၂၀၂၅ ခုနှစ်အတွင်း ဖြစ်ပေါ်ခဲ့သောမြန်မာနိုင်ငံ၏ဒစ်ဂျစ်တယ်လွတ်လပ်ခွင့် ဖိနှိပ်ခံရမှုဆိုင်ရာ အစီအရင်ခံစာ
- Myanmar Internet Project
- 1 day ago
- 7 min read
Updated: 15 hours ago

(၁) နိဒါန်း
တစ်ကျော့ပြန်အာဏာသိမ်းမှုနောက်တွင် မြန်မာနိုင်ငံ၏ဒစ်ဂျစ်တယ်လွတ်လပ်ခွင့်အခြေအနေသည် သိသာစွာဆုတ်ယုတ် ကျဆင်းခဲ့သည်။ ၂၀၂၅ ခုနှစ်အတွက် Freedom House ၏ Freedom On the Net အစီအရင်ခံစာတွင်လည်း မြန်မာ နိုင်ငံသည် အင်တာနက်လွတ်လပ်ခွင့် အချိုးဖောက်ဆုံးပူးတွဲနိုင်ငံအဖြစ် တရုတ်နိုင်ငံနှင့်အတူ ၂၀၂၄ ခုနှစ်ကဲ့သို့ ဖော်ပြခံခဲ့ရသည်။
၂၀၂၅ ခုနှစ်တွင်လည်း ဒစ်ဂျစ်တယ်လွတ်လပ်ခွင့်၏အခြေခံရပိုင်ခွင့်များဖြစ်သော အင်တာနက်ပေါ်တွင် လွတ်လပ်စွာ ထုတ် ဖော်ပြောဆိုခွင့်၊ သတင်းအချက်အလက်ရယူပိုင်ခွင့်နှင့်ကိုယ်ရေးကိုယ်တာလွတ်လပ်ခွင့်များဆက်လက် ချိုးဖောက်ခံနေရ သည့်အခြေအနေများအပါအဝင် အင်တာနက်ဖြတ်တောက်ခံရသောအခြေအနေများလည်း ဆက်လက်ကြုံတွေ့နေရသည်။ ထို့အပြင် ဒစ်ဂျစ်တယ်လွတ်လပ်ခွင့်အား ဖိနှိပ်ရန် ဥပဒေပြဋ္ဌာန်းမှုများကိုလည်း လုပ်ဆောင်ခဲ့သည်။
ဤအစီအရင်ခံစာတွင် ၂၀၂၅ ခုနှစ် တစ်နှစ်တာအတွင်းတွေ့ကြုံခဲ့ရသော ဒစ်ဂျစ်တယ်အခွင့်အရေး ချိုးဖောက်ခံရသောဖြစ် စဉ်များအား စုစည်းလေ့လာ၍ တင်ပြသွားမည်။
(၂) အချက်အလက်စုဆောင်းမှုနည်းလမ်း
အစီအရင်ခံစာအတွက် အချက်အလက်များစုဆောင်းရာတွင် လွတ်လပ်သောသတင်းဌာနများ၊ တိုင်းရင်းသားမီဒီယာများ၊ ဒေ သတွင်းသတင်းများဖော်ပြသည့် ယုံကြည်စိတ်ချရသော တယ်လီဂရမ်ချန်နယ်(Telegram Channel)များ၊ လူ့အခွင့်အရေးနှင့်ဒစ်ဂျစ်တယ်အခွင့်အရေးဆိုင်ရာအဖွဲ့များကထုတ်ပြန်သောအစီအရင်ခံစာများ၊ စစ်ကော်မရှင်၏မီဒီယာများကဖော်ပြသည့် ဒစ်ဂျစ်တယ်ဖိနှိပ်မှုအချက်အလက်များအား တစ်နှစ်တာကာလပတ်လုံး စောင့်ကြည့်စုဆောင်းခဲ့သည်။
လုံခြုံရေးအခြေအနေများနှင့်သတင်းဆက်သွယ်ရေးဆိုင်ရာ အခက်အခဲများကြောင့် အများပြည်သူနှင့် တိုက်ရိုက်ထိတွေ့မေး မြန်းရန် အခက်အခဲရှိသည့်အခြေအနေတွင် မှန်ကန်သောသတင်းအချက်အလက်များ ရရှိရေးအတွက် သတင်းအချက်အ လက်များအား တစ်ခုထက်ပိုသော သတင်းဌာနများမှ ဖော်ပြမှုများကို လေ့လာစိစစ်၍ အသုံးပြုထားသည်။ ထို့အပြင် ဒေသတွင်းကွန်ရက်များနှင့်ချိတ်ဆက်ပြီး သတင်းအချက်အလက်များကို ရယူစုစည်းထားပါသည်။
(၃) ၂၀၂၅ ခုနှစ်အတွင်း ကြုံတွေ့ခဲ့ရသော ဆက်သွယ်ရေးဖြတ်တောက်ဖိနှိပ်ခံရမှု အခြေအနေများ
၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်မှစတင်ပြီး မြန်မာနိုင်ငံရှိ မြို့နယ်အများအပြားတွင် ဆက်သွယ်ရေးဖြတ်တောက်ခံရမှုများ နှစ် စဉ်ကြုံတွေ့ခဲ့ရသည်။ ၂၀၂၅ ခုနှစ်အတွင်း တိုင်းဒေသကြီးနှင့်ပြည်နယ်(၁၄)ခုရှိ မြို့နယ်(၇၄)မြို့နယ်တွင် ဖုန်းလိုင်းနှင့်အင် တာနက်လိုင်းပြတ်တောက်မှု အကြိမ်ပေါင်း(၁၀၅)ကြိမ် ကြုံတွေ့ခဲ့ရသည်။

မြန်မာအင်တာနက်ပရောဂျက်(MIP)၏နေ့စဉ်မှတ်တမ်းများအရ ၂၀၂၅ ခုနှစ်အတွင်း ဖုန်းလိုင်း နှင့်/သို့ အင်တာနက်လိုင်း ဖြတ်တောက်ခံရသောပြည်နယ်များအတွင်း ကချင်ပြည်နယ်တွင် မြို့နယ်(၂)ခု၊ ကရင်နီပြည်နယ်တွင် မြို့နယ်(၁)ခု၊ ကရင် ပြည်နယ်တွင် မြို့နယ်(၄)ခု၊ ချင်းပြည်နယ်တွင် မြို့နယ်(၉)ခု၊ မွန်ပြည်နယ်တွင် မြို့နယ်(၁)ခု၊ ရခိုင်ပြည်နယ်တွင် မြို့နယ်(၁)ခု နှင့်ရှမ်းပြည်နယ်တွင် မြို့နယ်(၅)ခုတို့သည် ဖြတ်တောက်ခံရမှုတွင် ပါဝင်ခဲ့သည်။
ထို့အတူ မြန်မာအင်တာနက်ပရောဂျက်(MIP)၏နေ့စဉ်မှတ်တမ်းများအရ ၂၀၂၅ ခုနှစ်အတွင်း ဖုန်းလိုင်း နှင့်/သို့ အင်တာနက် လိုင်းဖြတ်တောက်ခံရသောတိုင်းဒေသကြီးများအတွင်း ဧရာဝတီတိုင်းဒေသကြီးတွင် မြို့နယ်(၉)ခု၊ ပဲခူးတိုင်းဒေသကြီးတွင် မြို့ နယ်(၆)ခု၊ မကွေးတိုင်းဒေသကြီးတွင် မြို့နယ်(၉)ခု၊ မန္တလေးတိုင်းဒေသကြီးတွင် မြို့နယ်(၆)ခု၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် မြို့ နယ်(၁၁)ခု၊ တနင်္သာရီတိုင်းဒေသကြီးတွင် မြို့နယ်(၅)ခုနှင့်ရန်ကုန်တိုင်းဒေသကြီးတွင် မြို့နယ်(၅)ခုတို့သည် ဖြတ်တောက်ခံရမှုတွင် ပါဝင်ခဲ့သည်။

