top of page

မြန်မာနိုင်ငံအတွင်း စတားလင့်ခ့်(Starlink)ဝန် ဆောင်မှုများ ပိတ်သိမ်းမှုကြောင့်မရည်ရွယ်ဘဲ ဖြစ်ပေါ်လာသော ဘေးထွက်ဆိုးကျိုးများ ခံစားရမှုအပေါ် အရပ်ဘက်လူမှုအဖွဲ့အစည်းများ၏ ပူးတွဲထုတ်ပြန်ချက်

  • Myanmar Internet Project
  • 1 hour ago
  • 6 min read

(ဆိုက်ဘာလိမ်လည်မှုလုပ်ငန်းများကိုသာ ပစ်မှတ်ထားအရေးယူရန် တောင်းဆိုချက်)


သို့ - အမေရိကန်ပြည်ထောင်စုအစိုးရ၊ SpaceX ကုမ္ပဏီနှင့် နိုင်ငံတကာအဖွဲ့အစည်းများ


မြန်မာနိုင်ငံအတွင်းလှုပ်ရှားဆောင်ရွက်နေကြသောလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအဖွဲ့အစည်းများ၊  အရပ်ဘက်လူ မှုအဖွဲ့အစည်းများနှင့် ဒီမိုကရေစီအင်အားစုများသည် အရှေ့တောင်အာရှတွင် လည်ပတ်နေသော နယ်စပ်ဖြတ်ကျော်ဆိုက်ဘာလိမ်လည်မှု(Cyber-scam) ဂိုဏ်းများအား နှိမ်နင်းဖြိုခွင်းရန် ကမ္ဘာလုံးဆိုင်ရာကြိုးပမ်းအားထုတ်မှုများနှင့်အတူ တစ် သားတည်းရပ်တည်သည်။ ထိုတရားမဝင်လုပ်ငန်းများသည် ကမ္ဘာ့ပြည်သူများထံမှ ဒေါ်လာဘီလီယံနှင့်ချီ၍ ခိုးယူနေကြပြီး ထောင်ပေါင်းများစွာသော ထိခိုက်လွယ်သူများကို လူကုန်ကူးခြင်းနှင့်ကျွန် ပြုခြင်းများပြုလုပ်နေကာ ဒေသတွင်း မတည်ငြိမ်မှုကိုလည်း ဖြစ်စေသည်။ ထိုရာဇဝတ်ဂိုဏ်းများ၏ဒစ်ဂျစ်တယ်အခြေခံအဆောက်အအုံ သုံးစွဲခွင့်အား အဓိကဖြတ်တောက်မည့်ရည်ရွယ်ချက်ကို ကျွန်ုပ်တို့က အပြည့်အဝ ထောက်ခံသည်။


သို့သော် မကြာသေးမီက မြန်မာနိုင်ငံတစ်ဝန်းရှိ စတားလင့်ခ့်(Starlink) စက်ပစ္စည်း(terminals)များကို အလုံးစုံလွှမ်းခြုံပိတ်ဆို့လိုက်ခြင်း(Blanket bans)ကြောင့် ဆိုးရွားလှသောဘေးထွက်ဆိုးကျိုးများ မရည်ရွယ်ဘဲ ဖြစ်ပေါ်နေရခြင်းအပေါ် ကျွန်ုပ်တို့ အလွန်အမင်းစိုးရိမ်ပူပန်မိပါသည်။ ထိုသို့အားလုံး သိမ်းကျုံးဖြတ်တောက်မှုများသည် ရာဇဝတ်မှုကျူးလွန်ရာကွန်ပေါင်းများကို ပစ်မှတ်ထားရန် ရည်ရွယ်သော်လည်း လက်တွေ့တွင် စာသင်ကျောင်းများ၊ ဆေးရုံများနှင့်လူသားချင်းစာနာမှုဆိုင်ရာ ကူညီကယ်ဆယ်ရေးဝန်ထမ်းများ၏အဓိကဆက်သွယ်ရေးအသက်သွေးကြောများကို မရည်ရွယ်ဘဲ ဖြတ်တောက်လိုက်သကဲ့သို့ ဖြစ်နေသည်။


၂၀၂၅ ခုနှစ်၊ အောက်တိုဘာလတွင် စတားလင့်ခ့်(Starlink)သည် ထိုင်း-မြန်မာနယ်စပ်တစ်လျှောက် ဆိုက်ဘာလိမ်လည်မှုစင်တာများနှင့် နီးကပ်စွာတည်ရှိနေသည့် စက်ပစ္စည်း(terminals) ၂,၅၀၀ ကို ပိတ်သိမ်းကြောင်း လူသိရှင်ကြား ကြေညာခဲ့သည်။ သို့သော် SpaceX မှ လူသိရှင်ကြား ကြေညာခြင်းမရှိဘဲ မကြာသေးမီက ပိတ်ပင်လိုက်မှုများတွင် ဆိုက်ဘာလိမ်လည်မှုစင်တာများ တည်ရှိရာနေရာများနှင့် မနီးစပ်သည့် မကွေး၊ စစ်ကိုင်းနှင့် ရခိုင်ပြည်နယ်တို့မှ စက်ပစ္စည်းများ ပါဝင်နေသည်။ ဤကဲ့သို့ အလုံးစုံ လွှမ်းခြုံပိတ်ဆို့ခြင်း(Blanket bans)များသည် အရပ်သားပြည်သူများနှင့် လူသားချင်းစာနာမှုဆိုင်ရာ လုပ်ငန်းဆောင်တာများအပေါ် ကြီးမားသောဘေးထွက်ဆိုးကျိုးများ ဖြစ်ပေါ်စေခဲ့သည်။ ထို့ကြောင့် စတားလင့်ခ့်(Starlink)အ နေဖြင့် အလုံးစုံပိတ်ဆို့ခြင်းထက် ဆိုက်ဘာလိမ်လည်မှုစင်တာများကိုသာ ပစ်မှတ်ထား၍ တိကျစွာပိတ်ပင်ရန် အလေးအနက် စဉ်းစားပေးပါရန် တိုက်တွန်းအပ်ပါသည်။



