top of page
  • Myanmar Internet Project

DIGITAL COUP QUARTERLY ( May 2023 to July 2023 )

၂၀၂၃ ခုနှစ် မေလမှ ဇူလိုင်လအတွင်း ကြုံတွေ့ခဲ့ရသည့် ဒစ်ဂျစ်တယ်ဖိနှိပ်မှုဖြစ်စဉ်များ


မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းထားမှုသည် (၂)နှစ်ခွဲခန့် ကြာမြင့်လာပြီဖြစ်သည်။ အာဏာသိမ်းစစ်ကောင်စီသည် အာဏာ သိမ်းကာလတစ်လျှောက်လုံး လူထု၏ဒီမိုကရေစီပြန်လည်တောင်းဆိုမှုများအပေါ် ဖိနှိပ်မှုများကို နည်းလမ်းမျိုးစုံဖြင့် ပြင်းထန်စွာ ပြုလုပ်ခဲ့သည်။ ထိုသို့ပြင်းထန်စွာဖိနှိပ်ခံရသည့်အထဲတွင် ဒစ်ဂျစ်တယ်ဖိနှိပ်မှုဖြစ်စဉ်များသည်လည်း အာဏာသိမ်းကာလတစ်လျှောက်လုံး ကြုံတွေ့ခဲ့ရသည့်အခြေအနေများ ဖြစ်သည်။

ပြီးခဲ့သည့်သုံးလတာကာလအတွင်း စစ်ကောင်စီ၏ဒစ်ဂျစ်တယ်ရပ်ဝန်းအပေါ်ဖိနှိပ်မှုများတွင် “လူဦးရေနှင့်သန်းခေါင်စာ ရင်းကောက်ယူရန်ပြင်ဆင်လာမှုများ၊ ဇီဝအချက်အလက်(Biometric Data)ကောက်ယူရန်ပြင်ဆင်မှုများ၊ အင်တာနက်ဖြတ်တောက်ခံရမှုဆိုင်ရာ ရင်ဆိုင်ကြုံတွေ့ခဲ့ရသည့်အခြေအနေများအပါအဝင် သတင်းမီဒီယာများနှင့်အွန်လိုင်းပေါ်တွင် မိမိအမြင်သဘောထားအား လွတ်လပ်စွာထုတ်ဖော်မှုအပေါ်ဖိနှိပ်မှုများနှင့် သတင်းမီဒီယာလွတ်လပ်ခွင့် ကျဆင်းသွားမှုအခြေအ နေများကို တွေ့မြင်ခဲ့ရသည်။

ယခုဆောင်းပါးတွင် ၂၀၂၃ ခုနှစ် မေလမှ ဇူလိုင်လ(သုံးလတာကာလ)အတွင်းဖြစ်ပျက်ခဲ့သည့် ဒစ်ဂျစ်တယ်ဖိနှိပ်မှုဖြစ်စဉ်များနှင့် ပတ်သက်သောတွေ့ရှိချက်များကို စုစည်းဖော်ပြသွားပါမည်။


(၁) ၂၀၂၃ ခုနှစ် မေလအတွင်း ကြုံတွေ့ခဲ့ရသည့် ဒစ်ဂျစ်တယ်ဖိနှိပ်မှုဖြစ်စဉ် အနှစ်ချုပ်

(က) စစ်ကောင်စီ၏ လူဦးရေနှင့်အိမ်ထောင်စုသန်းခေါင်စာရင်း ကောက်ယူရန်ပြင်ဆင်ခြင်းအခြေအနေများ

(ခ) မိုဘိုင်းဖုန်းနှင့်အင်တာနက်ဆက်သွယ်ရေး ဖြတ်တောက်မှုနှင့် စောင့်ကြည့်ခြေရာခံနိုင်မှုဆိုင်ရာအခြေအနေများ

(ဂ) သတင်းမီဒီယာလွတ်လပ်ခွင့်နှင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် အလွန်အမင်းကျဆင်းနေမှုအခြေအနေများ


(က) စစ်ကောင်စီ၏ လူဦးရေနှင့်အိမ်ထောင်စုသန်းခေါင်စာရင်း ကောက်ယူရန်ပြင်ဆင်ခြင်းအခြေအနေများ

၂၀၂၄ ခုနှစ် အောက်တိုဘာလ(၁)ရက်နေ့မှစတင်ပြီး သန်းခေါင်စာရင်းကောက်ယူသွားမည်ဟု စစ်ကောင်စီက ထုတ်ပြန်ထား သည်။ သန်းခေါင်စာရင်းကောက်ယူရာတွင် ကွန်ပျူတာဆော့ဝဲ(လ်)(Computer Software)ကိုအသုံးပြုပြီး လက်ကိုင်ဖုန်းနှင့် တက်ဘလက်(Tablet)များမှတစ်ဆင့်ကောက်ယူရန်စီစဉ်နေကြောင်းနှင့် ထိုသို့လုပ်ဆောင်နိုင်ရန် နိုင်ငံတကာကျွမ်းကျင်ပညာရှင်များကို ဖိတ်ခေါ်ထားသည်ဟု စစ်ကောင်စီလက်အောက်ခံ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနက ထုတ်ဖော်ပြောကြားထားသည်။

စစ်ကောင်စီ၏လူဦးရေသန်းခေါင်စာရင်းကောက်ယူမှုအစီအစဉ်သည် ပြည်တွင်းတွင်ဖြစ်ပေါ်နေသောပဋိပက္ခအခြေအ နေများနှင့် အင်တာနက်အခက်အခဲပေါ်မူတည်ပြီး အခက်အခဲများရှိနိုင်သည်ဟု အရပ်ဘက်အဖွဲ့အစည်းများ၏ထောက်ပြမှုများရှိနေသည်ကို တွေ့ရသည်။ ထို့အပြင် စစ်ကောင်စီသည် အာဏာသိမ်းပြီးနောက်တွင် ဒစ်ဂျစ်တယ်ရပ်ဝန်းအားဖိနှိပ်မှုများ ဆက်တိုက်ပြုလုပ်ခဲ့သည်ဖြစ်ရာ စစ်ကောင်စီ၏ သန်းခေါင်စာရင်းကောက်ယူမှုအစီအစဉ်မှရရှိလာမည့် ဒစ်ဂျစ်တယ်အချက် အလက်များသည် အတိုက်အခံအင်အားစုများအား စောင့်ကြည့်ခြေရာခံမှုများပိုမိုပြုလုပ်လာနိုင်သည့် အခြေအနေများရှိနေ သည်ကိုလည်း တွေ့ရသည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လူဦးရေစာရင်းကောက်ယူမှုကို ၂၀၁၄ ခုနှစ်၊ ဧပြီလ၌ မြန်မာနိုင်ငံတွင် နောက်ဆုံးပြု လုပ်ခဲ့သည်။


(ခ) မိုဘိုင်းဖုန်းနှင့်အင်တာနက်ဆက်သွယ်ရေး ဖြတ်တောက်မှုနှင့် စောင့်ကြည့်ခြေရာခံနိုင်မှုဆိုင်ရာအခြေအနေများ

စစ်ကောင်စီသည် အာဏာသိမ်းကာလတစ်လျှောက်လုံးတွင် ပြည်သူများ၏သတင်းဆက်သွယ်မှုအား အဟန့်အတားပြုလုပ်နိုင်ရေးအတွက် မိုဘိုင်းဖုန်းဆက်သွယ်မှုနှင့် အင်တာနက်လိုင်းဖြတ်တောက်မှုများကို ကြိမ်ဖန်များစွာပြုလုပ်ခဲ့သည်။ ၂၀၂၃ ခုနှစ် ဇွန်လအတွင်းတွင်လည်း အင်တာနက်လိုင်းဖြတ်တောက်မှုများပြုလုပ်ခဲ့သည်ကို တွေ့ရသည်။

၂၀၂၃ ခုနှစ် မေလ(၃)ရက်နေ့မှစတင်ပြီး မင်းကင်းမြို့နယ်အတွင်း အမ်ပီတီ(MPT)ဖုန်းလိုင်းများ စတင်ပြတ်တောက်သွားခဲ့သည်

၂၀၂၃ ခုနှစ် မေလ(၉)ရက်နေ့ ညနေ(၄)နာရီဝန်းကျင်မှစတင်ပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် အမ်ပီတီ (MPT)အင်တာနက်လိုင်းများပြတ်တောက်သွားခဲ့ပြီး အခြားသောမိုဘိုင်းအင်တာနက်လိုင်းများတွင်လည်း အသုံးပြုရမှုအခက် အခဲမျာဖြစ်ပေါ်ခဲ့သည်။

စစ်ကောင်စီ၏အင်တာနက်လိုင်းဖြတ်တောက်ထားမှုကြောင့် ချင်းပြည်နယ်အတွင်းရှိ ပြည်သူများသည် မြန်မာနိုင်ငံအ တွင်းသို့ တိုက်ရိုက်တိုက်ခတ်ခဲ့သော အင်အားပြင်းမုန်တိုင်းဖြစ်သည့် မိုခါမုန်တိုင်းနှင့်ပတ်သက်သောထုတ်ပြန်ချက်များကို အ ချိန်နှင့်တပြေးညီမရရှိနိုင်ခဲ့ခြင်းများလည်ဖြစ်ပေါ်ခဲ့သေးသည်။

တယ်လီနောမြန်မာ(Telenor Myanmar)ထံမှ လက်လွှဲဝယ်ယူခဲ့သည့် အက်တမ်(ATOM)တယ်လီကွန်းသည် ယင်းထံမှဝန်ဆောင်မှုသုံးစွဲသူများအား မိုဘိုင်းဆင်းကဒ်(Mobile Sim Card)များ ပြန်လည်မှတ်ပုံတင်နိုင်ရေးအတွက် စာတို (SMS)များပေးပို့ရာတွင် သုံးစွဲသူများရောက်ရှိရာနေရာနှင့်အနီးဆုံးရှိ အက်တမ်ဒစ်ဂျစ်တယ်စတိုး(Atom Digital Store) ဆိုင်များ၏တည်နေရာကိုညွှန်ပြသည့်အချက်အလက်များ ထည့်သွင်းပေးပို့ခဲ့သည်ကိုတွေ့ရသည်။ ယင်းစာတို(SMS)များအ ပေါ်မူတည်၍ကောက်ချက်ချရပါက မိုဘိုင်းဖုန်းများမှတစ်ဆင့် သုံးစွဲသူများ၏တည်နေရာကို အလွယ်တကူခြေရာခံနိုင်သည့်အ ခြေအနေရှိနေကြောင်း ထင်ရှားသည်။

ဆင်းကဒ်သုံးစွဲသူများ ရောက်ရှိနေသောနေရာနှင့် အနီးဆုံးအက်တမ်ဒစ်ဂျစ်တယ်စတိုးသို့ ညွှန်ပြ၍ ဆင်းကဒ်မှတ်ပုံတင်ရန်ပေးပို့သည့် စာတို


