top of page
Myanmar Internet Project

DIGITAL COUP QUARTERLY (August 2021 to October 2021)

Updated: Dec 16, 2023



၂၀၂၁ ခုနှစ် ဩဂုတ်လအတွင်း ကြုံတွေ့ခဲ့ရသည့် ဒစ်ဂျစ်တယ် ဖိနှိပ်မှုဆိုင်ရာဖြစ်စဉ်များ


ဩဂုတ်လအတွင်း ကြုံတွေ့ခဲ့ရသည့် ဒစ်ဂျစ်တယ်ဖိနှိပ်မှုဖြစ်စဉ် အနှစ်ချုပ်


(က) ဘဏ်စာရင်းများအား ထိန်းချုပ်ဟန့်တားမှု စတင်လုပ်ဆောင်လာခြင်း

(ခ) ဖားကန့်ဒေသတွင် အင်တာနက်လိုင်းများ ဖြတ်တောက်ခံရခြင်း

ဩဂုတ်လ(၁)ရက်နေ့၌ မြဝတီနှင့်ချိတ်ဆက်ထားသည့် ဖိုက်ဘာအင်တာနက်လိုင်း ပြတ်တောက်မှုဖြစ်ခဲ့ခြင်းကြောင့် အင်တာနက်လိုင်းများ နှေးကွေးသွားသောအခြေအနေများဖြင့် အင်တာနက်သုံးစွဲသူများကြုံတွေ့ခဲ့ရသည်။ ယင်းဖြစ်စဉ်သည် (၁)ပတ် ဝန်းကျင်ခန့်အထိ ကြာမြင့်အောင် ဖြစ်ပေါ်ခဲ့သည်။

(က) ဘဏ်စာရင်းများအား ထိန်းချုပ်ဟန့်တားမှု စတင်လုပ်ဆောင်လာခြင်း

စစ်ကောင်စီသည် ပြည်သူလူထု၏ ဆက်သွယ်ရေးစနစ်အပေါ်တွင် ပုံစံမျိုးစုံနှင့် တိုက်ခိုက်မှုများကို ဆက်တိုက်ပြုလုပ်သည့်အ ပြင် အလှူငွေကောက်ခံသောဘဏ်စာရင်းများကို အသုံးပြုနိုင်မှုမရရှိနိုင်စေရန် တားမြစ်ကန့်သတ်မှုများပြုလုပ်သည့် ဖြစ်စဉ်များကို ဩဂုတ်လ(၆)ရက်နေ့တွင် စတင်တွေ့ရှိလာကြရသည်။


ကျန်မာရေးဆိုင်ရာ အကူအညီပေးနေသည် CDM Medical Network မှ ဘဏ်အကောင့် အပိတ်ခံခဲ့ရကြောင့် ထုတ်ပြန်ချက်


ထိုသို့ တားမြစ်ကန့်သတ်မှုများပြုလုပ်ရာတွင် စစ်အာဏာရှင်ဆန့်ကျင်ရေးကိစ္စရပ်များအတွက် အလှူခံမှုများကိုသာမ က ကျန်းမာရေးကိစ္စရပ်များအတွက် အလှူခံသည့် ဘဏ်စာရင်းများပင် ပါဝင်ခဲ့သည်ကို တွေ့ရသည်။

စစ်အာဏာရှင်တော်လှန်ရေးအင်အားစုများ အင်အားချိနဲ့သွားစေရန် စစ်အာဏာရှင်ဘက်မှနည်းလမ်းပေါင်းစုံအသုံး ပြု၍လုပ်ဆောင်နေသလို ဖက်ဒရယ်ဒီမိုကရေစီတော်လှန်ရေးအင်အားစုများမှလဲ စစ်အာဏာရှင်စနစ်အပြီး တိုင်အမြစ်ပြုတ်ရေးအတွက် နည်းလမ်းပေါင်းစုံ ရှာဖွေကြိုးစားနေသည်။ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ကာကွယ်ရေးဝန်ကြီးဌာနက မိတ်ဆက်ပေးခဲ့သော “Raffle Ticket” ရောင်းချမှုနှင့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ “အောင်လံလွှင့်ချီ နွေဦးထီ”ရောင်းချမှုတို့မှာထင်ရှားသည့် ကြိုးပမ်းမှုများဖြစ်သည်။