မြေပြင်မှ ဖြစ်ရပ်မှန်

(စတားလင့်ပိတ်ခြင်းသည် အရပ်သားပြည်သူများအတွက် သေရေးရှင်ရေးတမျှ အရေးပါသောကိစ္စဖြစ်သည်)

လက်ရှိဖြစ်ပွားနေသော ပဋိပက္ခများကြောင့် ဆက်သွယ်ရေးအခြေခံအဆောက်အအုံများ ပျက်စီးဆုံးရှုံးရခြင်းနှင့် စစ်အုပ်စုက လက်နက်သဖွယ်အသုံးပြုနေသော အင်တာနက်လိုင်းဖြတ်တောက်မှုများကြောင့် မြန်မာနိုင်ငံရှိ မြို့နယ်ပေါင်း ၃၃၀ အနက် ၈၀ ခန့်တွင် ပုံမှန်ဆက်သွယ်ရေးလိုင်းများ လုံးဝမရှိတော့ပါ။ ထိုသို့ ဆက်သွယ်ရေးလုံးဝ ပြတ်တောက်နေသောဒေသများတွင် လူဦးရေ ၁၃.၃ သန်းခန့် နေထိုင်နေကြပြီး လက်ရှိအချိန်တွင် စတားလင့်ခ့် (Starlink)ကဲ့သို့သော LEO ဂြိုဟ်တုအင်တာနက် (LEO satellite internet)သည် ယင်းတို့၏ တစ်ခုတည်းသော ဆက်သွယ်ရေးအသက်သွေးကြော ဖြစ်နေသည်။


ထိုဒေသများတွင် စတားလင့်ခ့်(Starlink)သည် ဇိမ်ခံပစ္စည်းမဟုတ်ဘဲ ရှင်သန်ရပ်တည်ရေးအတွက် အခြေခံအဆောက်အ အုံတစ်ခု ဖြစ်သည်။


လူသားချင်းစာနာမှုနှင့်ဆေးဝါးကုသမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခြင်း

ဒေသတွင်း အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များနှင့် ဆေးရုံများသည် ရှေ့တန်းလူနာတင်ယာဉ်ခေါ်ယူမှုများ၊ အရေးကြီးသောအကူအညီများပေးပို့ခြင်းနှင့် ဒေသတွင်း ဆေးဘက်ဆိုင်ရာဝန်ထမ်းများအတွက် အဝေးရောက်ခွဲစိတ်မှုနှင့်သား ဖွားမီးယပ်ဆိုင်ရာ တိုင်ပင်ဆွေးနွေးမှုများကို ညှိနှိုင်းဆောင်ရွက်ရာတွင်စတားလင့်ခ့်(Starlink)အင်တာနက်အပေါ် များစွာ မှီခိုနေရသည်။


ပြည်သူလူထု ဘေးကင်းလုံခြုံရေးနှင့် ကြိုတင်သတိပေးချက်များ

တိုက်ပွဲပြင်းထန်နေသော စစ်မက်ဇုန်များတွင် အင်တာနက်ရရှိခြင်းကြောင့် လူထုကွန်ရက်များမှတစ်ဆင့် လေကြောင်းရန်နှင့် စစ်ကြောင်းထိုးလာမှု ဘေးရန်များအတွက် ကြိုတင်သတိပေးချက်များကို အချိန်နှင့် တပြေးညီဖြန့်ဝေပေးနိုင်၍ ပြည်သူများသည် ဘေးလွတ်ရာသို့ အချိန်မီ တိမ်းရှောင်နိုင်ကြသည်။ သိန်းဂဏန်းအရေအတွက် အရပ်သားပြည်သူများသည် စစ်ရေးပဋိပက္ခများအကြား ပိတ်မိနေကြပြီး စတားလင့်ခ့်အင်တာနက်ပိတ်ပင်ခံရခြင်းကြောင့် လေကြောင်းအန္တရာယ်ကာကွယ်နိုင်ရေး ကြိုတင်အသိပေးချက်များကိုမသိရှိရပါဘဲ ထိခိုက်နစ်နာမှုများကြုံတွေ့ခံစားနေရကြောင်း မြန်မာနောင်းသတင်းဌာနက သတင်းဖော်ပြသည်။