ထိုအခြေအနေကို နည်းပညာရှုထောင့်အရသုံးသပ်ပါက မိုဘိုင်းဝန်ဆောင်မှုသုံးစွဲသူများသည် “GPS Location”ကို ဖွင့်ထားသည်ဖြစ်စေ၊ ပိတ်ထားသည်ဖြစ်စေ ဆင်းကဒ်(SIM Card)မှတစ်ဆင့် တည်နေရာခြေရာခံမှုများပြုလုပ်နိုင်သည်ကို တွေ့ရသည်။ မိမိသုံးစွဲနေသည့် ဆင်းကဒ်(SIM Card)သည် မိုဘိုင်းဝန်ဆောင်မှုကိုရယူနိုင်ရန်အတွက် အနီးစပ်ဆုံးသောတာဝါတိုင်များနှင့် မဖြစ်မနေချိတ်ဆက်ရသည်ဖြစ်ရာ ထိုသို့ ချိတ်ဆက်မှုများမှတစ်ဆင့်တွက်ချက်ရယူပြီး သုံးစွဲသူ၏တည်နေရာကို ရှာဖွေနိုင်ခြင်းဖြစ်သည်။ ယင်းအချက်သည် မိုဘိုင်းဖုန်းသုံးစွဲသူများ၏ လုံခြုံရေးအတွက် အလွန်စိတ်ပူစရာကောင်းသောအခြေအနေလည်းဖြစ်သည်။


(ဂ) သတင်းမီဒီယာလွတ်လပ်ခွင့်နှင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အလွန်အမင်းကျဆင်းနေမှုအခြေအနေများ

စစ်အာဏာသိမ်းမှုနောက်ပိုင်းတွင် မြန်မာနိုင်ငံ၏သတင်းမီဒီယာလွတ်လပ်ခွင့်နှင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်တို့မှာ ဆိုး ဝါးစွာကျဆင်းလာသည်ကို တွေ့ရသည်။ နယ်စည်းမခြားသတင်းသမားများအဖွဲ့(RSF)မှထုတ်ပြန်သည့် သတင်းမီဒီယာလွတ် လပ်ခွင့်အညွှန်းကိန်းအရ ကမ္ဘာ့နိုင်ငံပေါင်း(၁၈၀)၌ မြန်မာနိုင်ငံသည် အဆင့်(၁၇၃)နေရာတွင်ရောက်ရှိနေခြင်းမှာ အထက်ပါအဆို အတိအကျမှန်ကန်နေကြောင်း သက်သေပြနိုင်သည့် အထောက်အထားတစ်ခုဖြစ်သည်။

ထိုကဲ့သို့ သတင်းမီဒီယာလွတ်လပ်ခွင့်ကျဆင်းနေရုံသာမက လူတစ်ဦးတစ်ယောက်ခြင်း၏လွတ်လပ်စွာထုတ်ဖော်ပြော ဆိုနိုင်ခွင့်အခြေအနေမှာလည်း ဆိုးဆိုးဝါးဝါးကျဆင်းနေသည်။ စစ်အာဏာသိမ်းမှုနောက်ပိုင်း၌ ဆိုးဝါးစွာလျှပ်စစ်မီးပြတ်တောက်လာသောအခြေအနေကို လူမှုကွန်ရက်မှတစ်ဆင့်ထုတ်ဖော်ဝေဖန်ခဲ့သည့် လူငယ်ဟစ်ဟော့(Hip-hop)အဆိုတော် ဗျူဟာအား မေလ(၂၄)ရက်နေ့တွင် အာဏာသိမ်းစစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းခဲ့သည်ထိုကဲ့သို့ စစ်ကောင်စီ၏လုပ်ရပ်များကြောင့် လူမှုကွန်ရက်သုံးစွဲသူများသည် မိမိ၏အတွေးအမြင်များကို လွတ်လပ်စွာထုတ်ဖော်နိုင်ခွင့်ဆုံးရှုံးနေရပြီး ကိုယ်တိုင်ဆင်ဆာဖြတ်ခြင်း(Self- Censorship)များလုပ်ဆောင်ကာ ပြောဆိုရေးသားနေကြရသည်။


(၂) ၂၀၂၃ ခုနှစ် ဇွန်လအတွင်း ကြုံတွေ့ခဲ့ရသည့် ဒစ်ဂျစ်တယ်ဖိနှိပ်မှုဖြစ်စဉ် အနှစ်ချုပ်


(က) မိုဘိုင်းဖုန်းနှင့် အင်တာနက်ဆက်သွယ်ရေးဖြတ်တောက်မှုအခြေအနေများ

(ခ) လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နှင့် သတင်းစီးဆင်းမှုအပေါ် စစ်ကောင်စီ၏ ဖိနှိပ်မှုအခြေအနေများ

(ဂ) ဇီဝအချက်အလက်ကောက်ခံရေးအစီအစဉ်ကို စတင်ပြင်ဆင်လာမှုအခြေအနေများ

(က) မိုဘိုင်းဖုန်းနှင့် အင်တာနက်ဆက်သွယ်ရေးဖြတ်တောက်မှုအခြေအနေများ

စစ်ကောင်စီသည် အာဏာသိမ်းကာလတစ်လျှောက်လုံး၌ ယင်းတို့အားဆန့်ကျင်သော ဒီမိုကရေစီအရေးလှုပ်ရှားသူများအပေါ် ပိုမိုဖိနှိပ်နိုင်ရေးနှင့် သတင်းစီးဆင်းမှုနှေးကွေးစေရေးအတွက် အင်တာနက်ဖြတ်တောက်မှုများကို ပုံစံမျိုးစုံဖြင့်လုပ်ဆောင်ခဲ့သည်။ ထိုကဲ့သို့လုပ်ဆောင်မှုများ အား ၂၀၂၃ ခုနှစ် ဇွန်လတွင်လည်း လုပ်ဆောင်ခဲ့သည်ကို တွေ့ရသည်။

ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့အနီးရှိ ကျေးရွာများအပါအဝင် မြို့ပြင်နေရာအချို့တွင် ဇွန်လ(၂၇)ရက်နေ့ မ နက်ပိုင်းမှစတင်၍ မိုဘိုင်းဖုန်းနှင့် အင်တာနက်လိုင်းမျာပြတ်တောက်သွားခဲ့သည်ပြီးခဲ့သည့် မေလ(၃)ရက်နေ့မှ စတင်ပြတ်တောက်သွားခဲ့သော မင်းကင်းမြို့နယ်ရှိ အမ်ပီတီ(MPT)ဖုန်းလိုင်းများပြတ်တောက်သွားမှုသည် ယခုဇွန်လအထိ ဆက်လက်ဖြစ်ပေါ်နေသည်ကိုလည်း တွေ့ရှိရသည်။


(ခ) လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် သတင်းစီးဆင်းမှုအပေါ် စစ်ကောင်စီ၏ ဖိနှိပ်မှုအခြေအနေများ

လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နှင့် သတင်းစီးဆင်းမှုအပေါ်ဖိနှိပ်မှုများအား ၂၀၂၃ ခုနှစ် ဇွန်လအတွင်းတွင်လည်း စစ်ကောင်စီက သိသာစွာ လုပ်ဆောင်လာခဲ့သည်ကို တွေ့ရသည်။ ဇွန်လ(၁၀)ရက်နေ့တွင် စစ်ကောင်စီသည် ဧရာဝတီတိုင်းမ်သ တင်းဌာနကို လုပ်ငန်းလိုင်စင်ပိတ်သိမ်းခဲ့သည်လူမှုကွန်ရက်ဆိုရှယ်မီဒီယာ၌ စစ်ကောင်စီအားဆန့်ကျင်ရေးသားမှုကြောင့် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသူ စုစုပေါင်းသည် ဇွန်လ(၁၄)ရက်နေ့မှ (၂၁)ရက်နေ့အထိ တစ်ပတ်တာကာလအတွင်း(၅၀)ဦးရှိသည်ဟု စစ်ကောင်စီက ထုတ်ပြန်ခဲ့သည်။ စစ်ကောင်စီ၏ထုတ်ပြန်ချက်များအပေါ်အခြေခံ၍ အာရ်အက်ဖ်အေ(RFA)သတင်းဌာနက ပြုစုထားသောစာရင်းဇယားအရ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၃ ခုနှစ် ဧပြီလကုန်အထိ တစ်နှစ်ကျော်ကာလအတွင်း လူမှုကွန်ရက်ဆိုရှယ်မီဒီယာများဖြစ်သည့် ဖေ့ဘွတ်ခ်(Facebook)၊ တစ်ခ်တော့(TikTok)နှင့် တယ်လီဂရမ်(Telegram)စသည့်စာမျက်နှာများတွင် စစ်ကောင်စီအား ဆန့်ကျင်ရေးသားသူများနှင့် ထိုသို့ရေးသားချက်များအား ပြန်လည်မျှဝေသူ လူဦး ရေ(၁,၀၅၀)အထိရှိခဲ့သည်ဟု သိရသည်။

စစ်ကောင်စီသည် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်များအား ဖိနှိပ်ရုံသာမက ပြည်သူများ၏ငွေကြေးစီးဆင်းမှုများကိုပါ ထိန်းချုပ်နေသည်ကိုလည်း တွေ့ရသည်။ ပြီးခဲ့သည့်မေလအတွင်း မိုဘိုင်းဘဏ်စာရင်း(၇၀၀)ကျော်ကို စစ်ကောင်စီက ပိတ်သိမ်းခဲ့သည်။ ထိုကဲ့သို့ ပိတ်သိမ်းခံရမှုများထဲတွင် နိုင်ငံရေးနှင့်မဆက်နွယ်သည့် စီးပွားရေးလုပ်ဆောင်သူများ၏ ဘဏ်အကောင့်များပါ, ပါဝင်ခဲ့သည်ကိုတွေ့ရသည်မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှနိုင်ငံများအတွင်းရှိ အစိုးရများနှင့် အဖွဲ့အစည်းတစ်ချို့သည် အင်တာနက်အွန်လိုင်းနည်းပညာများကိုအသုံးချပြီး အတိုက်အခံများအားစောင့်ကြည့်ထိန်းချုပ်အနှောင့် အယှက်ပြုလုပ်မှုများ ပိုမိုတွင်ကျယ်လာနေကြောင်း ကုလသမဂ္ဂ၏ထုတ်ပြန်မှုများကိုလည်တွေ့ရှိရသည်

ဆင်းကဒ်(Sim Card)များ ပြန်လည်မှတ်ပုံတင်ရေးကိုလည်း စစ်ကောင်စီက ဖိအားပေးလုပ်ဆောင်နေသည်ကို တွေ့ရှိရသည်။ ထိုကဲ့သို့ ဖိအားပေးလုပ်ဆောင်မှုများကြောင့် သုံးစွဲသူများအနေဖြင့် ပြန်လည်မှတ်ပုံတင်မှုများပြုလုပ်ခဲ့သော်လည်း တယ်လီကွန်းများမှ ပြန်လည်မှတ်ပုံတင်ရန်အတွက် ထပ်မံပေးပို့မှုများကြောင့် အဆင်မပြေမှုများတွေ့ကြုံခဲ့ရသည်။ ဆင်းကဒ် (Sim Card)မှတ်ပုံတင်ရန်တိုက်တွန်းချက်များကို တယ်လီကွန်းများမှသာမက ဘဏ်များကလည်း ယင်းတို့၏ မိုဘိုင်းအပ်ပလီကေးရှင်းများမှတစ်ဆင့် ​ပေးပို့ခဲ့သည်။


