top of page
  • Myanmar Internet Project

အကြမ်းဖက်မှုတိုက်ဖျက်ရေးနည်းဥပဒေထဲက ဆက်သွယ်ရေးဆိုင်ရာ ကြားဖြတ်နားထောင်ခွင့်မူဘောင်

Updated: Aug 3, 2023


ORMY006
.pdf
Download PDF • 278KB





နိဒါန်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းမှုနောက်ပိုင်း သတင်းအချက်အလက်စီးဆင်းမှုအပေါ် စစ်ကောင်စီက နည်းလမ်းပေါင်းစုံအသုံးပြု၍ ကန့်သတ်ထိန်းချုပ်လာသည်ကို ထင်ထင်ရှားရှားသိမြင်ခဲ့ကြရပြီး ဖြစ်သည်။ ထိုကန့်သတ်ထိန်းချုပ်မှုများထဲမှ အထင်ရှားဆုံးသောကိစ္စမှာ အင်တာနက်အသုံးပြုနိုင်မှု ကန့်သတ်ပိတ်ပင်ခြင်းဖြစ်သည်။ အာဏာသိမ်းကာလ (၂) နှစ်ကျော်အတွင်း အင်တာနက်မှသတင်းစီးဆင်းမှုများကို ထိန်းချုပ်ဟန့်တားနိုင်ရန် နည်းလမ်းပေါင်းစုံအသုံးပြုခဲ့သည်။ အင်တာနက်အသုံးမပြုနိုင်စေရန် အလုံးစုံပိတ်ပင်ခြင်း၊ အချိန်အကန့်အသတ်ဖြင့် အင်တာနက်အ သုံးပြုခွင့်ပေးခြင်း၊ ပဋိပက္ခဖြစ်ပွားရာဒေသများ၏ သတင်းစီးဆင်းမှုကို ထိန်းချုပ်နိုင်ရန်ရည်ရွယ်သော နေရာဒေသအလိုက် အင်တာနက်ကန့်သတ်ပိတ်ပင်ခြင်းနှင့် လူမှုကွန်ရက်မီဒီယာ(Social Media)အသုံးပြုနိုင်မှု ကန့်သတ်ပိတ်ပင်ခြင်း စသည့်နည်းလမ်းများကို စစ်ကောင်စီက အသုံးပြုခဲ့သည်။ ဥပဒေရှုထောင့်အရ တရားဝင်ဖြစ်စေရန် စစ်ကောင်စီ၏ တစ်ဖက်သတ်ဥပဒေပြင်ဆင်မှုများ ကန့်သတ်ပိတ်ပင်ခြင်းများကိုဆောင်ရွက်ရာတွင် ဥပဒေရှုထောင့်အရအကန့်အသတ်ဖြစ်စေနိုင်သောဥပဒေများကို စစ်ကောင် စီက ပြင်ဆင်ခဲ့သည်။ ဖုန်းနှင့် အီလက်ထရောနစ် ဆက်သွယ်ရေးအချက်အလက်များကို လွယ်လင့်တကူရယူခြင်း မပြုနိုင်ရန် အကာအကွယ်ပေးထားသော နိုင်လွှတ်လုံဥပဒေ၊ ပုဒ်မ (၈)(က)ကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ(၁၃)ရက်တွင် ပြင်ဆင်ခဲ့သည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ(၁၅)ရက်တွင်လည်း အင်တာနက်သုံးစွဲသူများကို ပိုမိုကန့်သတ်ထိန်းချုပ်နိုင်ရန်နှင့် ကြားဖြတ်နား ထောင်မှုများကို တရားဝင်လုပ်ဆောင်နိုင်ရန်ရည်ရွယ်သော အီလက်ထရောနစ် ဆက်သွယ်ရေးဥပဒေအား ပြင်ဆင်သည့်ဥပဒေကို ထပ်မံထုတ်ပြန်ခဲ့သည်။ မြန်မာနိုင်ငံအတွင်းလုပ်ငန်းဆောင်ရွက်နေကြသော တယ်လီကွန်းလုပ်ငန်းများအား ကြားဖြတ်ဖမ်းယူစက်များကို ဖိ အားပေးတပ်ဆင်ခိုင်းလာသောကြောင့် ပြည်တွင်း၌ လုပ်ငန်းဆက်လက်လုပ်ဆောင်ရန်မဖြစ်နိုင်တော့ကြောင်း နော်ဝေအခြေ စိုက်တယ်လီနောလုပ်ငန်းက တရားဝင်ထုတ်ဖော်ပြောကြားခဲ့သည်။ ၂၀၂၁ ခုနှစ် နိုဝင်ဘာလ၌ ရုပ်သံဥပဒေကို စစ်ကောင်စီက ပြင်ဆင်ခဲ့ပြီး အင်တာနက်ပေါ်မှ ထုတ်လွှင့်တင်ဆက်မှုများကိုအရေးယူနိုင်ရန် ဆောင်ရွက်ခဲ့သည်။ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ၌လည်း အခွန်အကောက်ဥပဒေကိုပြင်ဆင်၍ ဆင်းကဒ် (Sim Card)စျေးနှုန်းနှင့် အင်တာနက်သုံးစွဲမှုစျေးနှုန်းများကို တိုးမြှင့်ကောက်ခံခဲ့သည်။ ဖော်ပြပါ ဖြစ်စဉ်များသည် အာဏာသိမ်းကာလနောက်ပိုင်း အွန်လိုင်းအသုံးပြုမှုနှင့် သတင်းစီးဆင်းမှုများကို ကန့်သတ်ထိန်းချုပ်ဟန့်တားနိုင်ရန်ဆောင်ရွက်ခဲ့သောဥပဒေအား တစ်ဖက်သတ်ပြင်ဆင်ခြင်းကိစ္စရပ်များဖြစ်သည်။

အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ၊ ကြားဖြတ်နားထောင်ခြင်းနှင့် စောင့်ကြည့်ခြင်းဆိုင်ရာမူဘောင် ၂၀၂၃ ခုနှစ် မတ်လ(၁)ရက်နေ့၌ အကြမ်းဖက်မှုတိုက်ဖျက်ရေးနည်းဥပဒေအား စစ်ကောင်စီက စိတ်တိုင်းကျရေးဆွဲထုတ်ပြန်ခဲ့သည်။ ထိုဥပဒေ၏ အခန်း(၁၄)တွင် အီလက်ထရောနစ် သတင်းအချက်အလက်များ ကြားဖြတ်ဖမ်းယူခြင်း၊ ဖြတ်တောက်ခြင်း၊ ကန့်သတ်ခြင်းနှင့် တည်နေရာအတည်ပြုခြင်းဆိုသောအခန်းတစ်ခုကို ထည့်သွင်းပြဋ္ဌာန်းထားသည်။ တယ်လီကွန်းများအတွင်း စီးဆင်းနေသော အများပြည်သူ၏ သတင်းအချက်အလက်များကို ကြားဖြတ်ဖမ်းယူခြင်း၊ ဖြတ်တောက်ခြင်း၊ ကန့်သတ်ခြင်းနှင့် တည်နေရာအတည်ပြုခြင်းများကို စိတ်တိုင်းကျစီမံဆောင်ရွက်နိုင်ရန် “Lawful Interception Framework”ဟုဆိုသော “တရားနည်းလမ်းကျ ဆက်သွယ်ရေးဆိုင်ရာ ကြားဖြတ်နားထောင်ခွင့် မူဘောင်တစ်ရပ်” ဥပဒေအဖြစ်ရှိကြောင်း တစ် နည်းအားဖြင့် ပြသနိုင်ရန်လည်းဖြစ်သည်။ ထိုအချက်သည် ဥပဒေမူဘောင်အရ ဆောင်ရွက်ခြင်းဖြစ်ကြောင်း ဆင်ခြေပေးနိုင်ရုံထက် မပိုသောပြဋ္ဌာန်းချက်သာဖြစ်သည်။ ကြားဖြတ်နားထောင်ခြင်းနှင့် စောင့်ကြည့်ခြင်းဆိုင်ရာ မူဘောင်ဆိုသည်မှာ “တရားနည်းလမ်းကျ ဆက်သွယ်ရေးဆိုင်ရာ ကြားဖြတ်နားထောင်ခွင့်မူဘောင်”(Lawful Interception Framework)ဆို သည်မှာ ရာဇဝတ်မှုဆိုင်ရာကိစ္စရပ်များကိုဟန့်တားရန် ဥပဒေမူဘောင်များ၊ တယ်လီကွန်းများနှင့် အင်တာနက်ကွန်ရက်ဝန် ဆောင်မှုပေးသူများထံမှအချက်အလက်များ(ဖုန်းခေါ်ဆိုမှု၊ အီးမေးလ်ပေးပို့မှု၊ အင်တာနက်ပေါ်မှ သွားလာရာလမ်းကြောင်းများ)ကို စည်းမျဉ်းစည်းကမ်းများနှင့်အညီ တောင်းယူနိုင်ရန်အတွက် ပြဋ္ဌာန်းလေ့ရှိသော ဥပဒေမူဘောင်တစ်ခုဖြစ်သည်။ ယင်းမူဘောင်၏ အဓိကအကျဆုံးသော အစိတ်အပိုင်းမှာ လူတစ်ဦးခြင်း၏ ပုဂ္ဂလိကဆိုင်ရာလွတ်လပ်ခွင့်ကို လေးစားခြင်းနှင့် နိုင်ငံသားတို့၏ လွတ်လပ်မှုကို လေးစားရန်ဖြစ်သည်။ ထို့အပြင် ကြားဖြတ်နားထောင် စောင့်ကြည့်ခြင်းများ၌ တရားမျှ တမှု၊ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှုဆိုင်ရာအခြေအနေများဖြစ်ပေါ်စေရန် ဥပဒေနှင့် လုပ်ထုံးလုပ်နည်းများဆောင်ရွက်နိုင်ရေးဖြစ်သည်။ ထို့ကြောင့် တရားဝင်ကြားဖြတ်နားထောင်ခြင်းနှင့် စောင့်ကြည့်ခြင်းဆိုင်ရာကိစ္စရပ်များတွင် လူ့အခွင့်အရေးကို