၂၀၂၁ ခုနှစ် စစ်အုပ်စုအာဏာသိမ်းပြီးနောက် သုံးကြိမ်တိုင်ပြင်ဆင်ခဲ့သော နိုင်လွတ်လုံဥပဒေ
- Myanmar Internet Project
- Feb 5
- 2 min read
Updated: Feb 6

အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီဥပဒေ အမှတ် ၄/၂၀၂၆
‘နိုင်လွတ်လုံ’ဟုအတိုကောက်ခေါ်ဆိုသော“နိုင်ငံသားများ၏ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့်ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကိုကာကွယ်ပေးရေးဥပဒေ” ကိုပြင်ဆင်သည့်ဥပဒေအား ဥပဒေပါ ပုဒ်များကို ရုပ်သိမ်းခြင်းနှင့်ပြင်ဆင်ခြင်းများဖြင့် အာဏာသိမ်းမှုနောက်ပိုင်းတွင် အကြိမ်ကြိမ်ပြုလုပ်ခဲ့သည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလအာဏာသိမ်းပြီးနောက် (၁၃)ရက်မြောက်နေ့၊ ဖေဖော်ဝါရီ(၁၃)ရက်နေ့၌ ‘နိုင်လွတ်လုံ’ဥပဒေ၏ပုဒ် မ(၅)၊ (၇)နှင့်(၈)တို့ကို ရပ်ဆိုင်းထားခဲ့သည်။ ထိုပုဒ်မ(၃)ခု ရပ်ဆိုင်းထားမှုအား ၂၀၂၅ ခုနှစ် ဩဂုတ်လ(၁)ရက်နေ့တွင် ဆက် လက်၍ သက်တမ်းတိုးခဲ့သည်။ ယခုတစ်ဖန် ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ(၃)ရက်နေ့တွင် “နိုင်ငံသားများ၏ပုဂ္ဂိုလ်ဆိုင်ရာလွတ် လပ်မှုနှင့်ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေ”ကို စစ်ကော်မရှင်က ထပ်မံပြင်ခဲ့သည်။ ယင်းပြင်ဆင်ချက်များကို ထင်ရှားစွာ သိမြင်နိုင်ရန် နှိုင်းယှဉ်ဖော်ပြချက်များဖြင့် ဆက်လက်ဖော်ပြသွားမည်။
မူလ ပြဋ္ဌာန်းထားသည့် ပုဒ်မ ၅ (ခ) (၂၀၂၁ ခုနှစ်တွင် ရပ်ဆိုင်းခဲ့) | ရပ်ဆိုင်းထားသည့် ပုဒ်မ ၅ (ခ) ကို ပြင်ဆင်ချက်အသစ်တွင် ပြုပြင်ပြောင်းလဲ ထည့်ရှိထား |
“ပုဂ္ဂိုလ်တစ်ဦးဦး၏နေအိမ်နှင့်နေအိမ်အဖြစ်အသုံးပြုသော အ ခန်း၊ အဆောက်အအုံ သို့မဟုတ် ပရဝဏ်နှင့်ပရဝဏ်အတွင်းရှိ အဆောက်အအုံများအတွင်းသို့ တည်ဆဲဥပဒေတစ်ရပ်ရပ်အရ ဝင်ရောက်ရှာဖွေခြင်း၊ သိမ်းဆည်းခြင်း သို့မဟုတ် သူတစ်ဦးဦး အားရှာဖွေခြင်း၊ ဖမ်းဆီးခြင်းပြုလုပ်လိုလျှင် သက်ဆိုင်ရာရပ် ကွက် သို့မဟုတ် ကျေးရွာအုပ်စုရှိအုပ်ချုပ်ရေးမှူးဖြစ်စေ၊ ကျေး ရွာတာဝန်ခံ သို့မဟုတ် ရာအိမ်မှူးဖြစ်စေ၊ ဆယ်အိမ်မှူးဖြစ်စေ တစ်ဦးဦးအပါအဝင် အနည်းဆုံးသက်သေနှစ်ဦးနှင့်အတူဆောင်ရွက်ရမည်။” | “ပုဂ္ဂိုလ်တစ်ဦးဦး၏နေအိမ်နှင့်နေအိမ်အဖြစ်အသုံးပြုသော အ ခန်း၊ အဆောက်အအုံ သို့မဟုတ် ပရဝဏ်နှင့် ပရဝဏ်အတွင်းရှိ အဆောက်အအုံများအတွင်းသို့ တည်ဆဲဥပဒေတစ်ရပ်ရပ်အရ ဝင်ရောက်ရှာဖွေခြင်း၊ သိမ်းဆည်းခြင်း သို့မဟုတ် သူတစ်ဦးဦး အားရှာဖွေခြင်း၊ ဖမ်းဆီးခြင်းပြုလုပ်လိုလျှင် နိုင်ငံတော်ကာ ကွယ်ရေးလုံခြုံရေးနှင့် အများပြည်သူ အေးချမ်းသာယာရေး အတွက်အရေးကြီးလိုအပ်ချက်မှတပါး သက်ဆိုင်ရာရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုရှိအုပ်ချုပ်ရေးမှူးဖြစ်စေ၊ ကျေးရွာတာ ဝန်ခံ သို့မဟုတ် ရာအိမ်မှူးဖြစ်စေ၊ ဆယ်အိမ်မှူးဖြစ်စေ တစ်ဦး ဦးအပါအဝင် အနည်းဆုံးသက်သေနှစ်ဦးနှင့်အတူ ဆောင်ရွက်ရမည်။” |
“နိုင်ငံတော်ကာကွယ်ရေး လုံခြုံရေးနှင့်အများပြည်သူအေးချမ်းသာယာရေးအတွက် အရေးကြီးလိုအပ်ချက်မှတပါး”ဟူသော စကားရပ်ကို မူလဥပဒေတွင် ဖြည့်စွက်လိုက်သဖြင့် စစ်ကောင်စီလက်အောက်ရှိလက်နက်ကိုင်တပ်ဖွဲ့ဝင်များသည် ‘နိုင်ငံတော်ကာကွယ်ရေးလုံခြုံ ရေးနှင့်အများပြည်သူအေးချမ်းသာယာရေး’ ခေါင်းစဉ်များအောက်တွင် နေအိမ်၊ အဆောက်အအုံနှင့်ပရဝဏ်များအတွင်းသို့ ယင်းတို့၏ စိတ်တိုင်းကျ စိတ်ရှိသ၍ ဝင်ရောက်ရှာဖွေဖမ်းဆီးခွင့်ရှိကြောင်း ဆိုလိုခြင်းဖြစ်သည်။
ထို့အပြင် ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ(၃)ရက်ပြင်ဆင်ချက်တွင် မူလကရပ်ဆိုင်းထားသည့် ပုဒ်မ(၈)၏ခြေဆင်းအား ပြင်ဆင်၍ ယင်း၌ပုဒ်မအား ပြန်လည်ပြဋ္ဌာန်းထားသည်။
မူလ ပြဋ္ဌာန်းထားသည့် ပုဒ်မ (၈) (၂၀၂၁ ခုနှစ်တွင် ရပ်ဆိုင်းခဲ့) | ဖြည့်စွက်ပြင်ဆင်ထားသည့် ပုဒ်မ ၈ ခြေဆင်း |
တာဝန်နှင့်လုပ်ပိုင်ခွင့်ရှိသူမည်သူမျှ တည်ဆဲဥပဒေနှင့်အ ညီ ခွင့်ပြုမိန့်၊ ခွင့်ပြုချက် သို့မဟုတ် ဝရမ်းတစ်စုံတစ်ရာမရှိဘဲဖြစ်စေ၊ နိုင်ငံတော်သမ္မတ သို့မဟုတ် ပြည်ထောင်စုအစိုး ရအဖွဲ့၏ ခွင့်ပြုချက်မရှိဘဲ ဖြစ်စေ - | “နိုင်ငံတော်ကာကွယ်ရေးလုံခြုံရေးနှင့်အများပြည်သူအေး ချမ်းသာယာရေးအလို့ငှာ ဥပဒေနှင့်အညီ တာဝန်အရ ဆောင်ရွက်ရသည့် တာဝန်နှင့်လုပ်ပိုင်ခွင့်ရှိသူ မည်သူမျှ တည်ဆဲဥပဒေနှင့်အညီ ခွင့်ပြုမိန့်၊ ခွင့်ပြုချက် သို့မဟုတ် ဝရမ်းတစ်စုံတစ်ရာမရှိဘဲဖြစ်စေ၊ နိုင်ငံတော်သမ္မတ သို့မ ဟုတ် ပြည်ထောင်စုအစိုးရအဖွဲ့၏ခွင့်ပြုချက်မရှိဘဲ ဖြစ်စေ - ”ဟု ပြင်ဆင်ဖြည့်စွက်ခဲ့သည်။ |