(ဂ) ဇီဝအချက်အလက်ကောက်ခံရေးအစီအစဉ်ကို စတင်ပြင်ဆင်လာမှုအခြေအနေများ

အီလက်ထရောနစ်မှတ်ပုံတင်စနစ်ပြုလုပ်ရေးဆိုသည့်အကြောင်းပြချက်ဖြင့် ယခုနှစ်(၂၀၂၃ ခုနှစ်)ဧပြီလဝန်းကျင်မှစတင်၍ နေပြည်တော်ကော်စီအတွင်းရှိ မြို့နယ်အသီးသီးတွင် အချက်အလက်စမ်းသပ်ကောက်ခံမှုများ ပြုလုပ်ခဲ့သည်။ ယခုလ ဇွန်လ (၁၂)ရက်နေ့၌ ပဲခူးတိုင်းဒေသကြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီဌာနသည် ဇီဝအချက်အလက်(Biometric Data)ကောက်ယူနိုင်ရေးအတွက် သင်တန်းပြုလုပ်ခဲ့သည်ကို စစ်ကောင်စီပိုင်သတင်းစာမှတစ်ဆင့်ဖော်ပြခဲ့သည်။

ဇီဝအချက်အလက်များ(Biometric Data)ဆိုသည်မှာ လူတစ်ဦးတစ်ယောက်ခြင်း၏ကွဲပြားခြားနားသော ရုပ်ပိုင်းဆိုင် ရာ သို့မဟုတ် ဝိသေသလက္ခဏာများအပေါ်မူတည်ပြီး သက်သေခံအထောက်အထားအဖြစ် စိစစ်နိုင်သည့် ကွန်ပျူတာနည်းပညာအခြေပြုအချက်အလက်များ ဖြစ်သည်။


(၃) ၂၀၂၃ ခုနှစ် ဇူလိုင်လအတွင်း ကြုံတွေ့ခဲ့ရသည့် ဒစ်ဂျစ်တယ်ဖိနှိပ်မှုဖြစ်စဉ် အနှစ်ချုပ်


(က) ဇီဝအချက်အလက်(Biometric Data)ကောက်ယူရေး

ဆက်လက်အားထုတ်လုပ်ဆောင်လာသည့်အခြေအနေများ

(ခ) အင်တာနက်နှင့်မိုဘိုင်းဖုန်း ဆက်သွယ်ရေးဆိုင်ရာဖြတ်တောက်မှုအခြေအနေများ

(ဂ) ဖုန်းဆင်းကဒ်မှတ်ပုံတင်ရေး ဆက်လက်ဖိအားပေးလုပ်ဆောင်နေသည့်အခြေအနေများ

(ဃ) လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် သတင်းစီးဆင်းမှုအပေါ် စစ်ကောင်စီ၏ဖိနှိပ်မှုအခြေအနေများ


(က) ဇီဝအချက်အလက်(Biometric Data)ကောက်ယူရေး ဆက်လက်အားထုတ်လုပ်ဆောင်လာသည့်အခြေအနေများ

နိုင်ငံသားများ၏ကိုယ်ရေးကိုယ်တာအချက်အလက်များစွာပါဝင်သော ဇီဝအချက်အလက်(Biometric Data)ကောက်ယူမှုများအား ဇူလိုင်လအတွင်း သိသာလျှင်မြန်စွာ အကောင်အထည်ဖော်ဆောင်ရွက်လာသည်ကို တွေ့ရသည်။

ဇူလိုင်လ(၁)ရက်နေ့၌ တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီး ဌာနသည် ဌာနဆိုင်ရာဝန်ထမ်းများ၏ဇီဝအချက်အလက်(Biometric Data)ကောက်ယူမှုများကို လုပ်ဆောင်ခဲ့သည်။

ဇီဝအချက်အလက်ကောက်ယူခြင်းလုပ်ငန်းများ ကျွန်းစုမြို့နယ်၌ ဆောင်ရွက်လျက်ရှိကြောင်းဖော်ပြခဲ့သော

စစ်ကောင်စီလက်အောက်ခံ နိုင်ငံပိုင်သတင်းစာ၏ သတင်းဖော်ပြချက်


ဇူလိုင်လ(၃)ရက်နေ့၌ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် မိသားစုဝင်များ၏ ကိုယ်ရေးအချက်အလက်နှင့် ဇီဝဆိုင်ရာအချက်အလက်များ ကောက်ယူခဲ့သည်ကိုလည်း တွေ့ရှိရသည်။

ဇီဝအချက်အလက်ကောက်ယူခြင်းလုပ်ငန်းများ နောင်ချိုမြို့နယ်၌ ဆောင်ရွက်လျက်ရှိကြောင်းဖော်ပြခဲ့သော

စစ်ကောင်စီလက်အောက်ခံ နိုင်ငံပိုင်သတင်းစာ၏ သတင်းဖော်ပြချက်


ဇူလိုင်လ(၆)ရက်နေ့၌ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ တောင်ငူတက္ကသိုလ်ရှိ ပါမောက္ခချုပ်နှင့် ဒုတိယပါမောက္ခ ချုပ်များအပါအဝင် ဝန်ထမ်းများ၏ကိုယ်ရေးအချက်အလက်နှင့် ဇီဝဆိုင်ရာအချက်အလက်များ ကောက်ယူခဲ့သည်။

ဇီဝအချက်အလက်ကောက်ယူခြင်းလုပ်ငန်းများ တောင်ငူတက္ကသိုလ်၌ ဆောင်ရွက်လျက်ရှိကြောင်းဖော်ပြခဲ့သော