လေးစားလိုက်နာကာကွယ်ရေးသည် ယင်းမူဘောင်အတွက် အလွန်အရေးကြီးသည်။ လူတစ်ဦးခြင်း၏အခြေခံလူ့အခွင့်အရေး စံချိန်စံညွှန်းများထဲမှတစ်ခုဖြစ်သည့် ပုဂ္ဂလိကဆိုင်ရာလွတ်လပ်ခွင့်ကို ကာကွယ်နိုင်ရန်အတွက် လူအစုလိုက်အပြုံလိုက်အားစောင့်ကြည့်ခြင်း (သို့မဟုတ်) သင့်တော်ခိုင်မာသည့်အကြောင်းပြချက်မရှိပဲ လူတစ်ဦးအား စောင့်ကြည့်ခြင်းတို့ကို အကာအကွယ်ပေးရမည်ဖြစ်သည်။ ထိုပြဋ္ဌာန်းချက်ကို အာဏာရယူထားသူများသည် လက်နက်သဖွယ်အသုံးမပြုသင့်ပါ။ ရရှိလာသောအချက်အလက်များသည် လူတစ်ဦးချင်းစီ၏ ကိုယ်ရေးကိုယ်တာဆိုင်ရာတန် ဖိုးရှိသော အချက်အလက်များဖြစ်သည့်အတွက် ယင်းတို့ကို လုံခြုံစွာထိန်းသိမ်းပေးနိုင်ရေးသည်လည်း အရေးကြီးသည့်အ ချက်ထဲတွင် ပါဝင်သည်။ လူထု၏ အခြေခံလူ့အခွင့်အရေးကို တရားဥပဒေအရ အကာအကွယ်ပေးနိုင်သည့် “တရားနည်းလမ်းကျသော ဆက်သွယ်ရေးဆိုင်ရာ ကြားဖြတ်နားထောင်ခွင့်မူဘောင်”တစ်ခုပေါ်ပေါက်လာနိုင်ရေး အားထုတ်လုပ်ဆောင်ခြင်းကို အရပ်သားအစိုးရလက်ထက်၌ အရပ်ဘက်အဖွဲ့အစည်းများက ကြိုးစားခဲ့ကြသေးသည်။ စစ်ကောင်စီ၏ အကြမ်းဖက်မှုတိုက်ဖျက်ရေးနည်းဥပဒေပါ အီလက်ထရောနစ်သတင်းအချက်အလက် ကြား ဖြတ်ဖမ်းယူခြင်း၊ ဖြတ်တောက်ခြင်း၊ ကန့်သတ်ခြင်းနှင့် တည်နေရာအတည်ပြုခြင်း အချက်များအား သုံးသပ် ခြင်း အကြမ်းဖက်မှုတိုက်ဖျက်ရေး နည်းဥပဒေ၊ ပုဒ်မ (၇၉)တွင် အကြမ်းဖက်မှုနှင့်စပ်လျဉ်း၍ ဖြစ်စေ၊ အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုနှင့်စပ်လျဉ်း၍ဖြစ်စေ၊ ၎င်းတို့၏ တယ်လီဖုန်းနှင့် အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်မှုများကို ဖြတ်တောက်ခြင်း၊ ကန့်သတ်ခြင်း (သို့မဟုတ်) ကြားဖြတ်ဖမ်းယူခြင်း ပြုနိုင်ရေးအတွက် ဗဟိုအဖွဲ့၏ သဘောတူညီချက်ရရှိရေးဆောင်ရွက်ရမည့် အချက်(၆)ချက်ကို ဖော်ပြထားသည်ကို တွေ့ရသည်။ ယင်းတွင်ပါဝင်သည့် အချက်(၆)ချက်သည် သာမာန်လုပ်ထုံးလုပ် နည်းသဘောများသာဖြစ်သော်လည်း မီးမောင်းထိုးပြလိုသည့်အချက်မှာ“ဗဟိုအဖွဲ့သို့ တင်ပြရမည်ဆိုသော”အချက်ဖြစ်သည်။ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ ဗဟိုအဖွဲ့ကို ဖွဲ့စည်းရာတွင် ပြည်ထဲရေးဝန်ကြီးဋ္ဌာန၊ ပြည်ထောင်စုဝန်ကြီးက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ရမည်ဟုပါရှိနေရာ ယင်းတင်ပြမှုသည် ကိုယ့်လူနှင့် ကိုယ့်ဖဲကိုယ် ချိုးဝေသည်ထက် မပိုနိုင်ပါ။ ဒုတိတတင်ပြလိုသည့်အချက်မှာ “အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု”ဟုထည့်သွင်း သုံးနှုန်းထားသည့်အချက်ဖြစ် သည်။ ယင်းဖော်ပြချက်သည် ပီဒီအက်ဖ်(PDF)အဖွဲ့အစည်းများအား ငွေကြေးထောက်ပံ့ခြင်းအတွက် ယင်းဥပဒေဖြင့် အရေး ယူနိုင်ရန်ရည်ညွှန်းထားသည်မှာ ထင်ရှားသည်။ ဗဟိုအဖွဲ့၏ သဘောတူညီချက်ရရှိရေးအတွက် ဆောင်ရွက်ရမည့် အချက် (၆) ချက်အနက် ဒုတိယအချက်ပါ ဖော်ပြချက်တွင် “သတင်းအချက်အလက်ဆက်သွယ်ပြောကြားသည့် အကြမ်းဖက်သမားနှင့် အကြမ်းဖက်အုပ်စုအမည်(သိလျှင်)”ဟု ဖော်ပြထားသည်။ “သိလျှင်”အား ကွင်းစကွင်းပိတ်ဖြင့် ဖော်ပြထားရာ မသိခဲ့ပါကလည်း နိုင်ငံသားတစ်ဦး၏ ကိုယ်ရေးကိုယ်တာအချက်အလက်များအား သံသယထင်ကြေးဖြင့် စောင့်ကြည့်ခံရနိုင်ဖွယ်ရှိနေကြောင်း တွေ့ရသည်။ အကြမ်းဖက်မှုတိုက်ဖျက်ရေး နည်းဥပဒေ၊ ပုဒ်မ (၈၀) (ခ) တွင် ပုဒ်မ (၇၉)အရ တင်ပြလာချက်ကို သဘောတူခြင်း (သို့) ငြင်းဆိုခြင်းပြုလုပ်နိုင်သည်ဟု ဖော်ပြထားသည်။ သို့သော် မည်သည့်အခြေအနေတွင်ငြင်းဆိုရမည်။ မည်သို့သော အခြေအ နေမှသာ သဘောတူလက်ခံရမည်ဆိုသော ခိုင်မာသည့် လုပ်ထုံလုပ်နည်းများကို မတွေ့ရှိရပါ။ ဆုံးဖြတ်ချက်အားလုံးသည် ဗဟိုအဖွဲ့၏ သဘောထားအပေါ်တွင်သာ အလုံးစုံမူတည်နေသည်ကို တွေ့ရသည်။ ပုဒ်မခွဲ (၈၀) (ဃ) အရ ဗဟိုအဖွဲ့အနေဖြင့် သဘောတူထားပါက သက်ဆိုင်ရာတယ်လီကွန်းများနှင့် အင်တာနက်ကွန်ယက်ဝန်ဆောင်မှုပေးသူများသည် လုံးဝငြင်းဆိုခွင့်မရှိပဲ သုံးစွဲသူများ၏ အချက်အလက်များကိုပေးရန် ထည့်သွင်းပြဋ္ဌာန်းထားသည်ကို တွေ့ရသည်။ ပုဒ်မ(၈၁)ပါ ပြဋ္ဌာန်းချက်အရ ခွင့်ပြုမိန့်သည် တစ်ကြိမ်လျှင် ရက်ပေါင်း(၆၀)ဟု ကန့်သတ်ဖော်ပြထားသော်လည်း ပုဒ်မ (၈၂) (ခ)အရ အချိန်ကာလတိုးမြှင့်ပေးရန်တောင်းခံနိုင်ပြီး တိုးမြှင့်သည့်အကြိမ်အရေအတွက် ကန့်သတ်ထားသည်ကို မတွေ့ရှိရပါ။ ငွေကြေးထောက်ပံ့မှု”ဟူသောစကားလုံးကို အခန်း (၁၄) တွင်ပင် အကြိမ်ကြိမ်သုံးစွဲထားသည်ဖြစ်ရာ ၎င်းတို့အနေဖြင့် စစ်အာဏာရှင်တော်လှန်ရေးအတွက် ငွေကြေးထောက်ပံ့မှုများအပေါ် ယင်းဥပဒေဖြင့် အပြင်းအထန်အရေးယူနိုင်ရန်လုပ် ဆောင်ထားကြောင်း ထင်ရှားသည်။