ပြည်သူ့ဝန်ဆောင်မှုများနှင့် ဒီမိုကရေစီနည်းကျ အုပ်ချုပ်ရေး

ကရင်အမျိုးသားအစည်းအရုံး(KNU)နှင့်ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC)ကဲ့သို့သော ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့များသည် မရှိမဖြစ်လိုအပ်သော ပညာရေး၊ ကျန်းမာရေးနှင့်အခြေခံအုပ်ချုပ်ရေးအဆောက်အအုံများကို စီမံခန့်ခွဲရန် စတားလင့်ခ့်(Starlink)စက်များကို အသုံးပြုနေကြသည်။ ဥပမာအားဖြင့် အမျိုးသားညီညွတ်ရေးအစိုး ရ(NUG)အောက်တွင် မှတ်ပုံတင်ထားသော ကြားကာလအွန်လိုင်း ပညာရေးကျောင်းပေါင်း ၅,၉၆၃ ကျောင်းရှိပြီး ဆရာ၊ ဆရာမပေါင်း ၆၁,၀၀၀ ကျော်နှင့် ကျောင်းသား၊ ကျောင်းသူပေါင်း ၇၉၀,၀၀၀ ကျော် ရှိသည်။ ယင်းတို့သည် စတားလင့်ခ့်(Starlink)အင်တာနက်အပေါ် လုံးဝမှီခိုနေရခြင်းဖြစ်သည်။ အဆိုပါကျောင်းများသည် စတားလင့်ခ့် (Starlink)ပိတ်ပင်မှုများကြောင့် ဆက်လက်လည်ပတ်နိုင်ရန် ခြိမ်းခြောက်မှုနှင့်ရင်ဆိုင်နေရသည်။


လွတ်လပ်သောမီဒီယာ နှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများ မှတ်တမ်းတင်ခြင်း

ဂြိုဟ်တုကွန်ရက်များကြောင့် လွတ်လပ်သောမီဒီယာများနှင့် မြေပြင်အဖွဲ့များသည် စစ်ရာဇဝတ်မှုများနှင့်ရက်စက်ကြမ်းကြုတ်မှုဆိုင်ရာအတည်ပြုပြီးသား အစီရင်ခံစာရာပေါင်းများစွာကို ကုလသမဂ္ဂစုံစမ်းစစ်ဆေးရေးမှူးများနှင့်နိုင်ငံ တကာစောင့်ကြည့်ရေးအဖွဲ့များထံသို့ ဘေးကင်းလုံခြုံစွာပေးပို့နိုင်ခဲ့ကြသည်။



အလုံးစုံပိတ်ဆို့ခြင်း(Blanket Bans)များသည်

လိမ်လည်မှုစင်တာများကို အဘယ်ကြောင့် မတားဆီးနိုင်သနည်း

မြေပြင်အချက်အလက်များနှင့် သမိုင်းကြောင်းအရ ကျယ်ပြန့်သော ကွန်ရက်ဖြတ်တောက်မှုများသည် အရင်းအမြစ်တောင့် တင်းလှသော ရာဇဝတ်ဂိုဏ်းများကို ရည်မှန်းထားသကဲ့သို့ မတားဆီးနိုင်ကြောင်း ပြသနေသည်။


ထိရောက်မှုမရှိသော တားဆီးမှု

ဆိုက်ဘာလိမ်လည်မှုဂိုဏ်းများသည် ၂၀၂၁ ခုနှစ်နှောင်းပိုင်း စတားလင့်ခ့်(Starlink)မစတင်မီကတည်းကပင် အကြီး အကျယ် လည်ပတ်နေခဲ့ခြင်းဖြစ်သည်။ ယင်းတို့ တည်ရှိနေခြင်းသည် အုပ်ချုပ်ရေးအားနည်းမှု၊ လူကုန်ကူးမှုနှင့်စီးပွား ရေးအရ ထိခိုက်လွယ်မှုစသည့် နက်ရှိုင်းသောဖွဲ့စည်းပုံဆိုင်ရာပြဿနာများအပေါ် အခြေခံနေခြင်းဖြစ်ပြီး အင်တာနက်ဝန်ဆောင်မှုတစ်ခုတည်းကြောင့် မဟုတ်ပါ။


မျှတမှုမရှိသော သက်ရောက်မှု

အလုံးစုံပိတ်ဆို့ခြင်းသည် ငွေအင်အားလုံလောက်စွာရှိသော ရာဇဝတ်ဂိုဏ်းများကို ယာယီအခက်အခဲ ဖြစ်စေပြီး အခြားရွေးချယ်စရာလုံးဝမရှိသော ကျေးလက်လူထု၊ ကျောင်းများနှင့်ဆေးရုံများကိုမူ အမြဲတမ်းအားဖြင့် မျက်စိနှင့်နားများကို ပိတ်သွားစေသည်။


LEO ဂြိုဟ်တုကဏ္ဍတွင် ဈေးကွက်လွှမ်းမိုးနိုင်မှု 

မြန်မာနိုင်ငံသည်အင်တာနက်လက်လှမ်းမမီနိုင်သေးသော လူဦးရေအတန်အသင့်ရှိနေသည့် ဈေးကွက်တစ်ခုဖြစ်ပြီး စတားလင့်ခ်(Starlink)သည် စျေးကွက်ကို လက်ရှိတွင်လွှမ်းမိုးထားသည်။ သို့သော် LEO ဂြိုဟ်တုကဏ္ဍမှာ ပြိုင်ဆိုင်မှုပြင်းထန်လာမည့်စျေးကွက်တစ်ခုဖြစ်ပြီး တရုတ်နိုင်ငံ၏ Guowang LEO နှင့် SpaceSail တို့သည် မကြာမီကာလအတွင်း ဝန်ဆောင်မှုများစတင်ကြရန် ပြင်ဆင်နေကြသည်။ ယင်းတို့သည် အရေးပါသောပြိုင်ဘက်များဖြစ်လာရန်လည်း အသင့်ရှိနေသည်။ စတားလင့်ခ့်အင်တာနက်အား SpaceX အနေဖြင့် ပိတ်ပင်လိုက်ရုံဖြင့် ဆိုက်ဘာလိမ်လည်မှုဂိုဏ်းများအား ဖြိုခွင်းရန်ရည်ရွယ်ချက်သို့ ရောက်ရှိမည်မဟုတ်ဘဲ ဈေးကွက်လက်ဦးမှုကို စွန့်လွှတ်လိုက်ရနိုင်ပြီး ကျားဖြန့်ဂိုဏ်းများသည် မည်သည့်ဆက်သွယ်ရေးစနစ်ကို မဆိုပြောင်းလဲသုံးစွဲနိုင်ပြီး ထိုသို့ပြောင်းလဲသုံးစွဲနိုင်လောက် သည့် ငွေကြေးပမာဏကိုလည်း ပိုင်ဆိုင်ထားကြသည်။



တိကျမှုနှင့် ပူးပေါင်းဆောင်ရွက်လိုမှုအတွက် အကြံပြုတောင်းဆိုချက်များ

နည်းပညာမူဝါဒများသည် တိကျမှုရှိရန်၊ လူသားဆန်ရန်နှင့်ထိရောက်မှုရှိရန် လိုအပ်သည်ဟု ကျွန်ုပ်တို့အခိုင်အမာ ယုံကြည်သည်။ ထို့ကြောင့် SpaceX နှင့် သက်ဆိုင်ရာစည်းမျဉ်းထိန်းသိမ်းရေးအဖွဲ့များအနေဖြင့် အောက်ပါ လက်တွေ့ကျသော ဖြေရှင်းနည်းများကို အကောင်အထည်ဖော်ရန် အကြုံပြုတောင်းဆိုသည်။


၁။ ဝန်ဆောင်မှုများ ပြန်လည်စတင်ခြင်း 

မှတ်တမ်းတင်ထားပြီးဖြစ်သော လိမ်လည်မှုစခန်းများ၏တည်နေရာ(ကိုဩဒိနိတ်)ပြင်ပတွင်ရှိနေသည့် စက်ပစ္စည်း(တာမီနယ်)များ၏ဝန်ဆောင်မှုများကို ချက်ချင်းပြန်လည်စတင်ပေးရန် တောင်းဆိုပါသည်။ 


၂။ ပစ်မှတ်ထား အရေးယူဖြေရှင်းရေးယန္တရားတစ်ခု တည်ထောင်ရန်

ကျယ်ပြန့်သော ပိတ်ဆို့မှုများ (Blanket Ban) အစား တည်နေရာတိကျပြီး အချက်အလက်အခြေပြုသော အရေးယူမှုများဖြင့် အစားထိုးပါ။ တရားမဝင်လိမ်လည်မှုကွန်ပေါင်းများ၏အဓိကကိုဩဒိနိတ်(Coordinates)များကို မြေပြင်စုံ စမ်းစစ်ဆေးမှုများနှင့်ဂြိုဟ်တုဓာတ်ပုံဆန်းစစ်ချက်များတွင် အကျယ်တဝင့်မှတ်တမ်းတင်ထားပြီး ဖြစ်သည်။ ကန့်သတ် ချက်များကို တိုင်းဒေသကြီး/ပြည်နယ် သို့မဟုတ် ဒေသတစ်ခုလုံးအပေါ်မဟုတ်ဘဲ အဆိုပါအတည်ပြုထားသော နေရာများသို့သာ တိကျစွာ(Surgically) ချမှတ်ကျင့်သုံးသင့်သည်။


၃။ ပူးပေါင်းအတည်ပြုရေး လမ်းကြောင်းတစ်ခု တည်ဆောက်ရန်

မြန်မာနိုင်ငံရှိ အရပ်ဘက်လူမှုအဖွဲ့အစည်းများသည် စက်ပစ္စည်းပိုင်ဆိုင်မှုများကို စိစစ်အတည်ပြုပေးနိုင်ရန် မြေပြင်အ ရင်းအမြစ်အဖြစ်ဆောင်ရွက်ပေးနိုင်ပြီး ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိနေသည်။ ထိုသို့ ကူညီဆောင်ရွက်ပေးခြင်းဖြင့်လူသားချင်းစာနာမှုဆိုင်ရာအဖွဲ့အစည်းများနှင့်ရာဇဝတ်မှုဂိုဏ်းများကို ခွဲခြားသိရှိနိုင်ရန် အကူအညီများစွာဖြစ်မည်။


နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုများကို တိုက်ဖျက်ရာတွင် အပြစ်မဲ့ပြည်သူ သန်းပေါင်းများစွာ၏အသက်ကို ဆက်ပေးထားသော အသက်သွေးကြောများကို ဖျက်ဆီးပစ်ခြင်း မဖြစ်စေရန်အတွက် SpaceX၊ အမေရိကန်အစိုးရနှင့်နိုင်ငံတကာမိသားစုတို့နှင့် ပူးပေါင်းဆောင်ရွက်ရန် ကျွန်ုပ်တို့အသင့်ရှိနေကြောင်း မိမိတို့အရပ်ဘက်အဖွဲ့အစည်းအသီးသီးက လက်မှတ်ရေးထိုးထုတ် ပြန်ကြေညာလိုက်သည်။


ဆက်သွယ်ရန် -  tnyan@myanmarinternet.info


ထောက်ခံလက်မှတ်ရေးထိုးသော အဖွဲ့အစည်းများ

(အဖွဲ့အစည်းအမည်များကို အက္ခရာစဉ်အလိုက် ဖော်ပြထားပါသည်။)

  1. ABSDF (မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားဒီမိုကရက်တစ်တပ်ဦး)

  2. Action Committee for Democracy Development (ACDD) (ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်ရေးလှုပ်ရှားဆောင်ရွက်မှုကော်မတီ)

  3. All Arakan Students' & Youths' Congress (AASYC) (ရခိုင်ပြည်လုံးဆိုင်ရာကျောင်းသားနှင့်လူငယ်များအစည်းအရုံး)

  4. All Arakan Youth Organizations Network AAYON

  5. Alternative Solutions for Rural Communities (ASORCOM)

  6. Anandamyitta (အနန္တမေတ္တာ)

  7. Arakan Civil Society Network (ACSN) (ရခိုင်အရပ်ဘက်လူမှုအဖွဲ့အစည်းများကွန်ရက်)

  8. Arakan Heritage Foundation

  9. Arakan Youth Peace Network

  10. ASR-ASSOCIATION of SPRING RAINBOW

  11. Athan - Freedom of Expression Activist Organization (အသံ - လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် လှုပ်ရှားမှုအဖွဲ့)

  12. AWDO (ဧရာဝတီမြစ်အ​နောက်ဖက်ဖွံ့ဖြိုးတိုးတက်​ရေးအင်အားစု၊ ငဖဲ)

  13. AWDO (ဧရာဝတီမြစ်အ​နောက်ဖက်ဖွံ့ဖြိုးတိုးတက်​ရေးအင်အားစု၊မ​ကွေတိုင်း)

  14. Bago Region CDM Civil Servants Council (ပဲခူးဒေသ CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ)

  15. Basic Education Middle school (Nant Poke)

  16. Beyond Ah Nah

  17. Blood Money Campaign

  18. Board of Education NyaungShwe (ညောင်ရွှေပညာရေးဘုတ်အဖွဲ့)

  19. Board of Education Pekhon (ဖယ်ခုံမြို့နယ်ပညာရေးဘုတ်)

  20. Board of Education Shwebo (ရွှေဘိုမြို့နယ်ပညာရေးဘုတ်အဖွဲ့)

  21. Board Of Psychiatry, Myanmar (စိတ်ကျန်းမာဘုတ်အဖွဲ့၊ မြန်မာနိုင်ငံ)

  22. Burma Canadian Network (မြန်မာကနေဒီယန်ကွန်ရက်)

  23. CDM Medical Network (စီဒီအမ် ကျန်းမာရေးကွန်ရက်)

  24. Center For Action Points(CAP)

  25. Cherry Hospital, Karenni State , Myanmar (ချယ်ရီဆေးရုံ ကရင်နီပြည်နယ်)

  26. Citizens of Burma Award (Buffalo Chapter) (ပြည်သူ့ ဂုဏ်ရည် အသင်း) (Buffalo ဌာနခွဲ)

  27. Citizens of Burma Award Organization, Florida Chapter, USA. (ပြည်သူ့ဂုဏ်ရည်အသင်း) (ဖလော်ရီဒါဌာနခွဲ၊ အမေရိကန်ပြည်ထောင်စု)