စစ်ကောင်စီလက်အောက်ခံ နိုင်ငံပိုင်သတင်းစာ၏ သတင်းဖော်ပြချက်


ဇူလိုင်လ(၁၄)ရက်နေ့၌ မြိတ်မြို့တွင် လူတစ်ဦးချင်းစီ၏ဇီဝအချက်အလက်(Biometric Data)များအား “Enroll- ment Device”ဖြင့် စာရင်းကောက်ယူဆောင်ရွက်လျက်ရှိပြီး “QR Code”ပါသည့် “Unique ID”နံပါတ် ပြန်လည်ထုတ် ပေးမှုများကို လုပ်ဆောင်လျက်ရှိသည်။ ဇူလိုင်လ(၁၅)ရက်နေ့သတင်းဖော်ပြချက်အရ “Unique ID”နံပါတ်(၉၀၀)ဦးကျော်ထုတ်ပေးခဲ့ပြီးဖြစ်ကြောင်းတွေ့ရှိရသည်။ မီဇိုရမ်ပြည်နယ်ရှိ မြန်မာစစ်ဘေးရှောင်များအနေဖြင့်လည်း မီဇိုရမ်ပြည်နယ်ဒေသတွင်းအာဏာပိုင်များနှင့် အရပ်ဘက်အဖွဲ့အစည်းများ၏ပူးပေါင်းဆောင်ရွက်မှုများဖြင့် ဇီဝအချက်အလက်ကောက်ယူခံရမှုများနှင့်ရင်ဆိုင်နေရသည်။

ဇူလိုင်လ(၁၈)ရက်နေ့၌ မွန်ပြည်နယ်၊ ပေါင်မြို့နယ်ရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် မိသားစုများအား ဇီဝအချက်အလက် (Biometric Data)မျာကောက်ယူနေသည့်သတင်းများလည်း စုဆောင်းရရှိခဲ့သည်။

ဇူလိုင်လ(၂၁)ရက်နေ့၌ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် နိုင်ငံသားတစ်ဦးချင်း၏ ကိုယ်ရေးအချက်အလက်(Biographic)နှင့် ဇီဝအချက်အလက်(Biometric)ကောက်ယူမှုများပြုလုပ်သည့်သတင်းကို မြန်မာ့ရုပ်မြင် သံကြား(MRTV)၏ တယ်လီဂရမ်ချန်နယ်တွင် ဖော်ပြခဲ့သည်ကို တွေ့ရှိခဲ့ရသည်။

ဇီဝအချက်အလက်ကောက်ယူခြင်းလုပ်ငန်းများ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ ဆောင်ရွက်လျက်ရှိကြောင်းဖော်ပြခဲ့သော

စစ်ကောင်စီလက်အောက်ခံ နိုင်ငံပိုင်မြန်မာ့ရုပ်မြင်သံကြားဌာန၏ သတင်းဖော်ပြချက်


ထို့အပြင် ဇူလိုင်လ(၂၄)ရက်နေ့ကလည်း မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြိုနယ်၌ ဇီဝအချက်အ လက်ကောက်ယူစိစစ်ခြင်းနှင့် “Unique ID”ထုတ်ပေးခြင်းလုပ်ငန်းများကိုလုပ်ဆောင်နေပြီး လူဦးရေ ၂,၄၀၀ ၏ အချက်အ လက်များကို ကောက်ယူပြီးစီးခဲ့သည်ဟု သတင်းတွင်ဖော်ပြထားသည်ကို တွေ့ရှိရသည်။

ခပ်စိပ်စိပ်လုပ်ဆောင်လာသော ဇီဝအချက်အလက်(Biometric Data)ကောက်ယူရေးလုပ်ဆောင်ချက်များကို လေ့ လာကြည့်ပါက စစ်ကောင်စီသည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် နိုင်ငံသားအားလုံး၏ ဇီဝအချက်အလက်(Biometric Data)ရရှိရေးကို အပူတပြင်းဆောင်ရွက်နေသည်ကို တွေ့ရှိရသည်။ ရွေးကောက်ပွဲကျင်းပမှုလုပ်ငန်းစဉ်းနှင့်ပတ်သက်ပြီး စစ်ကောင်စီသည် တိတိကျကျထုတ်ဖော်ပြောကြားနိုင်ခြင်းမရှိသည့်အခြေအနေတွင် ဇီဝအချက်အလက်(Biometric Data) ကောက်ယူမှုများသည် နိုင်ငံသားများ၏ လှုပ်ရှားသွားလာမှုများအပေါ် စောင့်ကြည့်နိုင်ရေးအတွက်သာ အဓိကရည်ရွယ်ပုံရသည်။ စစ်ကောင်စီ၏ ဇီဝအချက်အလက်(Biometric Data)ကောက်ယူရေးလုပ်ငန်းစဉ်ပြီးဆုံးသွားပါက ယခုထက်ပိုမိုတင်းကြပ်သည့် စောင့်ကြည့်ခံရမှုအခြေအနေများဖြင့် တွေ့ကြုံရဖွယ်ရှိသည်။


(ခ) အင်တာနက်နှင့်မိုဘိုင်းဖုန်း ဆက်သွယ်ရေးဆိုင်ရာဖြတ်တောက်မှုအခြေအနေများ

ဇူလိုင်လ(၃)ရက်နေ့ မဲခေါင်သတင်းဌာန၏သတင်းဖော်ပြချက်အရ ပြီးခဲ့သည့်ဇွန်လ(၂၈)ရက်နေ့မှစတင်ပြီး မိုးဗြဲမြို့ပေါ်တွင် ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများအား ဖြတ်တောက်ထားကာ စစ်ရေးထိုးစစ်ဆင်မှုများပြုလုပ်နေသည်ဇူလိုင်လ(၅)ရက်နေ့မှစတင်ပြီး စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မုံရွာမြို့နယ်အပါအဝင် မြို့နယ်အများစုတွင် အမ်ပီတီ(MPT)ဖုန်းလိုင်းများပြတ်တောက်နေပြီး ဖိုက်ဘာဝိုင်ဖိုင်အင်တာနက်လိုင်းများလည်အသုံးပြု၍မရဖြစ်နေသည်။