အန်ယူဂျီ(NUG)၏ ကာကွယ်ရေးဝန်ကြီးဌာနသည် “Raffle Ticket”ရောင်းချမှုနှင့်ပတ်သက်သည့် အကြောင်းအရာကို ဩဂုတ်လ(၁၂)ရက်နေ့တွင် စတင်မိတ်ဆက်ပေးခဲ့ပြီး “အောင်လံလွှင့်ချီနွေဦးထီ” ကို ဩဂုတ်လ(၁၅)ရက်နေ့တွင် စတင်ရောင်းချခဲ့သည်ကို တွေ့ရသည်။

ငွေကြေးလွှဲပြောင်းမှုများကို ထိန်းချုပ်ရန်အတွက် စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်၏ ညွှန်ကြားချက်


ထိုသို့ တော်လှန်ရေးရန်ပုံငွေ ရရှိမှုများအား ကန့်သတ်မှုများပြုလုပ်နိုင်ရန်နှင့် ငွေလွှဲပြောင်းမှုများကို စိစစ်ထိန်းချုပ်နိုင်ရန်အတွက် စစ်ကောင်စီလက်အောက်ခံဖြစ်သွားသည့် ဗဟိုဘဏ်သည် ဘဏ်နှင့် ငွေကြေးဆိုင်ရာအဖွဲ့အစည်းများအား ဩ ဂုတ်လ(၁၂)ရက်နေ့၊ နေ့စွဲဖြင့်ပေးပို့သည့် ညွှန်ကြားစာကို ဩဂုတ်လ(၁၆)ရက်နေ့၌ သတင်းမီဒီယာများတွင် ဖော်ပြခဲ့သည်ကို တွေ့ရသည်။

(ခ) ဖားကန့်ဒေသတွင် အင်တာနက်လိုင်းများ ဖြတ်တောက်ခံရခြင်း

ဩဂုတ်လ(၂၀)ရက်နေ့၌ ကချင်ပြည်နယ်၊ ဖားကန့်ဒေသတွင် အင်တာနက်လိုင်းများအား စစ်ကောင်စီ၏ ညွှန်ကြားမှုဖြင့် ဖြတ်တောက်ခံရကြောင်း Delta News Agency က ဖော်ပြခဲ့သည်ကို တွေ့ရသည်။ ယင်းသတင်းဖော်ပြချက်အရ “အကြမ်းဖက်စစ်အုပ်စုက ည(၈)နာရီမှစတင်ပြီး ယင်းဒေသရှိ ဆက်သွယ်ရေးတာဝါတိုင်(၅၀)ကျော်ရှိ အင်တာနက်ကွန်ရက်များကို ပိတ်ပစ်ရန် ညွှန်ကြားခဲ့သည်”ဟု သိရသည်။ ထိုကဲ့သို့ အင်တာနက်ဖြတ်တောက်ရန် ညွှန်ကြားချက်တွင် မိုဘိုင်းအင်တာနက်သာမက ဖိုက်ဘာအင်တာနက်နှင့် Broadband အင်တာနက်လိုင်းများပါ ပါဝင်ခဲ့သည်ဟု သိရပါသည်။


ကချင်ပြည်နယ် ဖားကန့်ဒေသတွင် အင်တာနက်လိုက်များဖြတ်တောက်မှုဆိုင်ရာ သတင်းဖော်ပြချက်


ဇူလိုင်လ လလယ်ပိုင်းမှစတင်ပြီး အင်တာနက်ဖြတ်တောက်ခံရသည့်ကာလအထိ ကချင်ပြည်နယ်၊ ဖားကန့်ဒေသတွင် ကေအိုင်အေ(KIA)ဖြင့် စစ်ရေးတင်းမာမှုများနှင့် ထိတွေ့မှုများရှိခဲ့ပြီး ဒေသခံများ၏ အကြမ်းဖက်စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု ပြင်းထန်စွာဖြစ်ပေါ်နေသည့် ကာလလည်းဖြစ်သည်။

၂၀၂၁ ခုနှစ် စက်တင်ဘာလအတွင်း ကြုံတွေ့ခဲ့ရသည့် ဒစ်ဂျစ်တယ် ဖိနှိပ်မှုဖြစ်စဉ်များ

စက်တင်ဘာလအတွင်း ကြုံတွေ့ခဲ့ရသည့် ဒစ်ဂျစ်တယ်ဖိနှိပ်မှုဖြစ်စဉ် အနှစ်ချုပ်


(က) ထားဝယ်တွင် အင်တာနက်လိုင်းများ ယာယီပြတ်တောက်ခဲ့ခြင်း

(ခ) စစ်ကောင်စီခွင့်ပြုချက် မပေးသေးသည့် တယ်လီနော၏ လက်လွှဲရောင်းချခြင်း

(ဂ) စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီး နေရာအချို့တွင် အင်တာနက်ဖြတ်တောက်ခံရခြင်း

