရမှုများကြောင့် ပဋိပက္ခဒေသများအတွင်း နေထိုင်ကြသည့်အရပ်သားပြည်သူများအပေါ် သက်ရောက်မှုများကိုလည်း ဤအစီရင်ခံစာတွင် လေ့လာဆန်းစစ်ထားသည်။
အချက်အလက်စုဆောင်းမှု
လေကြောင်းတိုက်ခိုက်ခံရမှုအချက်အလက်များအား ဒေသတွင်းအခြေပြုသတင်းဌာနများနှင့်လွတ်လပ်သော သတင်းမီဒီယာများတွင်ဖော်ပြသော သတင်းများမှအချက်အလက်များကို မြန်မာအင်တာနက်ပရောဂျက်(MIP)က နေ့စဉ်ကောက်ယူစု ဆောင်းခဲ့သည်။
၂၀၂၆ ခုနှစ် ဧပြီလမှ ဇွန်လအတွင်း လေကြောင်းတိုက်ခိုက်ခံရသောအရေအတွက်
မြန်မာအင်တာနက်ပရောဂျက်(MIP)၏မှတ်တမ်းများအရ ၂၀၂၆ ခုနှစ် ဧပြီလမှဇွန်လအတွင်း လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်ပေါင်း(၅၂၀)ကြိမ်ရှိခဲ့သည်။ ထိုမှတ်တမ်းတင်ထားသော ဖြစ်စဉ်များအနက် လေကြောင်းတိုက်ခိုက်မှု(၅၁၀)ကြိမ်(၉၈.၀၈ ရာ ခိုင်နှုန်း)သည် အင်တာနက်ဖြတ်တောက်မှုဒဏ်ခံနေရသောဒေသများတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် လေကြောင်းတိုက်ခိုက်ခံခဲ့ရသော အကြိမ်အရေအတွက်
(၃)လပတ်အတွင်း ချင်းပြည်နယ်သည် လေကြောင်းတိုက်ခိုက်မှု(၁၂၂ ကြိမ်)ဖြင့် အဆိုးရွားဆုံးထိခိုက်ခံစားခဲ့ရသည့်ဒေသဖြစ် သည်။ ယင်းနောက် စစ်ကိုင်းတိုင်းဒေသကြီးသည်(၁၀၁ ကြိမ်)နှင့်ရခိုင်ပြည်နယ်သည်(၉၈ ကြိမ်)တို့ဖြင့် ဆိုးရွားသောအခြေအ နေတွင် ရှိနေသည်။
လေကြောင်းတိုက်ခိုက်မှု စုစုပေါင်းဖြစ်စဉ်အားလုံး၏(၆၂)ရာခိုင်နှုန်းခန့်သည် စစ်အုပ်စုနှင့်စစ်ရေးပဋိပက္ခပြင်းထန်နေသော အဆိုပါဒေသ(၃)ခုတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ယင်းဒေသများသည် စစ်အုပ်စုက နယ်မြေပြန်လည်စိုးမိုးနိုင်ရေး ထိုးစစ်ဆင်နေသည့်ဒေသများဖြစ်ကြောင်းတွေ့ရပြီး စစ်ကြောင်းထိုးရာတွင် ဝေဟင်အင်အား အလွန်အကျွံအသုံးပြုလာကြောင်းလည်း တွေ့ရသည်။

တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် လေကြောင်းတိုက်ခိုက်မှုကြုံတွေ့ခဲ့ရသော မြို့နယ်အရေအတွက်
၂၀၂၆ ခုနှစ် ဧပြီလမှဇွန်လအတွင်း ရန်ကုန်တိုင်းဒေသကြီးမှအပ တိုင်းဒေသကြီးနှင့်ပြည်နယ်(၁၃)ခုရှိ မြို့နယ်ပေါင်း(၈၇)မြို့ နယ်သည် လေကြောင်းတိုက်ခိုက်မှုများနှင့်ကြုံတွေ့ခဲ့ရသည်။

စစ်ကိုင်းတိုင်းဒေသကြီးသည် မြို့နယ်ပေါင်း(၂၀)ခုဖြင့် လေကြောင်းတိုက်ခိုက်ခံရသော ထိခိုက်မှုအများဆုံးမြို့ နယ်ဖြစ်သည်။ ယင်းနောက်တွင် ရခိုင်ပြည်နယ်(၁၂ မြို့နယ်)နှင့် မကွေးတိုင်းဒေသကြီး(၉ မြို့နယ်)တို့ဖြင့် ထိခိုက်မှုအခြေအနေ အများဆုံးရှိသည်ကို တွေ့ရသည်။
လေကြောင်းတိုက်ခိုက်မှုများအတွင်း အရပ်သားသေဆုံးမှုအခြေအနေ
လေကြောင်းတိုက်ခိုက်မှု(၅၂၀)ကြိမ်အတွင်း အရပ်သား(၃၁၄)ဦး အနည်းဆုံးသေဆုံးခဲ့သည်။ သေဆုံးမှုအားလုံး၏(၉၅.၅)ရာခိုင် နှုန်းခန့်သည် အင်တာနက်ဖြတ်တောက်ခံထားရသောဒေသများတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