အင်တာနက်နှင့်ဖုန်းလိုင်းပြတ်တောက်မှု အခြေအနေများအား တိုင်းဒေသကြီးနှင့်ပြည်နယ်များအလိုက် လေ့လာကြည့်ရာ၌ ဧရာဝတီတိုင်းဒေသကြီးအတွင်း ယခင်ဖြတ်တောက်ခံရခြင်းမရှိသောဒေသများတွင် ဖြတ်တောက်ခံရမှုအကြိမ်ရေအများဆုံး ဖြစ်ပေါ်ခဲ့ကြောင်း တွေ့ရသည်။ ရခိုင်ပြည်နယ်နှင့်ထိစပ်နေသောဒေသများသို့ တိုက်ပွဲများကူးစက်လာပြီးနောက် ဖုန်းလိုင်းနှင့်အင်တာနက်လိုင်း ပြတ်တောက်မှုများ ကြုံတွေ့ခဲ့ရခြင်းဖြစ်သည်။
တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများနှင့်စစ်အုပ်စုအကြား ပဋိပက္ခပြင်းထန်သောဒေသများဖြစ်သည့် ကချင်၊ ကရင်နီ နှင့်ရခိုင်ပြည်နယ်တို့သည် ၂၀၂၅ ခုနှစ်အတွင်း ဆက်သွယ်ရေးပြတ်တောက်မှုအကြိမ်အနည်းအငယ်သား ဖြစ်ပေါ်ခဲ့သည်ဟု တစ်နှစ်တာကိန်းဂဏန်းများအရ ထင်မြင်နိုင်စရာရှိသည်။ သို့သော် ကရင်နီပြည်နယ်သည် ၂၀၂၃ ခုနှစ်မှစတင်ပြီး မြို့တော် လွိုင်ကော်ဝန်းကျင်မှလွဲ၍ ပြည်နယ်တစ်ခုလုံး အင်တာနက်ဖြတ်တောက်ခံထားရသော မြို့နယ်တစ်ခုဖြစ်သည်။ ထို့အတူ ကချင်ပြည်နယ်နှင့်ရခိုင်ပြည်နယ် တို့သည်လည်း ၂၀၂၄ ခုနှစ်အတွင်းမှစတင်ပြီး ပြည်နယ်တစ်ခုလုံးနီးပါး ဆက်သွယ်ရေးဖြတ် တောက်ခံထားရသောမြို့နယ်များဖြစ်သည်။ ၂၀၂၅ ခုနှစ် အာဇာနည်နေ့အခမ်းအနားသို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် တက်ရောက်စဉ်၌ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့တွင် ဂျန်ပါများအသုံးပြုမှုကြောင့် ဖုန်းလိုင်းနှင့်အင်တာနက် လိုင်းပြတ်တောက်မှုများ ကြုံတွေ့ခဲ့ရသည်။ ထို့အတူ မန္တလေးတက္ကသိုလ်ရာပြည့်အခမ်းအနားအတွင်း ဂျန်ပါများအသုံးပြုမှု ကြောင့်လည်း မန္တလေးမြို့နေရာအချို့တွင် ဆက်သွယ်ရေးပြတ်တောက်မှုများဖြစ်ပေါ်ခဲ့သေးသည်။ စစ်ခေါင်းဆောင် သန် လျင်သို့လာရောက်ချိန်တွင်လည်း ဆက်သွယ်ရေးလိုင်းများဖြတ်တောက်ခဲ့သည်။ ထို့အပြင် ဒုတိယစစ်ခေါင်းဆောင်စိုးဝင်း စစ်သူနာပြုသင်တန်းဆင်းပွဲသို့လာရောက်ချိန်တွင် ဂျန်ပါအသုံးပြုမှုကြောင့် ရန်ကုန်မြို့ မြောက်ဥက္ကလာနှင့်မင်္ဂလာဒုံမြို့နယ်ရှိ နေ ရာအချို့တွင် ဆက်သွယ်ရေးလိုင်းများ ပြတ်တောက်ခဲ့သည်။
၂၀၂၅ ခုနှစ်အတွင်း မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သရီတိုင်းဒေသကြီးနှင့်ချင်းပြည်နယ်တို့သည် စစ် ရေးပဋိပက္ခပြင်းထန်မှုနှင့်အတူ ဆက်သွယ်ရေးဖြတ်တောက်ခံရမှုအကြိမ်ရေ(၁၀)ကြိမ်ထက်မနည်း ကြုံတွေ့ခဲ့ရသောဒေသ များဖြစ်သည်။

၂၀၂၅ ခုနှစ်အတွင်းဖြစ်ပေါ်ခဲ့သည့် ဆက်သွယ်ရေးပြတ်တောက်မှုများအား ခွဲခြမ်းလေ့လာကြည့်ရာ၌ ဖြစ်စဉ်၏(၄၇.၆)ရာခိုင် နှုန်း(အရေအတွက် ၅၀)မှာ ယခင်အင်တာနက်ဖြတ်တောက်ခံရသည့်ဒေသများတွင် တယ်လီဖုန်းဆက်သွယ်ရေးလိုင်းများ ထပ်မံဖြတ်တောက် ခံခဲ့ရခြင်းဖြစ်သည်ကို တွေ့ရသည်။ အင်တာနက်လိုင်းများသာဖြတ်တောက်ခံရသောအခြေအနေမှာ (၁၅.၂)ရာခိုင်နှုန်း(အရေအတွက် ၁၆)ခန့်ရှိပြီး (၃၇.၁)ရာခိုင်နှုန်း(အရေအတွက် ၃၉)မှာ ဖုန်းလိုင်းနှင့်အင်တာနက်လိုင်းဖြတ်တောက်ခံရသည့်ဖြစ်စဉ်များဖြစ်သည်ကို တွေ့ရသည်။
လေကြောင်းတိုက်ခိုက်မည့်ဒေသအချို့တွင် လေကြောင်းတိုက်ခိုက်မှုများမပြုလုပ်မီ ဆက်သွယ်ရေးဖြတ်တောက်မှုများအား စစ်ကော်မရှင်က ပြုလုပ်ခဲ့သည်ကို တွေ့ရှိရသည်။ မြန်မာအင်တာနက်ပရောဂျက်(MIP)၏“ဝေဟင်တိုက်ခိုက်မှုများအကြား ဆက်သွယ်ရေးအမှောင်ကျခဲ့မှုများ”အစီအရင်ခံစာပါ တွေ့ရှိချက်များတွင် လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်(၆၄၅)ခုအတွင်း သေဆုံးသူ ၁,၀၈၆ ဦး ရှိခဲ့ပြီး သေဆုံးသူအားလုံး၏(၉၆.၈၇)ရာခိုင်နှုန်း(၁၀၅၂ဦး) ဆက်သွယ်ရေးပြတ်တောက်သည့်ဒေသများ သေဆုံးခဲ့ပြီး၊ ဒဏ်ရာရရှိသူ စုစုပေါင်း ၁,၇၁၄ ဦးအနက် (၉၆.၁၅)ရာခိုင်နှုန်း (၁,၆၄၈ဦး)မှာ ဆက်သွယ်ရေးပြတ်တောက်သည့်ဒေသများ တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
“Internet Society”၏“Pulse NetLoss Calculator”ကိုအသုံးပြု၍ စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်း အင်တာနက်ဖြတ်တောက်မှုကြောင့် မြန်မာနိုင်ငံ၏စီးပွားရေးထိခိုက်နစ်နာမှုအခြေအနေအား ခန့်မှန်းတွက်ချက်ကြည့်ရာ အမေရိကန်ဒေါ် လာသန်း(၅၀၀)နီးပါး ဆုံးရှုံးနစ်နာခဲ့ကြောင်း တွေ့ရသည်။
စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်းတွင်လုပ်ဆောင်ခဲ့သော အင်တာနက်ဖြတ်တောက်မှုများသည် အရပ်သားပြည်သူတို့၏အ သက်အိုးအိမ်စည်းစိမ်နှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများအား တိုက်ရိုက်ခြိမ်းခြောက်နေသည်ကို တွေ့ရှိရသည်။ ထို့အပြင် အွန်လိုင်းငွေလိမ်ဂိုဏ်းများကြောင့် စတားလင့်ခ့်(Starlink)အင်တာနက်အား ပိတ်ပင်ခံရသည့်အခြေအနေမှာလည်း အရပ်သားပြည်သူများ၏သတင်းအချက်အလက်ရရှိရေးအတွက် ပိုမိုကျပ်တည်းသောအခြေအနေတစ်ခုကို ဖြစ်လာစေသည်။
(၄)တော်လှန်ရေးအင်အားစုများနှင့်တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများ၏
အင်တာနက်ထိန်းချုပ်မှုအခြေအနေ
ဆက်သွယ်ရေးဆိုင်ရာ ထိန်းချုပ်ကန့်သတ်မှုအခြေအနေများသည် စစ်ကော်မရှင်ဘက်တွင်သာမက တော်လှန်ရေးအင်အား စုများနှင့်တိုင်းရင်းသားတော်လှန်ရေးအင်အားစုများ ထိန်းချူပ်ရာဒေသများတွင်လည်း ဖြစ်ပွားခဲ့သည်ကို တွေ့ရသည်။ ၂၀၂၅ ခုနှစ် တစ်နှစ်တာကာလအတွင်း တော်လှန်ရေးအင်အားစုများနှင့်တိုင်းရင်းသားတော်လှန်ရေးအင်အားစုများဘက်မှဆောင် ရွက်ခဲ့သည့် အင်တာနက်အသုံးပြုမှု(စတားလင့်အသုံးပြုခြင်း စသည်ဖြင့်)ကန့်သတ်ခြင်းဖြစ်စဉ်(၁၃)ခုကို မြန်မာအင်တာနက်ပရောဂျက်(MIP)က မှတ်တမ်းတင်ထားနိုင်ခဲ့သည်။
နေ့စွဲ | အဖွဲ့အစည်း | တိုင်းဒေသကြီး၊ ပြည်နယ် | ဒေသ | အကြောင်းအရင်း |
ဇန်နဝါရီလ(၃) | ရခိုင် | AA ထိန်းချုပ်ဒေသ | လေကြောင်းအန္တရာယ် | |
ဇန်နဝါရီလ (၂၈) | ရှမ်း | ကျောက်မဲ | လေကြောင်းအန္တရာယ် | |
ဖေဖော်ဝါရီလ (၅) | ရှမ်း | သီပေါ | မသိ | |
မတ်လ (၄) | မကွေး | မြိုင် | လေကြောင်းအန္တရာယ် | |
မေလ (၁) | ကရင်နီ | မော်ချီး | သတင်းပေး | |
မေလ (၁၃) | ကရင်နီ | ဖားဆောင်း | လေကြောင်းအန္တရာယ်နှင့် သတင်းပေး | |
ဇူလိုင်လ (၁၁) | ရခိုင် | AA ထိန်းချုပ်ဒေသ | လေကြောင်းအန္တရာယ် | |
ဩဂုတ်လ (၂၇) | ရခိုင် | AA ထိန်းချုပ်ဒေသ | လေကြောင်းအန္တရာယ် | |
စက်တင်ဘာလ (၁၆) | စစ်ကိုင်း | ဗန်းမောက် | နယ်မြေလုံခြုံရေး | |
စက်တင်ဘာလ (၁၆) | စစ်ကိုင်း | ကနီ | စစ်ရေး | |
နိုဝင်ဘာလ (၃) | ရှမ်း | နမ္မတူ | မသိ | |
နိုဝင်ဘာလ (၂၃) | ရှမ်း | မိုးကုတ် | စစ်ရေး | |
ဒီဇင်ဘာလ (၂၂) | စစ်ကိုင်း | အင်းတော် | စစ်ရေး |
တော်လှန်ရေးအင်အားစုများနှင့်တိုင်းရင်းသားတော်လှန်ရေးအင်အားစုများက
ဆောင်ရွက်ခဲ့သော အင်တာနက်ကန့်သတ်မှုနှင့်အကြောင်းအရင်းများ
၂၀၂၅ ခုနှစ်အတွင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နှင့်ယင်းတို့၏လက်အောက်တွင်ဖွဲ့စည်းထားသော ပြည်သူ့ကာ ကွယ်ရေးအဖွဲ့များ၊ အာရက္ခတပ်တော်(AA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)၊ ကရင်နီ(ကယား) ဒေသရှိ လိုပွာခိုခရိုင်၊ ခရိုင်ပူးပေါင်းအုပ်ချုပ်ရေးကော်မတီနှင့်ကရင်နီ(ကယား)ဒေသတွင်းတော်လှန်ရေးအင်အားစုတစ်ခုဖြစ် သော ကြယ်ဖြူတပ်ဖွဲ့တို့က အင်တာနက်အသုံးပြုမှုကန့်သတ်ခြင်းများ လုပ်ဆောင်ခဲ့သည်ကို တွေ့ရသည်။
တော်လှန်ရေးအင်အားစုများနှင့်တိုင်းရင်းသားတော်လှန်ရေးအင်အားစုများ၏အင်တာနက်ကန့်သတ်ချက်များသည်ရခိုင်ပြည် နယ်အတွင်းရှိ အာရက္ခတပ်တော်(AA)ထိန်းချုပ်ရာဒေသများ၊ ရှမ်းပြည်နယ်အတွင်းရှိ “ကျောက်မဲ၊ သီပေါ၊ နမ္မတူနှင့်မိုး ကုတ်”မြို့နယ်များ၊ ကရင်နီပြည်နယ်အတွင်းရှိ “မော်ချီးနှင့်ဖားဆောင်း”မြို့နယ်များ၊ မကွေးတိုင်းဒေသကြီးအတွင်းရှိ မြိုင် မြို့နယ်နှင့်စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ “အင်းတော်၊ ဗန်းမောက်နှင့်ကနီ”မြို့နယ်များသို့ သက်ရောက်ခဲ့သည်ကို တွေ့ရ သည်။ အထက်ပါမြို့နယ်များသည် စစ်ကောက်စီ၏ဆက်သွယ်ရေးဖြတ်တောက်ထားမှုများနှင့်ကြုံတွေ့နေရသောမြို့နယ်များ လည်းဖြစ်သည်။

တော်လှန်ရေးအင်အားစုများနှင့်တိုင်းရင်းသားတော်လှန်ရေးအင်အားစုများ၏
ဆက်သွယ်ရေးထိန်းချုပ်မှုနှင့်ပတ်သက်သည့်အကြောင်းပြချက်များ
တော်လှန်ရေးအင်အားစုများနှင့်တိုင်းရင်းသားတော်လှန်ရေးအင်အားစုများ၏ အင်တာနက်ကန့်သတ်ချက်နှင့်သက်ဆိုင်သော အကြောင်းပြချက်များအပေါ် သုံးသပ်ကြည့်ရာတွင် ဖြစ်စဉ်၏(၄၀)ရာခိုင်နှုန်းကျော်မှာ လေကြောင်းအန္တရာယ်စိုးရိမ်ချက် ကြောင့်သာ အများပြည်သူ၏အင်တာနက်အသုံးပြုမှုအား ကန့်သတ်ပိတ်ပင်ခဲ့သည်ကို တွေ့ရသည်။