(ဃ) စစ်ကောင်စီ၏ မိုဘိုင်းအသုံးပြုမှု ကြားဖြတ်ဖမ်းယူရေးစက်များတပ်ဆင်ရေးနှင့်

တယ်လီနောမြန်မာ၏ တရားဝင်ကြေညာချက်

(င) မကွေးတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်တို့တွင်လည်း အင်တာနက်ဖြတ်တောက်ခံရခြင်း


ကချင်ပြည်နယ်၊ ဖားကန့်ဒေသတွင် အင်တာနက်ဖြတ်တောက်မှုများ ပြန်လည်လုပ်ဆောင်ခဲ့ပြီးနောက်ပိုင်းတွင် နေရာဒေသ အလိုက် အင်တာနက်ဖြတ်တောက်မှုပြုလုပ်သည့်ဖြစ်စဉ်များ ဆက်တိုက်ဖြစ်ပေါ်လာခဲ့သည်ကို တွေ့ရှိရသည်။

(က) ထားဝယ်တွင် အင်တာနက်လိုင်းများ ယာယီပြတ်တောက်ခဲ့ခြင်း

စက်တင်ဘာလ(၅)ရက်နေ့၌ Dawei News Page၏ဖော်ပြချက်အရ ထားဝယ်ဒေသတွင် တယ်လီနော(Telenor), အူရီဒူး(Ooredoo)အင်တာနက်လိုင်းများအပြင် MBT ဝိုင်ဖိုင်လိုင်းများပါ ပြတ်တောက်သွားခဲ့သည်ကို သိရှိရသည်။ ယင်းပြတ်တောက်မှုသည့်အချိန်ကာလအားဖြင့် နှစ်နာရီဝန်းကျင်သာကြာမြင့်ခဲ့သော်လည်း အမ်ပီတီ(MPT)နှင့် မိုင်တဲလ်(Mytel) လိုင်းများမှာမှု ပြတ်တောက်ခဲ့ခြင်းမရှိခဲ့သည်ကို သတိပြုသင့်သည်။


ထားဝယ်အင်တာနက်ဖြတ်တောက်မှုနှင့် Dawei News Page ၏ သတင်းဖော်ပြချက်

ထိုကဲ့သို့ အင်တာနက်လိုင်း ပြတ်တောက်သွားသည့်ကာလနှင့် တိုက်ဆိုင်စွာပင် စစ်ကောင်စီတပ်များသည် ထားဝယ်၊ မြိတ်နှင့် ရေးဒေသများဘက်တွင် တပ်လှုပ်ရှားမှုများ လုပ်ဆောင်နေသည့် သတင်းများကိုလည်း တွေ့ရှိရသည်။

ထားဝယ်ဒေသ အင်တာနက်လိုင်းများ ပြတ်တောက်မှုကာလနှင့်တိုက်ဆိုင်သည့် စစ်ကောင်စီတပ်လှုပ်ရှားမှုသတင်း


(ခ) စစ်ကောင်စီခွင့်ပြုချက် မပေးသေးသည့် တယ်လီနော၏ လက်လွှဲရောင်းချခြင်း

ဇူလိုင်လ(၈)ရက်နေ့၌ ဒေါ်လာ(၁၀၅)သန်းဖြင့် M1 Group သို့ ရောင်းချခဲ့သည်ဆိုသည့် တယ်လီနော၏ ရောင်းဝယ်ရေးဆိုင် ရာသဘောတူညီချက်သည် စစ်ကောင်စီ၏ခွင့်ပြုချက်မရရှိသည်အတွက်ကြောင့် စောင့်ဆိုင်းနေရပြီးမရေမရာဖြစ်နေကြောင်း ကို နစ်ကီအေးရှား(Nikkei Asia)သတင်းတွင် စက်တင်ဘာလ(၇)ရက်နေ့က ဖော်ပြခဲ့သည်ကို တွေ့ရှိခဲ့ရသည်။ မည်သည့်အ ခြေအနေများကြောင့် နှောင့်နှေးကြန့်ကြာနေရသည်ကို အတိအကျမသိရှိရသော်လည်း စစ်ကောင်စီသည် ပြည်သူလူထု၏ အင်တာနက်အသုံးပြုမှုအား ကန့်သတ်ဟန့်တားသည့်အပြင် ဆက်သွယ်ရေးကဏ္ဍ၏ လှုပ်ရှားပြောင်းလဲမှုအခြေအနေအသီး သီးကိုပါ ထိန်းချုပ်လိုဟန်ရှိနေသည်မှာ ထင်ရှားသည်။