သေဆုံးသူများထဲတွင် အမျိုးသမီး အနည်းဆုံး(၅၈)ဦး၊ ကလေး(၄၁)ဦးနှင့်သက်ကြီးရွယ်အို(၁၅)ဦး ပါဝင်သည်။ ဤအချက်အ လက်များကို ကြည့်ခြင်းအားဖြင့် ဆက်သွယ်ရေးအခက်အခဲနှင့်ရင်ဆိုင်နေရသောဒေသများတွင် နေထိုင်သည့်အရပ်သားများ သည် လေကြောင်းတိုက်ခိုက်မှုများကြောင့် ထိခိုက်ဒဏ်ရာရရှိမှုနှင့်သေဆုံးမှုအန္တရာယ်အရှိဆုံးအခြေအနေတွင် ရှိနေကြောင်း ပေါ်လွင်နေသည်။
မှတ်ချက် - အချို့လေကြောင်းတိုက်ခိုက်မှုများတွင် ဆက်သယ်ရေးအခက်အခဲကြောင့် သေဆုံးအရေအတွက် မသိရသောကြောင့် ဖော်ပြပါအရေအတွက်ထက် မြေပြင်တွင် များစွာပိုနိုင်ပါသည်။ |
လေကြောင်းတိုက်ခိုက်မှုများကြောင့် အခြေခံအဆောက်အအုံထိခိုက်မှု အခြေအနေ
၂၀၂၆ ခုနှစ် ဧပြီလမှဇွန်လအတွင်း စစ်အုပ်စု၏လေကြောင်းတိုက်ခိုက်မှု(၅၂၀)ခုအတွင်း အခြေခံအဆောက်အအုံအများအ ပြား ထိခိုက်ပျက်စီးဆုံးရှုံးခဲ့သည်။
ထိုပျက်စီးဆုံးရှုံးမှုများတွင် ဘုန်းတော်ကြီးကျောင်းအများအပြားအပါအဝင် ဘာသာရေးအဆောက်အအုံ(၂၂)ခု၊ စာသင် ကျောင်း(၁၇)ကျောင်း၊ ဆေးရုံနှင့်ဆေးခန်း(၇)ခုနှင့် စစ်ဘေးရှောင်စခန်း(၅)ခုတို့ ပါဝင်သည်။

လေကြောင်းတိုက်ခိုက်ခံခဲ့ရသည့် အဆောက်အဦးအားလုံးသည် ဆက်သွယ်ရေးပြတ်တောက်နေသည့်ဒေသတွင်းတည်ရှိသော အခြေခံအဆောက်အအုံများဖြစ်သည်။ ဆေးရုံ/ဆေးခန်းကဲ့သို့ အခြေခံအဆောက်အအုံထိခိုက်စေမှုများသည် ဒေသခံလူထု၏နောက်ဆက်တွဲ ကျန်းမာရေးစောင့်ရှောက်မှုအခြေအနေကိုပါ ဆိုးရွားစွာသက်ရောက်စေသည်။ ထို့အပြင် စစ်ဘေးရှောင်စခန်းနှင့်ဘုန်ကြီးကျောင်းစသည့် သာသနိကအဆောက်အုံများ တိုက်ခိုက်ခံရခြင်းသည် ပဋိပက္ခဒေသတွင်းရှိ လူထုအား ပို၍ အကာအကွယ်မဲ့စေသည်။
မှတ်ချက် - နေအိမ်၊ စျေးဆိုင် စသည့် အရပ်သားပိုင် အဆောက်အုံပျက်စီးမှုအများအပြားရှိသော်လည်း ယခုအစီအရင်ခံစာတွင် အရေအ တွက် အတိအကျ ရေတွက်နိုင်ခြင်းမရှိပါ။ |
နိဂုံးချုပ်
မြန်မာအင်တာနက်ပရောဂျက်(MIP)က လေ့လာဆန်းစစ်ထားသော အချက်အလက်များအပေါ်တွင် အခြေခံ၍ အောက်ပါအ ချက်အလက်များကို တွေ့ရှိရပါသည်။
စစ်အုပ်စုသည် နယ်မြေပြန်လည်စိုးမိုးရေးအတွက် ကြိုးပမ်းရာဒေသများတွင် လေကြောင်းအင်အား အလွန်အကျွံ သုံးစွဲသည်ကို တွေ့ရသည်။
ဆက်သွယ်ရေးပြတ်တောက်နေသောဒေသများတွင် နေထိုင်ကြသည့်အရပ်သားပြည်သူများသည် ထိခိုက်ဒဏ်ရာရ ရှိမှုနှင့်သေဆုံးမှုအန္တရာယ် သိသာစွာမြင့်မားနေသည်ကို တွေ့ရသည်။
ဆေးရုံ/ဆေးခန်းနှင့်စာသင်ကျောင်းကဲ့သို့ အခြေခံအဆောက်အအုံများဖျက်ဆီးခံရမှုကြောင့် ကျန်းမာရေးစောင့် ရှောက်မှုနှင့်ပညာသင်ကြားခွင့်ကို အဟန့်အားတားဖြစ်စေသည်။
စစ်ဘေးရှောင်နေရာများအား ဦးတည်တိုက်ခိုက်သည့် လေကြောင်းတိုက်ခိုက်မှုများကြောင့် ပဋိပက္ခဒေသအတွင်းရှိ အရပ်သားလူထု၏ အသက်ရှင်ရပ်တည်းရေးမှာ ပိုမိုအကာအကွယ်မဲ့နေသည်။
Recommended Citation Style - Myanmar Internet Project (2026, July 13),
၂၀၂၆ ခုနှစ် ဧပြီလမှ ဇွန်လအတွင်း လေကြောင်းတိုက်ခိုက်ခံရသောဒေသများ၏ဆက်သွယ်ရေးပြတ်တောက်မှုနှင့်ထိခိုက်မှု အစီအရင်ခံစာ,