  28. CRPH and NUG Supporters Ireland

  29. CRPH Funding Ireland

  30. Dagon University Students' Union (DUSU) (ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ) (ဒတကသ)

  31. Defend Myanmar Democracy 

  32. Development Media Group (DMG)

  33. Diocesan Health Commission (Pekhon)

  34. Equality Myanmar

  35. Federal Corner (ဖက်ဒရယ်ရပ်ဝန်း)

  36. Federation of Basic Education Worker Unions (အခြေခံပညာ ပညာရေးလုပ်သား သမဂ္ဂများ အဖွဲ့ချုပ်)

  37. Free Burma Ranger

  38. Gangaw North Mobile Team (ဂန်ဂေါ(မြောက်))

  39. Generation Wave (မျိုးဆက်လှိုင်း)

  40. Generations (မျိုးဆက်)

  41. Generations’ Solidarity Coalition of Nationalities (GSCN)

  42. GGWDO (ဂန့်​ဂေါဖွံ့ဖြိုးတိုးတက်​ရေးအဖွဲ့။)

  43. GMSR Korea 글로벌 미얀마 봄혁명 연대 (တကမ္ဘာလုံးဆိုင်ရာ မြန်မာ့နွေဦးတော်လှန်ရေး)

  44. Golden Brother (တော်လှန်အကြံပေးအဖွဲ့)

  45. Grassroots Collective (သာမာလူစု)

  46. GreenLand Development Organization (စိမ်းလမ်းမြေလူမှုဖွံဖြိုးရေးအဖွဲ့)

  47. Gyan Khone IDP Camp

  48. Health Organization

  49. Health Workforce

  50. Historical Carriers Group (သမိုင်းသယ်ဆောင်သူများအဖွဲ့)

  51. Human Rights Educator Network (လူ့အခွင့်အရေးနည်းပြမျာကွန်ရက်)

  52. Human Rights Foundation of Monland (မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း)

  53. India for Myanmar

  54. Inle Medical Team (အင်းလေးဒေသဆေးအဖွဲ့)

  55. Inle Region Liberation Organization

  56. Inle Women Union (အင်းလေးအမျိုးသမီးသမဂ္ဂ)

  57. Interim Basic Education School - Thingangyun (IBEST အခမဲ့ ပြည်သူ့ပညာရေးကျောင်း)

  58. Interim Federal Nursing and Midwifery Council (ကြားကာလဖက်ဒရယ်သူနာပြုနှင့်သားဖွားကောင်စီ)

  59. Interim Myanmar Railways Administration Council (lMRAC) ​(ကြားကာလမြန်မာ့မီးရထားအုပ်ချုပ်ရေးကောင်စီ)

  60. Interim Sagaing Federal Unit Basic Education Board (စစ်ကိုင်းဖက်ဒရယ်ယူနစ်အခြေခံပညာရေးဘုတ်)

  61. Justice & Equality Focus (JEF)

  62. Kachin Human Rights Watch

  63. Kachin State CDM Civil Servent Committee (ကချင်ပြည်နယ်နိုင်ငံ့ဝန်ထမ်းများကောင်စီ)

  64. Kachin Waves

  65. Kant Kaw Yeik (ကံ့ကော်ရိပ်)

  66. Karen Community of Minnesota. (မင်နီစိုးတားကရင်အသိုင်းအဝိုင်း)

  67. Karen Peace Support Network (KPSN)

  68. Karen Youth Network (ကရင်လူငယ်ကွန်ရက်)

  69. Karen Youth Organization (ကရင်လူငယ်အစည်းအရုံး)

  70. Karenni Civil Society Network (ကရင်နီလူမူအသင်းအဖွဲ့များကွန်ရက်)

  71. Karenni Hospital Myanmar

  72. Kayah Earthrights Action Network (ကယားပြည်လူ့အခွင့်အရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အခွင့်အရေး လှုပ်ရှားဆောင်ရွက်မှုကွန်ရက်)

  73. Kayan New Generation Youth (KNGY)

  74. KGSG

  75. Khaingmyethitsar Organization (ခိုင်မြဲသစ္စာ လူထုအကျိုးပြုအဖွဲ့အစည်း)

  76. Khamti Township Board of Education (ခန္တီးမြို့နယ်ပညာရေးဘုတ်အဖွဲ့)

  77. Kuki Women's Human Rights Organization

  78. Kyae Lak Myay

  79. Kyauktada Strike Committee (KSC)

  80. LAIN Technical support group

  81. Lautu Region People of Administration.

  82. Legal Aid for Human Rights

  83. Lin Yaung Chi (လင်းရောင်ခြည်)

  84. Lisu Youth Congress -LYC (လီဆူလူငယ်အစည်းအရုံး)

  85. Lovely Kindness Group (မေတ္တာရှင်မလေးများအဖွဲ့)

  86. Loveurcontent Entertainment

  87. Lucky Angel (ကံကောင်းသောနတ်သမီး)

  88. Magway Region Human Rights Network

  89. Matupi Community Development Organization (မတူပီလူမှုဘဝမြှင့်တင်ခြင်းဆိုင်ရာအဖွဲ့အစည်း)

  90. Medical Education Team (ဆေးပညာစဉ်ဆက်မပြတ်သင်ကြာ‌ရေးအဖွဲ့အစည်း)

  91. Medical Family Mandalay-MFM (ကျန်းမာရေးမိသားစု -မန္ထလေး)

  92. Ministry of Health, Government of Chinland, Chinland Council, Chinland, Myanmar

    (ကျန်းမာရေးဝန်ကြီးဌာန၊ ချင်းပြည် (Chinland) အစိုးရ၊ချင်းပြည် (Chinland) ကောင်စီ၊ ချင်းပြည်၊ မြန်မာ)