Nikke Asis သတင်းဌာနတွင် ဖော်ပြခဲ့တယ်လီနော၏ မရေမရာဖြစ်နေသော ပိုင်ရှင်ပြောင်းလဲရေး အခြေအနေဆိုင်ရာသတင်း


(ဂ) စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီး နေရာအချို့တွင် အင်တာနက်ဖြတ်တောက်ခံရခြင်း

စက်တင်ဘာလ(၁၄)ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ကနီ၊ ယင်းမာပင်၊ ဘုတလင်၊ အရာတော်၊ ဝက်လက်နှင့် ပုလဲမြို့နယ်များအပါအဝင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မိုးကုတ်မြို့နယ်နှင့် မြင်းခြံမြို့နယ်တို့တွင် ယင်းနေ့ နေ့လယ်ပိုင်းမှစတင်၍ စစ်ကောင်စီက အင်တာနက်လိုင်းများကို ဖြတ်တောက်ခဲ့သည်။ ဒေသခံများအဆိုအရ မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင်လည်း အင်တာနက်လိုင်းများ ပြတ်တောက်မှုရှိသည်ဟု ဒေသခံများက ဆိုသည်။ အချို့သောမြို့ နယ်များတွင် မိုဘိုင်းအင်တာနက်သာမက ဖုန်းလိုင်းများပါပိတ်ခဲ့သည့် ဖြစ်စဉ်များရှိသည်ဟု ဆိုသည်။ ရေဦးနှင့် တန့်ဆည် စသည့်နေရာများတွင် 2G အင်တာနက်သာ အသုံးပြုနိုင်သည်ဟု သိရသည်။

စစ်ကိုင်းအင်တာနက် ဖြတ်တောက်မှု ဆိုင်ရာ အခြေအနေအာ Mizzima သတင်းဋ္ဌာနမှ သတင်းဖော်ပြချက်


အင်တာနက်ဖြတ်တောက်ခံထားရချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီအကြားတွင် တိုက်ပွဲများပြင်းထန်နေပြီး စစ်ကောင်စီကလည်း ယင်းဒေသတွင် ရေကြောင်း၊ လေကြောင်းနှင့် ကုန်း ကြောင်းမှနေ၍ လက်နက်အင်အား၊ လူအင်အားတိုးချဲ့မှုများ ပြုလုပ်နေသည်ကို တွေ့ရသည်။



စစ်ကိုင်းတိုင်း အင်တာနက်ဖြတ်တောက်မှုနှင့်မရှေးမနှောင်းကာလ စစ်ကောင်စီ၏ တပ်လှုပ်ရှားမှုဆိုင်ရာ သတင်းဖော်ပြချက်


(ဃ) စစ်ကောင်စီ၏ မိုဘိုင်းအသုံးပြုမှု ကြားဖြတ်ဖမ်းယူရေးစက်များတပ်ဆင်ရေးနှင့်

တယ်လီနောမြန်မာ၏ တရားဝင်ကြေညာချက်

စက်တင်ဘာလ(၁၅)ရက်နေ့၊ တယ်လီနော၏ ထုတ်ပြန်ကြေညာချက်သည် မြန်မာပြည်သူလူထု၏ ဆက်သွယ်ရေးကိစ္စရပ်များအပေါ် စစ်ကောင်စီက မည်ရွေ့မည်မျှထိန်းချုပ်နေလိုကြောင်း ပိုမိုထင်ရှားစေသည်။ တယ်လီနော၏ထုတ်ပြန်ချက်၌ “မြန်မာ နိုင်ငံတွင် ဆက်လက်ရပ်တည်လိုပါက တယ်လီနောအနေဖြင့် ဖုန်းလိုင်းများအား ကြားဖြတ်ဖမ်းယူနိုင်မည့်စက်များ တပ်ဆင်ရေးခွင့်ပြုပေးရမည်”ဟု အာဏာသိမ်းစစ်ကောင်စီက ဖိအားပေးလာသောကြောင့် ဆက်လက်ရပ်တည်ရန် မဖြစ်နိုင်တော့ကြောင်း ထည့်သွင်းဖော်ပြထားသည်ကို တွေ့ရသည်။ ယင်းထုတ်ပြန်ချက်ကို ကြည့်ပါက စစ်အာဏာသိမ်းမှုနောက်ပိုင်းတွင် မြန်မာနိုင်ငံအတွင်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုနိုင်ခွင့် အခွင့်အရေးရေချိန် မည်မျှနိမ့်ကျသွားသည်ကို ဆဝါးကြည့်နိုင် သည်(ဆင်ခြင်ကြည့်နိုင်သည်)။