စစ်ကော်မရှင်က လေကြောင်းသုံး၍ အလွန်အကျွံတိုက်ခိုက်မှုများကြောင့် ဒေသတွင်းအများပြည်သူ၏အသက်အန္တရာယ်ကို တိုက်ရိုက်ထိခိုက်စေရုံသာမက ပဋိပက္ခဒေသအတွင်းနေထိုင်သော အများပြည်သူ၏ရှင်သန်ရပ်တည်ရေး(Rights to Life) အတွက်မရှိမဖြစ်လိုအပ်သော ဆက်သွယ်ရေးလိုအပ်ချက်အပေါ်ကိုပါ ပြင်းထန်သောခြိမ်းခြောက်ချက်ဖြစ်လာသည်ကို တွေ့ ရသည်။
အင်တာနက်သုံးစွဲမှုများအား တော်လှန်ရေးအင်အားစုများက တိုက်ရိုက်ပိတ်ပင်သည့်လုပ်ဆောင်ချက်များသာမက ဒေသ တွင်းအများပြည်သူ၏အင်တာနက်သုံးစွဲမှုနှင့်လွတ်လပ်စွာထုတ်ဖော်ပြောဆိုမှုအပေါ် အဟန့်အတားဖြစ်စေသည့်ထိန်းချုပ်မှု အချို့လည်း လုပ်ဆောင်ခဲ့သည်ကို တွေ့ရသည်။
ချင်းပြည်နယ်၊ လောက်တူနယ်ဒေသ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဒေသခံပြည်သူများအပေါ်တွင် လွတ်လပ်စွာထုတ်ဖော်ပြော ဆိုခွင့်နှင့်အင်တာနက်တပ်ဆင်အသုံးပြုအပေါ် ကန့်သတ်သောကန့်သတ်ချက်များပါဝင်သည့်ထုတ်ပြန်ချက်ကို ၂၀၂၅ ခုနှစ် ဇွန်လ(၁၆)ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ထို့အပြင် ၂၀၂၅ ခုနှစ် ဇွန်လ(၁၃)ရက်နေ့က ထိုင်းနယ်စပ်၊ ကရင်နီ(ကယား)ပြည်နယ်ထဲရှိ ရွာတစ်ရွာတွင် အင်တာနက်ပိတ်ရ မည်ဟုသတ်မှတ်ထားသောည(၁၀)နာရီအချိန်ကျော်သည်အထိ မပိတ်ခြင်းကြောင့်ဟုဆို၍ အမည်မသိလက်နက်ကိုင်အဖွဲ့ တစ်ခုက အင်တာနက်ဆိုင်အတွင်း ဝင်ရောက်ရိုက်နှက်မှုဖြစ်ပွားခဲ့သည်ဟု ဒီဗွီဘီ(DVB)သတင်းဌာန၏ဖော်ပြချက်အရ သိရ သည်။ ထိုသို့အများပြည်သူ၏အင်တာနက်သုံးစွဲမှုအပေါ် ကိုယ်ထိလက်ရောက် ကျူးလွန်သောဖြစ်ရပ်သည် ဥပဒေကိုကျော် လွန်သည့်လုပ်ဆောင်မှုတစ်ခုဖြစ်သည်။
အာရက္ခတပ်တော်(AA)၏ထိန်းချုပ်နယ်မြေများတွင် ကနဦးပေးသွင်းငွေ(၁၀)သိန်းကျပ်ဖြင့် စတားလင့်ခ့်(Starlink)အင်တာ နက်ငှားရမ်းအသုံးပြုနိုင်သောဥပဒေတစ်ခုပြဋ္ဌာန်းအကောင်အထည်ဖော်ရန်စီစဉ်ဆောင်ရွက်ခဲ့သည်များကိုတွေ့ရသော်လည်း ၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်းအထိ အကောင်အထည်ဖော်နိုင်သောအခြေအနေမရှိသေးသည်ကို တွေ့ရသည်။
(၅) ဒစ်ဂျစ်တယ်ဖိနှိပ်ရန် ဥပဒေများပြဋ္ဌာန်း၍ စစ်ကော်မရှင်က လုပ်ဆောင်လာမှုအခြေအနေများ
ဒစ်ဂျစ်တယ်ရပ်ဝန်းအား ထိန်ချုပ်ရန်အတွက် အင်တာနက်နှင့်ဖုန်းလိုင်းဖြတ်တောက်မှုများသာမက စစ်ကော်မရှင်က ဥပဒေ များ စိတ်ကြိုက်ရေးဆွဲ၍ ဖိနှိပ်မှုများအား ဆက်လက်ဆောင်ရွက်နေသည်ကို တွေ့ရသည်။
၂၀၂၅ ခုနှစ်အတွင်း စစ်ကော်ရှင်က အတည်ပြု ပြင်ဆင်ပြဋ္ဌာန်းခဲ့သည့်ဥပဒေများအနက် ဆိုက်ဘာလုံခြုံရေးဥပဒေ၊ နိုင်ငံသား များ၏ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့်ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေနှင့်ပါတီစုံဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှကာကွယ်ပေးရေးဥပဒေများသည် အင်တာနက်သုံးစွဲသူများအပေါ် အ လုံးစုံခြိမ်းခြောက်နေသောဥပဒေများဖြစ်သည်။
ဆိုက်ဘာလုံခြုံရေးဥပဒေတွင်ထည့်သွင်းထားသည့် “ပြည်တွင်းအခြေပြု ဒစ်ဂျစ်တယ်ပလက်ဖောင်းဝန်ဆောင်မှုများသည် သုံး စွဲသူများ၏ကိုယ်ရေးအချက်အလက်များကို အနည်းဆုံး(၃)နှစ်သိမ်းဆည်းထားရမည်”ဆိုသောပြဋ္ဌာန်းချက်၊ ယင်းဥပဒေ၏ ပုဒ်မ(၄၃)ပါပြဋ္ဌာန်းချက်များအရ စစ်ကော်မရှင်သည် “ဒစ်ဂျစ်တယ်ပလက်ဖောင်းဝန်ဆောင်မှုလုပ်ငန်း (သို့မဟုတ်) အီလက်ထရောနစ်သတင်းအချက်အလက်ကို ယာယီပိတ်ခြင်း၊ ဒစ်ဂျစ်တယ်ပလက်ဖောင်းဝန်ဆောင်မှုလုပ်ငန်းနှင့်ပတ်သက်သောပစ္စည်းများကို ယာယီထိန်းချုပ်ခြင်း”အပြင် “အပြီးတိုင်ပိတ်သိမ်းအရေးယူနိုင်သည်”ဆိုသောပြဋ္ဌာန်းချက်များသည် အင်တာနက်သုံးစွဲသူနှင့်ဝန်ဆောင်မှုလုပ်ငန်းများအပေါ် စောင့်ကြည့်ထိန်းချုပ်ရန်ရည်ရွယ်ပြဋ္ဌာန်းထားသည်ကို တွေ့ရသည်။ ပုဒ်မ (၇၀)တွင် “ခွင့်ပြုချက်မရှိဘဲ ဗီပီအန်(VPN)ထူထောင်ပါက အနည်းဆုံး(၁)လမှ အများဆုံး(၆)လအထိ ထောင်ဒဏ်ဖြစ်စေ၊ ကျပ်(၁၀)သိန်းမှ (၁၀၀)သိန်းအထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေကျခံရနိုင်သည်”ဟုဖော်ပြထားသည်။ လူသုံးများ သော လူမှုကွန်ရက်မီဒီယာစာမျက်နှာများအား ပိတ်ပင်ထားသည့်အခြေအနေတွင် ယင်းပြဋ္ဌာန်းချက်များသည် ဗီပီအန်(VP N)ထူထောင်သူများအတွက် အန္တရာယ်ကျော့ကွင်းတစ်ခုဖြစ်နေသည်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဦးဆောင်သော အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ(ကာလုံ)က ၂၀၂၅ ခုနှစ် ဩ ဂုတ်လ(၁)ရက်နေ့တွင် “နိုင်ငံသားများ၏ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့်လုံခြုံမှုအား အကာအကွယ်ပေးသည့်ဥပဒေ(နိုင်လွတ် လုံ)”မှအဓိကပုဒ်မများဖြစ်သည့် (၅)၊ (၇)နှင့်(၈)တို့အား ရပ်ဆိုင်းထားမှုကို ဆက်လက်သက်တမ်းတိုးခဲ့သည်။