ထိုသို့ ပုဒ်မ(၈)ခြေဆင်းတွင် “နိုင်ငံတော်ကာကွယ်ရေး လုံခြုံရေးနှင့်အများပြည်သူ အေးချမ်းသာယာရေးအလို့ငှာ ဥပဒေနှင့်အညီ တာဝန်အရ ဆောင်ရွက်ရသည့်”ဆိုသောစကားရပ်အား ဖြည့်စွက်လိုက်ခြင်းအားဖြင့် နိုင်ငံတော်ကာကွယ်ရေး လုံခြုံ ရေးနှင့်အများပြည်သူအေး ချမ်းသာယာရေးခေါင်းစဉ်များအောက်တွင် မူလဥပဒေ၏ ပုဒ်မ ၈ (ဂ)နှင့်(ဃ)တွင်ပါဝင်သည့် အများပြည်သူအပေါ် ဒစ်ဂျစ်တယ်ခြေရာခံမှုနှင့်သက်ဆိုင်သော ဥပဒေအကာအကွယ်များမှာ ဆက်လက်ပျောက်ဆုံးသွားသည်။
ပုဒ်မ ၈ (ဂ) ပုဂ္ဂိုလ်တစ်ဦးနှင့်တစ်ဦးအကြား ဆက်သွယ်ရေးပစ္စည်းကိရိယာတစ်မျိုးမျိုးဖြင့် ဆက်သွယ်ပြောကြားခြင်းကို ကြားဖြတ်ဖမ်း ယူ နားထောင်ခြင်း သို့မဟုတ် တစ်နည်းနည်းဖြင့် အနှောင့်အယှက်ပေးခြင်း မပြုရ။ ပုဒ်မ ၈ (ဃ) ဆက်သွယ်ရေးအော်ပရေတာများထံမှ ပုဂ္ဂိုလ်ဆိုင်ရာတယ်လီဖုန်းနှင့်အီလက်ထရောနစ်ဆက်သွယ်ရေး သတင်းအချက်အ လက်များအား တောင်းယူခြင်း၊ ထုတ်ပေးခြင်းမပြုရ။ |
၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ(၃)ရက် ဥပဒေပြင်ဆင်ချက်တွင် ပုဒ်မ(၇)အားလည်း ပြန်လည်ထည့်သွင်းထားခြင်း မရှိသည်ကို တွေ့ရသည်။ ထို့ကြောင့် ယင်းအချက်အလက်သည်လည်း မရှင်းလင်းပေ။ “နိုင်ငံသားများ၏ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့်ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာ ကွယ်ပေးရေးဥပဒေ”၏ ပြင်ဆင်ချက်ပါ ပုဒ်မ(၅)၊ (၇)နှင့်(၈)တို့ကြောင့် “နိုင်ငံသားအခွင့်အရေးများဆက်လက်ဆုံးရှုံးနေဆဲ”ဖြစ်သည်။ ဒစ်ဂျစ်တယ်လွတ်လပ်ခွင့်ဆိုင်ရာရှုထောင့်မှသုံးသပ်ကြည့်ပါကလည်း ပုဒ်မ ၈ (ဂ)နှင့် (ဃ)တွင်ပါဝင်သည့် ဒီဂျစ်တယ်ခြေရာခံမှု အကာအကွယ်ပေးရေး ဥပဒေအကာအကွယ်များမှာ ဆက်လက်ပျောက်ဆုံးနေဆဲဖြစ်သည်။
Recommended Citation Style - Myanmar Internet Project(2026, February 3),
၂၀၂၁ ခုနှစ် စစ်အုပ်စုအာဏာသိမ်းပြီးနောက်သုံးကြိမ်တိုင်ပြင်ဆင်ခဲ့သော နိုင်လွတ်လုံဥပဒေ,