ဇူလိုင်လ(၆)ရက်နေ့ နံနက်(၂)နာရီဝန်းကျင်မှစတင်ပြီး ကရင်နီ(ကယား)ပြည်နယ်တွင် အက်တမ်နှင့် အူရီဒူးဖုန်းလိုင်းများကဲ့သို့ပုဂ္ဂလိကပိုင်ဖုန်းလိုင်းများဖြတ်တောက်ခံထားရပြီး စစ်ကောင်စီပိုင်ဖုန်းလိုင်းဖြစ်သည့် မိုင်တဲလ်တစ်ခုသာအသုံးပြု၍ ရနေကြောင်Myanmar Press Photo သတင်းဌာန၏သတင်းဖော်ပြချက်အရ သိရှိရသည်။ ဇူလိုင်လ(၁၁)ရက်နေ့ မနက်ပိုင်းမှစတင်ပြီး ကလေးမြို့တွင်လည်း အူရီဒူးနှင့် အက်တမ်ဖုန်းလိုင်းမျာဖြတ်တောက်ခံထားရသည်ဟု သိရှိရသည်။

မြန်မာနိုင်ငံတွင် မြို့နယ်(၅၀)ထက်မနည်း အင်တာနက်နှင့် ဖုန်းလိုင်းဆက်သွယ်ရေးစနစ်များ ဖြတ်တောက်ခံထားရသည်မှာ တစ်နှစ်ကျော်ရှိပြီဟု ဗီအိုအေ(VOA)သတင်းဌာနက စုစည်းဖော်ပြထားသည်။

ဇူလိုင်လအတွင်း မိုဘိုင်းဖုန်းနှင့်အင်တာနက် ဖြတ်တောက်ခံရသောဒေသများဖြစ်သည့် မိုးဗြဲမြို့၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိမြို့နယ်များနှင့် ကရင်နီ(ကယား)ပြည်နယ်သည် စစ်ကောင်စီ၏စစ်ရေးထိုးစစ်ဆင်မှုနှင့် ရင်ဆိုင်နေရသည့်ဒေသများဖြစ်သည်။ အထက်ပါဖြစ်စဉ်များအရ စစ်ကောင်စီသည် စစ်ဆင်ရေးပြုလုပ်မည့်အချိန်ကာလအပိုင်းအခြားများတွင် သ တင်းစီးဆင်းမှုပြတ်တောက်သွားစေရန်ရည်ရွယ်၍ အင်တာနက်နှင့်မိုဘိုင်းဖုန်း ဖြတ်တောက်မှုများပြုလုပ်လာသည်ကို တွေ့ရှိနိုင်ပါသည်။


(ဂ) ဖုန်းဆင်းကဒ်မှတ်ပုံတင်ရေး ဆက်လက်ဖိအားပေးလုပ်ဆောင်နေသည့်အခြေအနေများ

စစ်ကောင်စီသည် မိုဘိုင်းဖုန်းနှင့် အင်တာနက်ဆက်သွယ်ရေးအား လက်နက်တစ်ခုသဖွယ်အသုံးပြုနေသလို နိုင်ငံသားများအား ပိုမိုတင်းကြပ်စွာ စောင့်ကြည့်နိုင်ရေးအတွက် မိုဘိုင်းဖုန်းဆင်းကဒ်(Sim Card)မှတ်ပုံတင်ရေးလုပ်ငန်းစဉ်ကိုလည်း ဆက်လက်ဖိအားပေး လုပ်ဆောင်နေသည်ကို တွေ့ရသည်။ “ဖုန်းဆင်းကဒ်များ(၃)လအတွင်း မှတ်ပုံမတင်ပါက အပြီးပိတ်သိမ်းမည်”ဟု ဇူလိုင်လ(၅)ရက်နေ့တွင် စစ်ကောင်စီက ထပ်မံကြေညာခဲ့သည်။ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ(၃၁)ရက်နေ့နောက် ဆုံးထားပြီး ဆင်းကဒ်(SIM Card)များမှတ်ပုံတင်ရမည်ဟု စစ်ကောင်စီက ကြေညာထားခဲ့ပြီးနောက် ယခုထပ်မံကြေညာခြင်းဖြစ်သည်။ စစ်ကောင်စီလက်အောက်ခံ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူအင်အားဝန်ကြီးဌာနတွင်ရှိသည့်အချက်အလက်များဖြင့် တိုက်ဆိုင်စစ်ဆေးရာတွင် မှန်ကန်မှုမရှိသည့်ဆင်းကဒ်(SIM Card)များကို ရက်ပေါင်း(၃၀)နှင့် (၉၀)အတွင်း ပြန်လည်မှတ်ပုံတင်ရမည်ဖြစ်ကြောင်းလည်ကြေညာထားသည်။”


(ဃ) လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် သတင်းစီးဆင်းမှုအပေါ် စစ်ကောင်စီ၏ဖိနှိပ်မှုအခြေအနေများ