ထိုသို့သက်တမ်းတိုးခြင်းအားဖြင့် ဥပဒေပါကိုယ်ရေးအချက်အလက်ကာကွယ်ခွင့်ပြဋ္ဌာန်းချက်တစ်ခုဖြစ်သည့်“ဆက်သွယ်ရေးအော်ပရေတာများထံမှ ပုဂ္ဂိုလ်ဆိုင်ရာတယ်လီဖုန်းနှင့်အီလက်ထရောနစ်ဆက်သွယ်ရေးသတင်းအချက်အလက်များအား တောင်းယူခြင်း၊ ထုတ်ပေးခြင်းမပြုရ”ဆိုသည့်အကာအကွယ်မှာ ဆက်လက်ပျောက်ဆုံးသွားခဲ့သည်။
“ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှကာကွယ်ပေးရေးဥပဒေ”ကို စစ်ကော် မရှင်က ၂၀၂၅ ခုနှစ် ဇူလိုင်လ(၂၉)ရက်နေ့တွင် ထုတ်ပြန်ပြီး ရွေးကောက်ပွဲဆန့်ကျင်သူများကို ဥပဒေအရ ဖိနှိပ်ရန်ပြင်ဆင်ခဲ့သည်။
ယင်းဥပဒေ၏ ပုဒ်မ ၁၆ တွင် “မည်သူမျှပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များကို ဖြစ်စေ သို့မ ဟုတ် လုပ်ငန်းစဉ်၏တစိတ်တစ်ဒေသကိုဖြစ်စေ ပျက်ပြားစေရန် ဟောပြောခြင်း၊ ပြောဆိုခြင်း၊ စည်းရုံးခြင်း၊ လှုံ့ဆော်ခြင်း၊ ဆန္ဒပြုခြင်း သို့မဟုတ် စာရေးသားဖြန့်ချိခြင်းတို့ကို မည်သည့်နည်းနှင့်မျှ မပြုရ”ဟု ထည့်သွင်းပြဋ္ဌာန်းထားသည်။
ပုဒ်မ ၁၆ ဖောက်ဖျက်သူများအား ပုဒ်မ ၂၃ (က)အရ ထောင်ဒဏ်(၃)နှစ်မှ (၇)နှစ်အထိ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချ မှတ်နိုင်သည်ဟု ဖော်ပြထားသည်။ ယင်းဥပဒေပါ ပုဒ်မများဖြစ်သည့် ပုဒ်မ ၁၆ နှင့် ၂၃ (က)ကို သုံးပြုပြီး အွန်လိုင်းပေါ်မှရေး သားပြောဆိုမှုများကိုပါ စစ်ကော်မရှင်က ဖမ်းဆီးအရေးယူလာသည်ကို တွေ့ရသည်။ မြန်မာအင်တာနက်ပရောဂျက်(MIP)၏ နိုဝင်ဘာလ(၁၉)ရက်နေ့၌ ထုတ်ပြန်ခဲ့သောအစီအရင်ခံစာအရ ယင်းဥပဒေဖြင့် ဖမ်းဆီးခံရသူများထဲတွင် အွန်လိုင်းမှပြောဆိုဝေဖန်မှုကြောင့် ဖမ်းဆီးခံရသူ(၃၄.၄)ရာခိုင်နှုန်းပါဝင်သည်ကို တွေ့ရသည်။ ၂၀၂၅ ခုနှစ်အတွင်း လူမှုကွန်ရက်မှ ပြောဆိုမှု များကြောင့် ဖမ်းဆီးခံရသူ(၁၉၇)ဦးတွင် ရွေးကောက်ပွဲဥပဒေဖြင့် ဖမ်းဆီးအရေးယူခံရသူ (၃၄)ဦးအနည်းဆုံးရှိသည်ကို မြန် မာအင်တာနက်ပရောဂျက်(MIP)က အမည်စာရင်းနှင့်တကွ အတည်ပြုနိုင်ခဲ့သည်။
“National AI Strategy & National AI Policy(မူကြမ်း)”ရေးဆွဲရေးအဖွဲ့အား စစ်ကော်မရှင်က ဖွဲ့စည်းထားပြီး ဉာဏ်ရည် တုနည်းပညာ(AI)အသုံးပြုရာတွင်လိုက်နာရမည့် ကျင့်ဝတ်များ၊ စံနှုန်းများနှင့်စည်းမျဉ်းများ ရေးဆွဲရန် ပြင်ဆင်နေသည်ကိုလည်း တွေ့ရသည်။
(၆) ၂၀၂၅ ခုနှစ်အတွင်း အွန်လိုင်းမှထုတ်ဖော်ပြောဆိုမှုကြောင့် ဖမ်းဆီးခံရသည့်အခြေအနေ
အင်တာနက်သုံးစွဲသူများ၏အွန်လိုင်းမှပြောဆိုမှုများအပေါ် စောင့်ကြည့်ဖမ်းဆီးမှုများ လစဉ်ဆက်လက်ဖြစ်ပေါ်နေသည်ကို တွေ့ရသည်။ Data For Myanmar အဖွဲ့၏ ၂၀၂၅ ခုနှစ် နိုဝင်ဘာလ(၃)ရက်၌ထုတ်ပြန်ခဲ့သောအစီအရင်ခံစာအရ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၅ ခုနှစ် အောက်တိုဘာလအတွင်း လူမှုကွန်ရက်ပေါ်တွင်ပြောဆိုမှုများကြောင့် ဖမ်းဆီးခံရသူ ၁,၉၉၃ ဦး ရှိသည်ဟု သိရသည်။ မြန်မာအင်တာနက်ပရောဂျက်(MIP)က ကောက်ယူထားသော အချက်အလက်များအရ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှဒီဇင်ဘာလအတွင်း လူမှုကွန်ရက်ပေါ်မှပြောဆိုမှုများကြောင့် ဖမ်းဆီးခံရသူ(၁၉၇)ဦး အနည်းဆုံးရှိသည်။
၂၀၂၅ ခုနှစ်အတွင်း အွန်လိုင်းမှပြောဆိုရေးသားမှုများကြောင့် ဖမ်းဆီးထိန်းသိမ်းခံရသူ အမျိုးသား(၁၂၇)ဦးနှင့်အမျိုးသမီး (၅၉)ဦးနှင့် အမျိုးသား၊ အမျိုးသမီးအတိအကျဖော်ပြမထားသည့်အရေအတွက်(၁၁)ဦး ရှိသည်။ အွန်လိုင်းပေါ်မှလွတ်လပ် စွာထုတ်ဖော်ပြောဆိုခွင့်ကြောင့် ဖမ်းဆီးခံရသူများထဲတွင် အမျိုးသမီး(၃၀)ရာခိုင်နှုန်းနီးပါး ပါဝင်သည်ကို တွေ့ရသည်။

အွန်းလိုင်ပေါ်မှပြောဆိုမှုအားစောင့်ကြည့်ဖမ်းဆီးမှုများ စစ်ကော်မရှင်က လုပ်ဆောင်နေသည်ကို လစဉ်တွေ့နေရသော်လည်း ယခင်နှစ်များနှင့်မတူညီသောဥပဒေများကို ၂၀၂၅ ခုနှစ်အတွင်းအသုံးပြု၍ စောင့်ကြည့်အရေးယူမှုများ ပြုလုပ်ခဲ့သည်။ ထို့ ကြောင့် ဖမ်းဆီးအရေးယူမှုများ လျော့ကျသွားခြင်းမဟုတ်ဘဲ ဖိနှိပ်ဖမ်းဆီးမှုပုံစံများပြောင်းလဲသွားခြင်းဟု မှတ်ယူနိုင်သည်။