Telenor ၏ ထွက်ခွာရန် ဆုံးဖြတ်ချက်တွင် ကြားဖြတ်ဖမ်းယူရေးစက်များ တက်ဆင်ရန် စစ်ကောင်စီ၏ တောင်းဆိုချက်ကို လိုက်နာရန်မဖြစ်နိုင်သောကြောင့်လည်းပါဝင်ကြောင်း တယ်လီနော၏ တရားဝင်ထုတ်ပြန်ချက်

(င) မကွေးတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်တို့တွင်လည်း အင်တာနက်ဖြတ်တောက်ခံရခြင်း

စက်တင်ဘာလ(၂၃)ရက်နေ့တွင် မကွေးတိုင်းဒေသကြီး ဂန့်ဂေါ၊ မြိုင်၊ ထီးလင်း အပါအဝင် ချင်းပြည်နယ် ထန်တလန်၊ ဖလမ်း၊ တီးတိန်၊ တွန်းဇံ၊ မတူပီ၊ ကန်ကလက်၊ မင်းတပ်နှင့် ပလက်ဝါတို့တွင်ပါ စစ်ကောင်စီက အင်တာနက်လိုင်းများကို ဖြတ်တောက်ပစ်ခဲ့သည်။


မကွေးနှင့် ချင်းပြည်နယ်တို့တွင် အင်တာနက်လိုင်းများ ဖြတ်တောက်ခံရကြောင့် RFA သတင်းဋ္ဌာန၏ ဖော်ပြချက်


ထိုကဲ့သို့ အင်တာနက်လိုင်းများ ပြတ်တောက်ရခြင်းမှာ အန်ယူဂျီ(NUG)နှင့် ပီဒီအက်ဖ်(PDF)များက ဆက်သွယ်ရေးတာဝါတိုင်များအား ဖျက်ဆီးမှုကြောင့်ဟုစွပ်စွဲသည့် ကြေညာချက်တစ်စောင်ကို စစ်ကောင်စီလက်အောက်ခံ နိုင်ငံခြားရေးဝန် ကြီးဌာန၏ဝက်ဘ်ဆိုက်စာမျက်နှာတွင် စက်တင်ဘာလ(၂၅)ရက်နေ့က ထုတ်ပြန်ခဲ့သေးသည်။


အင်တာနက်ဖြတ်တောက်မှုအပေါ် စကစလက်အောင်ခံနိုင်ငံခြားရေး ဝန်ကြီးဋ္ဌာန၏ အဓိပ္ပာယ်မဲ့ ထုတ်ပြန်ချက်


အင်တာနက်ပြတ်တောက်မှုဖြစ်စဉ်များကို ပြန်လည်လေ့လာကြည့်ပါက စစ်ကောင်စီသည် ဒေသခံပီဒီအက်ဖ်(PDF) များ၊ တိုင်းရင်းသားတော်လှန်ရေးအင်အားစုများဖြင့် ထိတွေ့မှုပြင်းထန်သည့်ဒေသများနှင့် စစ်အာဏာရှင်တော်လှန်ရေးလှုပ် ရှားမှုပိုမိုပြင်းထန်သည့်ဒေသများအား ပစ်မှတ်ထားပိတ်ပင်ခဲ့သည်ဖြစ်ရာ စစ်ကောင်စီလက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာ န၏ထုတ်ပြန်ချက်သည် ယုတ္တိကင်းမဲ့လှသော ထုတ်ပြန်ချက်တစ်ခုသာဖြစ်သည်။