  93. Ministry of Health, National Unity Government, Myanmar

  94. Mobye Rescue Team(MRT) (မိုးဗြဲလူမှုကယ်ဆယ်ရေးအသင်း)

  95. MOH၊ ကျန်းမာရေးဦးစီးဌာန

  96. Mu Kayan လူမှုကူညီရေးအဖွဲ့

  97. Myaing people defense force (မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့)

  98. Myanmar Board of Anesthesia (မေ့ဆေးပညာဘုတ်အဖွဲ့)

  99. Myanmar Board of Health Professionals Educators

  100. Myanmar Board of Internal Medicine

  101. Myanmar Emergency Fund-Canada (မြန်မာ့အရေး‌ပေါ် ရံပုံငွေ ရှာဖွေရေး အဖွဲ့-ကနေဒါ)

  102. Myanmar Freedom of Religion or Belief Network (လွတ်လပ်စွာကိုးကွယ်ယုံကြည်ခွင့်ဆိုင်ရာ မြန်မာနိုင်ငံ ကွန်ရက်)

  103. Myanmar Internet Project (MIP) (မြန်မာအင်တာနက်ပရောဂျက်)

  104. Myanmar Spring Helping Hands

  105. Myanmar Student Christian Movement

  106. Myanmar Trauma Education

  107. MyaYar Knowledge Tree (မြယာ ဗဟု သစ်ပင်)

  108. Network for Human Rights Documentation – Burma (ND-Burma)

  109. New Light (အလင်းသစ်)

  110. New Myanmar Foundation

  111. New Ray Mountain Group

  112. New Rehmonnya Federated Force (NRFF) (ရာမညဖက်ဒရယ်အင်အားစုသစ်)

  113. New Step Women Empowerment Group (NSWG)

  114. Non-CDM ဝန်ထမ်းများစီမံခန့်ခွဲရေးကော်မတီ

  115. NUG, Department of Social Affairs MOSLHA

  116. Nway Oo Guru Lay Myar (နွေဦးဂုရုလေးများ )

  117. Nyan Lynn Thit Analytica (ဉာဏ်လင်းသစ်သုတေသနအဖွဲ့)

  118. OASIS MYANMAR Organization (အိုအေစစ်-မြန်မာ)

  119. Pakokku Youth Development Council (PYDC) (ပခုက္ကူလူငယ်ဖွံ့ဖြိုးရေးအသင်း)

  120. Pan Thitsar (ပန်သစ္စာ)

  121. PDO (ပွင့်ဖြူဖွံ့ဖြိုးတိုးတက်​ရေးအဖွဲ့၊ ပွင့်ဖြူ)

  122. Peace Classroom (ငြိမ်းချမ်းရေးစာသင်ခန်း)

  123. Phan Khar Myay (ဖန်ခါးမြေ)

  124. Phoenix Rehabilitation Centre

  125. Post- Modern Informal Education (နိစ္စဓူဝ ပညာရေး)

  126. Progressive Muslim Youth Association (PMYA)

  127. Progressive Voice (ရှေ့ပြေးအသံအဖွဲ့)

  128. Public Schools of Future Star on the Padiechaung Land (ပဒိုင်းချောင်းမြေပေါ်က"အနာဂတ်ကြယ်"ပြည်သူ့အခြေပြုစာသင်ကျောင်း)