၂၀၂၅ ခုနှစ် ဇူလိုင်လ(၂၉)ရက်နေ့တွင် ပြဋ္ဌာန်းခဲ့သည့် “ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့် တားဖျက်ဆီးခြင်းမှကာကွယ်ပေးရေးဥပဒေ(ရွေးကာ)”အားအသုံးပြု၍ အွန်လိုင်းပေါ်မှပြောဆိုရေးသားမှုများအား ဖမ်းဆီးအ ရေးယူမှုများပြုလုပ်ခဲ့သည်ကို တွေ့ရသည်။ မြန်မာအင်တာနက်ပရောဂျက်(MIP)၏ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ(၃၁)ရက်နေ့အ ထိ ကောက်ယူစုဆောင်းထားသော အချက်အလက်များအရ “ရွေးကာဥပဒေ”ဖြင့် ဖမ်းဆီးခံရသူများထဲတွင် အွန်လိုင်းမှပြော ဆိုရေးသာမှုကြောင့် ဖမ်းဆီးခံရသူ(၃၄)ဦးခန့် အနည်းဆုံးပါဝင်ကြောင်း ဤအစီရင်ခံစာအပိုင်း(၅)၌ဖော်ပြပြီးခဲ့သည့်အတိုင်း အမည်စာရင်းနှင့်တကွ အတည်ပြုနိုင်ခဲ့သည်။

ဖမ်းဆီးခံရသူများအနက်မှ(၁၅၃)ယောက် ရာခိုင်နှုန်းအားဖြင့်(၇၇.၆၆)ရာခိုင်နှုန်းမှာ ဖေ့ဘွတ်ခ့်(Facebook)ပေါ်မှတစ်ဆင့် စစ်ကော်မရှင်အား ဝေဖန်မှုများကြောင့်ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး ဖမ်းဆီးခံရသူများအနက်မှ(၄၃)ယောက် ရာခိုင်နှုန်းအားဖြင့် (၂၁.၈၃)ရာခိုင်နှုန်းမှာ တစ်တော့ခ့်(Tiktok)ပေါ်မှတစ်ဆင့် ဝေဖန်ပြောဆိုမှုများကြောင့် ဖမ်းဆီခံခဲ့ရခြင်းဖြစ်သည်။
အွန်လိုင်းပေါ်မှပြောဆိုရေးသားမှုများအပေါ် စောင့်ကြည့်ဖမ်းဆီးရာတွင် သတင်းစကားပျံ့နှံ့မှုလွယ်ကူသည့်လူမှုကွန်ရက်မီဒီ ယာများအား စစ်ကော်မရှင်က အဓိကပစ်မှတ်ထား စောင့်ကြည့်ဖမ်းဆီးနေသည်ကို တွေ့ရသည်။
၂၀၂၅ ခုနှစ်အတွင်း စစ်ကော်မရှင်၏ဖမ်းဆီးမှုများကို ပြန်လည်သုံးသပ်ကြည့်ရာတွင် ရန်ကုန်တိုင်းဒေသကြီးတွင်(၅၀)ဦး၊ ပဲခူး တိုင်းဒေသကြီးတွင်(၅၄)ဦးနှင့်မန္တလေးတိုင်းဒေသကြီးတွင်(၃၅)ဦး အသီးသီးဖြစ်ပြီး အများဆုံးဖမ်းဆီးခံခဲ့ရသောတိုင်းဒေသကြီး(၃)ခုဖြစ်သည်ကို တွေ့ရသည်။ ၂၀၂၅ ခုနှစ်အတွင်း ဖမ်းဆီးခံခဲ့ရသည့်စုစုပေါင်းအရေအတွက်၏(၇၀.၅)ရာခိုင်နှုန်းခန့်မှာ ယင်းတိုင်းဒေသကြီး(၃)ခုတွင် ဖြစ်ခဲ့သည်ကို တွေ့ရသည်။

ယင်းတိုင်းဒေသကြီး(၃)ခုသည် စစ်ကော်မရှင်၏အဓိကထိန်းချုပ်နယ်မြေ အများအပြားကျန်ရှိနေသည့်နေရာများလည်းဖြစ် သည်။ တစ်နည်းအားဖြင့် စစ်ကောင်မရှင်သည် ယင်းတို့၏အုပ်ချုပ်ရေးလက်လှမ်းမီမှုအားနည်းသည့်ဒေသများတွင် ဆက် သွယ်ရေးဖြတ်တောက်မှုများဖြင့်ထိန်းချုပ်ပြီး ယင်းတို့အုပ်ချုပ်ရေးလွှမ်းမိုးမှုရှိသည့်ဒေသများတွင် စောင့်ကြည့်မှုများဖြင့် ထိန်း ချုပ်ကိုင်တွယ်နေသည်ကို တွေ့ရသည်။
(၇) တစ်နှစ်တာအတွင်း လူထုတစ်ရပ်လုံးအပေါ် စောင့်ကြည့်မှုအခြေအနေများ
(က) ဆိုက်ဘာလုံခြုံရေးဥပဒေအား အသက်သွင်းပြီး စောင့်ကြည့်မှုများတိုးမြှင့်ခြင်း
အရပ်သားအများပြည်သူအား စောင့်ကြည့်နိုင်ရေးအတွက် နည်းလမ်းပေါင်းစုံအသုံးပြု၍ စစ်အုပ်စုက ဆောင်ရွက်ခဲ့သည်ကို တွေ့ရှိရသည်။ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ(၁)ရက်နေ့တွင် ဗီပီအန်(VPN)အသုံးပြုမှုအား ထိန်းချုပ်ကန့်သတ်သော ကန့်သတ် ချက်များအပါအဝင် အင်တာနက်အသုံးပြုသူများကို ပိုမိုတင်းကြပ်သည့်စောင့်ကြည့်မှုများလုပ်ဆောင်နိုင်ရန် ဆိုက်ဘာလုံခြုံ ရေးဥပဒေကို ယင်းတို့စိတ်ကြိုက်ရေးဆွဲပြဋ္ဌာန်းခဲ့သည်။ ထို့နောက် ယင်းဥပဒေအား စတင်ကျင့်သုံးရန် ဇူလိုင်လ(၃၀)ရက် နေ့တွင် အတည်ပြုထုတ်ပြန်ခဲ့သည်။ ဆိုက်ဘာလုံခြုံရေးဥပဒေအား စတင်ကျင့်သုံးရန် မထုတ်ပြန်မီကပင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ရန်ကုန်မြို့အပါအဝင်နေရာဒေသအချို့တွင် စစ်ဆေးငွေညှစ်မှုများပြုလုပ်ခဲ့သည်။ စတင်ကျင့်သုံးရန် ပြဋ္ဌာန်းပြီးနောက်တွင်လည်း ဧရာဝတီတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့်ကချင်ပြည်နယ် မြစ်ကြီးနားမြို့အပါအဝင် နေရာအနှံ့ အပြားတွင် လက်ကိုင်ဖုန်းအတွင်း ဗီပီအန်(VPN)ရှိမရှိစစ်ဆေးပြီး အရေးယူမှုများကို ပြုလုပ်ခဲ့သည်။ ယင်းဥပဒေအရ ဗီပီအန်(VPN)တည်ထောင်သူများကိုသာအရေးယူရန် ထည့်သွင်းပြဋ္ဌာန်းခဲ့သော်လည်း မြေပြင်အခြေအနေတွင်မူ သုံးစွဲသူများကိုပါ အရေးယူခံခဲ့ရခြင်းဖြစ်သည်။