အင်တာနက်လိုင်းများ ဖြတ်တောက်မှုနှင့်ပတ်သက်သည့် Khit Thit Media ၏ သတင်းဖော်ပြချက်

ထို့သို့ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်ထုတ်ပြန်အပြီး နောက်တစ်နေ့ဖြစ်သော စက်တင်ဘာလ (၂၆)ရက်နေ့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးအတွက် ဒေသခံပီဒီအက်ဖ်(PDF)များ ရွပ်ရွပ်ချွံချွံတုန့်ပြန်တော်လှန်နေသည့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ကောလင်း၊ ဝန်းသိုနှင့် ပင်လည်ဘူး မြို့နယ်(၃)ခုအား ထပ်မံ၍ အင်တာနက်လိုင်းများနှင့် ဖုန်းလိုင်းများဖြတ်တောက်ခဲ့ရာ အင်တာနက်ဖြတ်တောက်ခံရသည့် မြို့နယ်စုစုပေါင်း(၂၅)မြို့နယ်အထိ ရှိလာသည်ကို တွေ့ရသည်။

၂၀၂၁ ခုနှစ် အောက်တိုဘာလအတွင်း ကြုံတွေ့ခဲ့ရသည့် ဒစ်ဂျစ်တယ်ဖိနှိပ်မှုဖြစ်စဉ်များ


အောက်တိုဘာလအတွင်း ကြုံတွေ့ခဲ့ရသည့် ဒစ်ဂျစ်တယ်ဖိနှိပ်မှု ဖြစ်စဉ် အနှစ်ချုပ်


(က) မင်းတပ်နှင့် မတူပီမြို့နယ်တို့တွင် အင်တာနက်လိုင်းများဖြတ်တောက်ခံရခြင်း

အထက်တွင်ဖော်ပြခဲ့သည့်အတိုင်း ပဋိပက္ခပြင်းထန်ရာနေရာဒေသများတွင် အင်တာနက်လိုင်းများ ဖြတ်တောက်၍ သတင်းစီးဆင်းမှုပြတ်တောက်သွားစေရန် လုပ်ဆောင်သောလုပ်ဆောင်မှုများကို စစ်ကောင်စီသည် တောက်လျှောက်လုပ်ဆောင်လာသည်ကို တွေ့ရသည်။

(က) မင်းတပ်နှင့် မတူပီမြို့နယ်တို့တွင် အင်တာနက်လိုင်းများဖြတ်တောက်ခံရ

အောက်တိုဘာလ(၈)ရက်နေ့တွင်လည်း ချင်းပြည်နယ် မင်းတပ်နှင့် မတူပီမြို့နယ်များတွင် အင်တာနက်လိုင်းများဖြတ်တောက်မှု ထပ်မံပြုလုပ်ခဲ့သည်ကို တွေ့ရသည်။

Mizzima သတင်းပါ မင်းတပ်နှင့် မတူပီ အင်တာနက်ဖြတ်တောက်ခံရမှု ဖြစ်စဉ်သတင်း


RFA သတင်းဋ္ဌာနပါ ပဋိပက္ခအတွင် လူနေအိမ်နှင့်ဘာသာရေး အဆောက်အအုံးများကိုပါ ထိခိုက်မှုရှိနေသည့် အခြေအနေ


အင်တာနက်ဖြတ်တောက်မှု ဖြစ်ပေါ်ခဲ့သည့်ကာလကို ပြန်ကြည့်လျှင် အထက်တွင်တွေ့ရှိရသည့် ဖြစ်စဉ်များအတိုင်း တော်လှန်ရေးအင်အားစုများဖြင့် တင်းမာသောပဋိပက္ခဖြစ်စဉ်များ ကြီးထွားနေချိန်ဖြစ်နေသည်ကို တွေ့ရသည်။ ယင်းတွင်ဒေ သအတွင်းရှိ ဒေသခံများနေထိုင်သော အဆောက်အအုံများနှင့် ဘာသာရေးအဆောက်အအုံများပါ ဆုံးရှုံးခဲ့သည့်ဖြစ်စဉ်များရှိနေသည်ကိုပါ တွေ့ရှိရသည်။



PDF ဖိုင်အား အောက်ပါလင်တွင် Download ရယူနိုင်ပါသည်။


Recommended Citation Style -


Myanmar Internet Project (2022, March 30). DIGITAL COUP QUARTERLY (August 2021 to October 2021).  https://www.myanmarinternet.info/my/post/quartely-report-003

26 views

Comments


bottom of page