နိဂုံး အကြမ်းဖက်မှုတိုက်ဖျက်ရေး နည်းဥပဒေပါ အီလက်ထရောနစ် သတင်းအချက်အလက် ကြားဖြတ်ဖမ်းယူခြင်း၊ ဖြတ်တောက်ခြင်း၊ ကန့်သတ်ခြင်းနှင့် တည်နေရာအတည်ပြုခြင်းဆိုင်ရာအခန်းရှိ ပြဋ္ဌာန်းချက်များသည် လူထု၏အကျိုးစီးပွားကို ရှေ့ရှု့ရည် ရွယ်ထားခြင်း စိုးစဉ်းမျှမရှိပါ။ ယင်းမတိုင်ခင်က ပြင်ဆင်ပြဋ္ဌာန်းခဲ့သော ဥပဒေများကဲ့သို့ပင် စစ်ကောင်စီ၏ အကျိုးစီးပွားအား အကာအကွယ်ပေးနိုင်ရေးနှင့် ဖိနှိပ်မှုများလုပ်ဆောင်ခြင်းကို ဥပဒေဘောင်အတွင်းမှ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ကာကွယ်ပြောဆိုနိုင်ရန် ပြင်ဆင်ခြင်းထက် ပိုမိုခြင်းမရှိကြောင်း တွေ့ရသည်။ ထို့အပြင် နည်းဥပဒေပေါ်ပေါက်လာသည့်ကာလသည် စစ်အာဏာသိမ်းထားသောကာလဖြစ်ပြီး လူထုက ရွေးကောက်တင်မြှောက်ထားသည့် အများပြည်သူကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်များနှင့် လွှတ်တော်ကျင်းပနိုင်ခြင်းမရှိသည့်အချိန်ဖြစ်သည်။ စစ်အာဏာရှင်လက်ထက်တွင် ပေါ်ပေါက်လာသော ဥပဒေဖြစ်ခြင်းကြောင့် လူ့အခွင့်အရေးဆိုင်ရာအကာအကွယ်နှင့် ပုဂ္ဂလိကဆိုင်ရာလွတ်လပ်ခွင့်များကို ထည့်သွင်းစဉ်းစားထားခြင်း ရှိမနေသည်မှာ ထူးဆန်းလှမည်မဟုတ်ပါ။ ထို့ကြောင့် စစ်ကောင်စီလက်ထက် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအောက်တွင် ထည့်သွင်းပြဋ္ဌာန်းခဲ့သော “ကြားဖြတ်နားထောင်ခြင်းနှင့် စောင့်ကြည့်ခြင်းမူဘောင်”ဟု ယေဘုယျနားလည်နိုင်သောအခန်းသည် ယင်းတို့၏ အကျိုးစီးပွားအကာအကွယ်ပေးနိုင်ရန် သက်သက်အတွက်သာ ထည့်သွင်းထားသော ဥပဒေတစ်ရပ်ဖြစ်သည်။

19 views

Comments


bottom of page