(ခ) လူပုဂ္ဂိုလ်စိစစ်၊ စောင့်ကြည့်စနစ်(PSMS)အသုံးပြု၍ စောင့်ကြည့်ဖမ်းဆီးမှုများ လုပ်ဆောင်လာခြင်း
ရုရှားကအဓိကတာဝန်ယူရေးဆွဲပေးသည့် လူပုဂ္ဂိုလ်စိစစ်၊ စောင့်ကြည့်စနစ်(PSMS)အက်ပလီကေးရှင်းအတွင်း ယင်းတို့အ လိုရှိနေသည့် အကြမ်းမဖက်အာဏာဖီဆန်သူ(CDM)များနှင့်စစ်ပြေးရဲပြေးစာရင်းများအား ထည့်သွင်းပြီး စစ်ဆေးဖမ်းဆီးမှု များ ယခုနှစ်မေလအတွင်း စတင်လုပ်ဆောင်လာသည်ကို တွေ့ရသည်။ မတ်လမှမေလအထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပီအက်စ်အမ်အက်စ်(PSMS)စနစ်မှတစ်ဆင့်ဖမ်းဆီးထားသူ ၁,၆၅၇ ဦးရှိသည်ဟု လူထုနွေဦး(People’s Spring)သတင်းဌာန၏ဖော်ပြချက်အရ သိရသည်။
စစ်ကော်မရှင်သည် စစ်ဆေးရေးဂိတ်များတွင် ပီအက်စ်အမ်အက်စ်(PSMS)စနစ်အား အသုံးပြုစစ်ဆေးမှုများ ပြုလုပ်နေသ ကဲ့သို့ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းနှင့်ယာဉ်လိုင်းများတွင်လည်း ပီအက်စ်အမ်အက်စ်(PSMS)စနစ်အသုံးပြုစစ်ဆေးမှုများ ပြုလုပ်နေသည်။ မန္တလေးမြို့တွင် ဧည့်စာရင်းစစ်ဆေးစဉ် ပီအက်စ်အမ်အက်စ်(PSMS)စနစ်အသုံးပြုခဲ့သလို ညောင်ဦးမြို့ နယ်၊ ပုဂံမြို့ပေါ်တွင်လည်း ဟိုတယ်များနှင့်တည်းခိုခန်းများအား ဧည့်စာရင်းစစ်ရာတွင် ပီအက်စ်အမ်အက်စ်(PSMS)အသုံး ပြုခဲ့သည်ကို တွေ့ရသည်။ မြစ်သားမြို့နယ်တွင် ပီအက်စ်အမ်အက်စ်(PSMS)စနစ်အသုံးပြုပြီး စစ်ဆေးမှုများပြုလုပ်နေ သည်ဟု စစ်ကောင်မရှင်၏ပြန်ကြားရေးဝန်ကြီးဌာနဝက်ဘ်ဆိုင်တွင် ဩဂုတ်လ(၄)ရက်နေ့က သတင်းဖော်ပြခဲ့သည်ကို လည်း တွေ့ရသည်။ အတုအယောင် ရွေးကောက်ပွဲနီးလာသည်နှင့်အမျှ စစ်တပ်စစ်ဆေးရေးဂိတ်များတွင် ပီအက်စ်အမ်အက်စ် (PSMS)စနစ်ဖြင့် စစ်ဆေးဖမ်းဆီးမှုများ ပိုမိုလုပ်ဆောင်လာဟု People's Voice သတင်းဌာနက ဖော်ပြရေးသားခဲ့သည် ကိုလည်း တွေ့ရှိရသည်။ စစ်ကော်မရှင်၏အတုအယောင် ရွေးကောက်ပွဲ နီးကပ်လာစဉ်ကာလတွင် ရန်ကုန်မြို့အတွင်း ဧည့်စာ ရင်းစစ်ချိန်တွင် ပီအက်စ်အမ်အက်စ်(PSMS)အသုံးပြုစစ်ဆေးရန် ညွန်ကြားမှုများ ပြုလုပ်ခဲ့သည်။
(ဂ) ၂၀၂၅ ခုနှစ်အတွင်း တွေ့ရှိရသော စောင့်ကြည့်ရေးယန္တရားအတွက်
စစ်ကောင်စီ၏အခြားသောပြင်ဆင်မှုများ
စစ်ကောင်စီ၏စောင့်ကြည့်ရေးယန္တရားအတွက် အခြားသောပြင်ဆင်မှုများထဲမှတစ်ခုမှာ အင်တာနက်ပေါ်မှသတင်းများနှင့် နိုင်ငံရေးအရတိုက်ခိုက်မှုများအား တားမြစ်အရေးယူရန် ပြည်ထဲရေးဝန်ကြီး၊ ဒုဝန်ကြီးဦးဆောင်သောကော်မတီနှင့်နည်းပ ညာကျွမ်းကျင်အဖွဲ့များဖွဲ့စည်းပြီး (၂၄)နာရီစောင့်ကြည့်ရန်ပြင်ဆင်လာမှုဖြစ်သည်။ တစ်နည်းအားဖြင့် အွန်းလိုင်ပေါ်မှ လွတ် လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အား တိုက်ရိုက်ခြိမ်းခြောက်သည့် လုပ်ဆောင်ချက်လည်းဖြစ်သည်။
စစ်ကောင်မရှင်လက်အောက်ခံ ဗဟိုဘဏ်ကလည်း မြန်မာ့ဘဏ်လုပ်ငန်းများတွင် ဉာဏ်ရည်တုနည်းပညာ(AI)အသုံးပြုနိုင် ရေးလိုအပ်သောအခြေအနေများကို ဟွာဝေးကုမ္ပဏီနှင့်ဆွေးနွေးမှုများလုပ်ဆောင်နေသည်။ စစ်ကောင်မရှင်သည် ငွေကြေး လွှဲပြောင်းမှုများအား စောင့်ကြည့်ပြီး ဘဏ်ဝန်ဆောင်မှုအသုံးပြုသူများကို ဖမ်းဆီးမှုများလုပ်ဆောင်ခဲ့သည်ကိုလည်း တွေ့ရ သည်။ ဗဟိုဘဏ်၏ဉာဏ်ရည်တုနည်းပညာ(AI)အသုံးပြုမှုအစီအစဉ် အကောင်အထည်ဖော်ဆောင်မှုပြီးပါက ငွေကြေးလွှဲ ပြောင်းမှုများအား ပိုမိုစောင့်ကြည့်နိုင်သွားမည်။ Tiangou၏အင်တာနက်ဆင်ဆာစနစ်ကို မြန်မာနိုင်ငံရှိ ဒေတာစင်တာ(၂၆)ခု လုံးတွင် ထည့်သွင်းထားပြီး အသုံးပြုနေသည်ဟု Interesting Engineering၏ထုတ်ဖော်ပြောကြားချက်အရ သိရသည်။ ယင်းစနစ်သည် TCP ချိတ်ဆက်မှုပေါင်း(connection)(၈၁)သန်းကို တပြိုင်နက်စောင့်ကြည့်နိုင်သည့် “live dashboard” များ ပံ့ပိုးပေးနိုင်သည်ဟု ဖော်ပြထားသည်။ စစ်ကော်မရှင်သည် ၂၀၂၅ ခုနှစ်အတွင် လူထုအား စောင့်ကြည့်ထိန်းချုပ်နိုင်ရေး အတွက် နည်းပညာအသုံးပြုမှုကို ကျယ်ပြန့်စွာ ချဲ့ထွင်လုပ်ဆောင်နေကြောင်း ထင်ရှားစွာ တွေ့ရသည်။
(၈) လွတ်လပ်သောသတင်းမီဒီယာများအား ဖိနှိပ်မှုအခြေအနေ
(က) စစ်ကော်မရှင်၏သတင်းမီဒီယာဖိနှိပ်မှုအခြေအနေ