  129. Rainbow Local Development Group

  130. Rangoon Scout Network - RSN

  131. Revolutionary Education Phaungbyin (REP) (REPတော်လှန်ပညာကွန်ရက်)

  132. Rural Community Development Society

  133. Sagaing District Medical Team

  134. Sagaing Federal Unit CDM Civil Servants Council (CCSC-SFU) (စစ်ကိုင်းဖက်ဒရယ်ယူနစ် CDMနိုင်ငံ့ဝန်ထမ်းများကောင်စီ)

  135. Sagaing Leagle Aid Group (စစ်ကိုင်း ဥပဒေ အထောက်ကူပြုအဖွဲ့)

  136. Save Myanmar San Francisco

  137. School (ကျောင်း)

  138. Shwe Phee Myay News Agency- SPM

  139. Shwechinthae Social Service Group (ရွှေခြင်္သေ့ လူမှုစောင့်ရှောက်ရေးအဖွဲ့)

  140. Sisters2Sisters

  141. Sitt Nyein Pann Foundation (စစ်ငြိမ်းပန်းဖောင်ဒေးရှင်း)

  142. Sone Yay Foundation (စုန်ရေဖောင်ဒေးရှင်း)

  143. Southern Heart Medical Team (တောင်ပိုင်းနှလုံးသား ဆေးအဖွဲ့ )

  144. Southern Initiatives

  145. Southern Youth Development Organization

  146. Spring Friends (နွေဦးမိတ်ဆွေများ)

  147. Spring Health-Nway Oo Kyan Mar (နွေဦးကျန်းမာ)

  148. SSNDF-Southern Shan Nationalities Defense Force (ရှမ်းပြည်(တောင်ပိုင်း)အမျိုးသားကာကွယ်ရေးတပ်)

  149. Sunya Federal Education Foundation (သုည ဖက်ဒရယ် ပညာရေး ဖောင်ဒေးရှင်း)

  150. Support Group for Democracy in Myanmar (The Netherlands)

  151. SYNERGY- Social Harmony Organization

  152. Ta'ang Women's Organization

  153. Tamar Institute of Development (တမာဖွံ့ဖြိုးရေးအင်စတီကျု)

  154. Tanintharyi CDM Solidarity Network (TCSN) (တနင်္သာရီတိုင်း CDM စည်းလုံးညီညွတ်မှုကွန်ရက်)

  155. Taungzalat Hospital , Kanpetlet (တောင်ဇလပ်ဆေးရုံ၊ကန်ပတ်လက်)

  156. Tawe Let Nyi (တွဲလက်ညီ)

  157. Technological Teachers' Federation (နည်းပညာဆိုင်ရာဆရာများအဖွဲ့ချုပ်)

  158. Telekyanmar (တယ်လီကျန်းမာ)

  159. Thanlyin Home Based Learning School(TLHBLS)

  160. Thar Yar Khone IDP camp

  161. The Nyimuyar Project (ညီမူရာ)

  162. Thint Myat Lo Thu Myar Organization (သင့်မြတ်လိုသူများအဖွဲ့)

  163. Union of Karenni State Youth (UKSY)

  164. Volunteers in Myanmar

  165. We Support NUG-NB

  166. Wetlet Strike Committee (ဝက်လက်သပိတ်ကော်မတီ)

  167. Women Alliance Burma (အမျိုးသမီးမဟာမိတ်အင်အားစု)

  168. Women Lead Resource Center

  169. Women's League of Burma (WLB)

  170. Yain Nweh Par (Rainbow Win The Storm - RIS) (ယိမ်းနွဲ့ပါး)

  171. Yangon Deaf Group

  172. Yangon Federal Unit CDM Civil Servants Organization (YFCCO) (ရန်ကုန်ဖက်ဒရယ်ယူနစ် စီဒီအမ် နိုင်ငံ့ဝန်ထမ်းများအဖွဲ့အစည်း)

  173. Yangon Medical Network (ရန်ကုန်ဆေးပညာကွန်ရက်)

  174. Yangon Region Higher Education Network (YRHEN ) (ရန်ကုန်ဒေသအဆင့်မြင့်ပညာရေးကွန်ရက်)

  175. Yaw Land's IDP Support Network

  176. Yinmarbin-Sarlingyi All Villages People Strike Leading Committee

    (ယင်းမာပင်-ဆားလင်းကြီး ကျေးရွာပေါင်းစုံ လူထုသပိတ်တိုက်ပွဲဦးဆောငကော်မတီ)

  177. Yinn Myitt Htarnay (ရင်းမြစ်ဌာနေ)

  178. Youth Empowermet

  179. Youth Scout For Democracy (YSD)

  180. Zotung Federal Council (ဇိုတုန်ဖက်ဒရယ်ကောင်စီ)

  181. ကျောက်ပန်းတောင်းမြို့နယ်ပညာရေးဘုတ်အဖွဲ့

  182. စင်ရော်ဌာနေ (လေကြောင်းရန်ကာကွယ်ရေးကွန်ရက်)

  183. စစ်ကိုင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့

  184. စစ်ငြိမ်းပန်း

  185. စွန်ရဲဌာနေ (လေကြောင်းရန်ကာကွယ်ရေးကွန်ရက်)

  186. တမာကောလိပ်

  187. တူမီးစာစဉ်အဖွဲ့

  188. နွေဦးတမာန် နိုင်ငံရေးအကျဉ်းသားကူညီစောင့်ရှောက်ရေးအဖွဲ့

  189. နွေဦးတမာရပ်ဝန်း

  190. နွေဦးရွက်သစ်

  191. နားဆင်သူများအဖွဲ့

  192. ပဉ္စမမဏ္ဏိုင်

  193. ပညာရေး CDM

  194. ပဲခူးယူနစ် ဖက်ဒရယ်အင်အားစု

  195. မင်းလှ​တောင်သူများအစုအဖွဲ့။

  196. ယောရောင်နီ

  197. ရင်းမြစ်ဌာနေ (လေကြောင်းရန်ကာကွယ်ရေးကွန်ရက်)

  198. လှေငယ်လေး

  199. လူသားစာနာ (Humanitarian)

  200. သန့်စင် သွေးလှုရှင်

  201. သမိုင်းသယ်ဆောင်သူများ

  202. အ.ထ.က ၊ယာကြီးကျောင်း (Basic Education High School)

  203. အညာတောအိမ်

  204. အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ် ပညာရေးဘုတ်အဖွဲ့


(ဖော်ပြပါ လက်မှတ်ရေးထိုးထားသည့် အဖွဲ့အစည်းများနှင့်အတူ လုံခြုံရေးဆိုင်ရာ စိုးရိမ်ဖွယ်ရာများကြောင့် အမည်မဖော်လိုသောအဖွဲ့အစည်း(၅၁)ခုလည်း ပါဝင်လက်မှတ်ထိုးထားသည်။ လက်ရှိတွင် စုစုပေါင်း လက်မှတ်ရေးထိုးသည့်အဖွဲ့(၂၅၅)ဖွဲ့ ရှိပြီဖြစ်သည်။ ဤထုတ်ပြန်ချက်ကို ထောက်ခံအတည်ပြုပြီး ပူးပေါင်းပါဝင်လိုသည့် အခြားအဖွဲ့အစည်းများကိုလည်း ကြိုဆိုဖိတ်ခေါ်အပ်ပါသည်။)

bottom of page