စစ်ကောင်စီသည် အထက်တွင်ဖော်ပြခဲ့သည့်အတိုင်း သတင်းစီးဆင်းမှုနှင့် နိုင်ငံသားများကို တင်းကြပ်စွာစောင့်ကြည့်နိုင်ရေးအတွက် အပြင်းအထန်လုပ်ဆောင်နေသလို နိုင်ငံသားများ၏ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နှင့် သတင်းမီဒီယာများ၏ လွတ်လပ်စွာသတင်းဖော်ပြခွင့်တို့အပေါ်တွင်လည်း တင်းကြပ်စွာဖိနှိပ်နေသည်ကို တွေ့ရသည်။

ဒီဗွီဘီ(DVB)နှင့် မဇ္ဈိမ(Mizzima)ရုပ်သံလိုင်းများအား ကြွေးကျန်ရှိနေတယ်ဆိုသည့်အကြောင်းပြချက်ဖြင့် ရန်ကုန် တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်တရားရုံးတွင် အမှုဖွင့်တရားစွဲရန်ပြင်ဆင်နေကြောင်း ဇူလိုင်လ(၈)ရက်နေ့၌ စစ်ကောင်စီ၏ ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ဖော်ပြောကြားခဲ့သည်။ တရားစွဲဆိုခံရသောသတင်းဌာနနှစ်ခုသည် ၂၀၂၁ ခုနှစ်၊ မတ်လ(၈) ရက်နေ့မှစတင်ကာ စစ်ကောင်စီ၏လုပ်ငန်းလိုင်စင်ပိတ်သိမ်းမှုကိုခံခဲ့ရသောသတင်းဌာနများဖြစ်သည်။ မဇ္ဈိမ(Mizzima)တွင် တာဝန်ထမ်းဆောင်ခဲ့သူများအားလည်း ပုဒ်မ ၅၀၅-က၊ မတရားအသင်း ဆက်သွယ်မှုဥပဒေပုဒ်မ ၁၇(၁) စသည့် ပုဒ်မများဖြင့် တရားစွဲဆိုမှုများပြုလုပ်ထားသလို ဝန်ထမ်း(၇)ဦးမှာလဲ လက်ရှိအချိန်တွင် စစ်ကောင်စီ၏ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံထားရသည်

စစ်ကောင်စီသည် နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ ပုဒ်မ ၅၀၅-ကဖြင့် အမှုဖွင့်ဖမ်းဆီးခံထားရသည့် သတင်းစာဆရာ ကျော်မင်းဆွေ၊ သရုပ်ဆောင်မေပန်းချီ၊ သရုပ်ဆောင်မြတ်သူသူ၊ အဆိုတော်မေလသံစဉ်နှင့် ရွှေရည်သိန်းတန်တို့အား ဇူလိုင် လ(၇)ရက်နေ့တွင် ပြန်လည်လွှတ်ပေးခဲ့သည်ကို တွေ့ရသည်။ ၁၉၆၂ ခုနှစ် ဇူလိုင်လ(၇)ရက်နေ့သည် မြန်မာနိုင်ငံတွင် ကျောင်းသားအရေးတော်ပုံစတင်ခဲ့သည့် သမိုင်းဝင်နေ့ရက်ဖြစ်သည်။ ဒီမိုကရေစီပြန်လည်ရရှိရေးအတွက် ဦးဆောင်လှုပ်ရှားသည့် တက်ကြွလှုပ်ရှားသူများသည် ထိုကဲ့သို့သမိုင်းဝင်နေ့ရက်များတွင် ဒီမိုကရေစီအရေးနှင့်သက်ဆိုင်သည့်သတင်းစကားများကို လူထုထံပေးပို့လေ့ရှိသည်။ ထိုသတင်းစကားများပျံ့နှံ့မှု လျော့ကျသွားစေရန်ရည်ရွယ်ချက်ဖြင့် စစ်ကောင်စီသည် ထိုသို့သောသမိုင်းဝင်နေ့ရက်များတွင် ယင်းတို့ဖမ်းဆီးထားသူများထဲမှထင်ရှားသူအချို့ကို ပြန်လည်လွှတ်ပေးမှုများ လုပ်ဆောင်တတ်သည်ကို တွေ့ရသည်။


၂၀၂၃ ခုနှစ် မေလမှ ဇူလိုင်လအတွင်းလုပ်ဆောင်ခဲ့သည့် စစ်ကောင်စီ၏ဒစ်ဂျစ်တယ်ဖိနှိပ်မှုများအပေါ်သုံးသပ်ကြည့်ပါက အင်တာနက်နှင့် မိုဘိုင်းဖုန်းဖြတ်တောက်မှုကဲ့သို့သောလုပ်ဆောင်မှုများအား ဆက်လက်လုပ်ဆောင်နေရုံသာမက လူထု၏ လှုပ်ရှားမှုမှန်သမျှကို စောင့်ကြည့်နိုင်ရေးအတွက် ဇီဝအချက်အလက်(Biometric Data)ကောက်ယူရေးဘက်တွင်လည်း အားစိုက်လုပ်ဆောင်လာသည်ကို တွေ့ရသည်။ ထိုကဲ့သို့ စစ်ကောင်စီ၏ဒစ်ဂျစ်တယ်ရပ်ဝန်းအတွင်း ဖိနှိပ်မှုဖြစ်စဉ်များ၏လားရာကိုဆင်ခြင်၍ လူထုအနေဖြင့် ဒစ်ဂျစ်တယ်ရပ်ဝန်းအတွင်း ဆက်သွယ်လှုပ်ရှားမှုများကို ခြေရာမခံနိုင်စေရေးနှင့် ခြေရာမကျန်စေရေးအတွက် ဒစ်ဂျစ်တယ်လုံခြုံရေးကို ဦးစားပေးအနေဖြင့် ဆောင်ရွက်ထားရန်ပိုမို လိုအပ်လာပြီးဖြစ်ကြောင်း တိုက် တွန်းအပ်ပါသည်။

46 views
bottom of page