၂၀၂၅ ခုနှစ်အတွင်း စစ်ကော်မရှင်က လွတ်လပ်သောသတင်းမီဒီယာများအပေါ်ဖိနှိပ်မှုများ ဆက်လက်လုပ်ဆောင်ခဲ့သည် ကို တွေ့ရသည်။ DGM သတင်းဌာနမှသတင်းထောက်(၂)ဦးအား ရုပ်မြင်သံကြားနှင့်အသံထုတ်လွှင့်ခြင်းဆိုင်ရာဥပဒေပုဒ်မ(၉၆) ဖြင့် ထောင်ဒဏ်(၅)နှစ်တိုးမြှင့်ချမှတ်ခဲ့သည်။ စစ်တပ်အပေါ်ထိခိုက်စေသည့်ရေးသားမှုများရှောင်ကြရန်နှင့်စစ်တပ်ဆန့်ကျင်သူများအား အားပေးအားမြှောက်လုပ်ရေးသားလျှင် သတင်းမီဒီယာများကိုအရေးယူမည်ဟု စစ်ကောင်မရှင်ခန့်ပြန်ကြားရေးဝန်ကြီးမောင်မောင်အုန်းက သတင်းမီဒီယာများကို ခြိမ်းခြောက်ပြောဆိုခဲ့သည်။
၂၀၂၆ ခုနှစ် ဇန်နဝါရီလ(၁၇)ရက်နေ့က ထုတ်ပြန်ခဲ့သော လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ(IPCM)၏ထုတ်ပြန်ချက်အရ အကျဉ်းထောင်အသီးသီးတွင် ဖမ်းဆီးထိန်းသိမ်းခံရဆဲ သတင်းသမားအရေအတွက် အမျိုးသား(၂၂)ဦးနှင့်အမျိုး သမီး(၅)ဦး စုစုပေါင်း(၂၇)ဦးကျန်ရှိနေကြောင်း သိရသည်။ ၂၀၂၅ ခုနှစ် ဇန်နဝါရီလအတွင်းထုတ်ပြန်ခဲ့သော သတင်းသမား များကာကွယ်စောင့်ရှောက်ရေးကော်မတီ(CPJ)၏အစီအရင်ခံစာအရ သတင်းသမားများထောင်ချမှု အဆိုးရွားဆုံးနိုင်ငံများ ထဲ၌ တတိယနေရာတွင် ရှိနေသည်။
၂၀၂၅ ခုနှစ် မတ်လ(၂၈)ရက်နေ့က မြန်မာနိုင်ငံအလယ်ပိုင်းအားဗဟိုပြု၍လှုတ်ခတ်ခဲ့သော ပြင်းထန်သည့်ငလျင်ကြီးအပြီး တွင်လည်း လွတ်လပ်စွာသတင်းယူခွင့်မရသဖြင့် ငလျင်ဘေးသင့်ဒေသများသို့ လွတ်လပ်စွာသတင်းရယူခွင့်ပေးရန် လွတ် လပ်သော မြန်မာသတင်းမီဒီယာကောင်စီ(IPCM)နှင့်အရပ်ဘက်အဖွဲ့အစည်းများက စုပေါင်းတောင်းဆိုခဲ့သည်။ ငလျင် ကြောင့် ဆက်သွယ်ရေးပြတ်တောက်နေသောဒေသများအား စတားလင့်ခ့်(Starlink)ကုမ္ပဏီက “Starlink Kits”များ အကူအ ညီပေးရန် ကမ်းလှမ်းခဲ့သော်လည်း စစ်အုပ်စုက တုန့်ပြန်မှုမလုပ်ခဲ့သည်ကို တွေ့ ရသည်။
စစ်ကော်မရှင်၏ ၂၀၂၅ ခုနှစ်အတွင်း မီဒီယာဖိနှိပ်မှုများတွင် “ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက် ဟန့်တားဖျက်ဆီးခြင်းမှကာကွယ်ပေးရေးဥပဒေ”အားအသုံးပြုပြီး ဖိနှိပ်မှုများ တိုးမြှင့်ဆောင်ရွက်လာသည်ကို တွေ့ရသည်။ ယင်းဥပဒေအားအသုံးပြုပြီး သတင်းမီဒီယာစာမျက်နှာများနှင့်သတင်းအချက်အလက်မျှဝေပေးနေသည့် လူမှုကွန်ရက်စာ မျက်နှာများအား အမှုဖွင့်အရေးယူမှုများကိုလည်း ပြုလုပ်ခဲ့သည်။ မြန်မာအင်တာနက်ပရောဂျက်(MIP)မှစုဆောင်းထား သောအချက်အလက်များအရ “Hlaing Info”တယ်လီဂရမ်၊ Khit Thit မီဒီယာ၏တယ်လီဂရမ်ချန်နယ်မှတာဝန်ရှိသူ၊ The Assistance Association for Myanmar-based Independent Journalists, AAMIJတို့အား ယင်းဥပဒေဖြင့် အမှုဖွင့် ထားသည့်အပြင် သရော်စာသတင်းများတင်ဆက်နေသော လူထုသတင်းစာတိုက်ဖေစ့်ဘုတ်စာမျက်နှာအားလည်း ယင်းဥပဒေဖြင့်အမှုဖွင့်ထားသည်ကို တွေ့ရသည်။ နယ်စည်းမခြား သတင်းထောက်များအဖွဲ့(RSF)၏သတင်းလွတ်လပ်ခွင့်ညွှန်းကိန်းအရ နိုင်ငံပေါင်း(၁၈၀)တွင်အဆင့်(၁၆၉) သတင်းလွတ်လပ်ခွင့်အတွက် အန္တရယ်ရှိသောအနီရောင်အဆင့်အဖြစ် သတ်မှတ်ခံထားရသည်။
(ခ) စစ်ကောင်စီ၏မိတ်ဖက်များနှင့်သတင်းမီဒီယာဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများ
သတင်းမီဒီယာများအပေါ်ဖိနှိပ်မှုများ တစ်ဖက်တွင် အပြင်းအထန်လုပ်ဆောင်နေသော စစ်ကောင်စီသည် ယင်းတို့၏မိတ် ဖက်နိုင်ငံများနှင့်သတင်းမီဒီယာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ချဲ့ထွင်ရန်လုပ်ဆောင်နေသည်ကို လည်းတွေ့ရသည်။
စစ်ကော်မရှင်လက်အောက်ခံ သတင်းမီဒီယာကောင်စီနှင့်ထိုင်းနိုင်ငံသတင်းမီဒီယာကောင်စီ(NPCT)တို့အကြား နားလည်မှု စာချွန်လွှာ(MoU)ကို ၂၀၂၅ ခုနှစ် ဩဂုတ်လ(၁)ရက်နေ့က လက်မှတ်ရေးထိုးခဲ့သည်။ စစ်ကော်မရှင်နှင့်ဘယ်လာရုစ်စစ်တပ် တို့၏သတင်းအချက်အလက်နှင့်မီဒီယာကဏ္ဍပူးပေါင်းရေးဆောင်ရွက်ရန် လုပ်ဆောင်လာသည်ကိုလည်း တွေ့ရသည်။ ထို့အ ပြင် ရွေးကောက်ပွဲဝါဒဖြန့်မှုတွင်ပါဝင်ပေးရန် ပြည်တွင်းသတင်းသမားများကို သိန်းရာချီ၍မက်လုံးပေးဆွဲဆောင်နေသည်ဟု MPA သတင်းဌာနက ထုတ်ဖော်ထားသည်ကိုလည်း တွေ့ရှိရသည်။ စစ်ကောင်မရှင်ဝါဒဖြန့် သတင်းရေးသာသူ(၂)ဦးနှင့်မြန် မာသတင်းမီဒီယာကောင်စီ အတွင်းအရေးမှုးဦးအေးချမ်းတို့အား အိန္ဒိယနိုင်ငံက သတင်းထောက်များလေ့လာရေးခရီးစဉ်အ တွက် ဖိတ်ခေါ် ခဲ့သည်။
(ဂ) တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်သတင်းမီဒီယာများအကြားပွတ်တိုက်မှုများ
စစ်ကော်မရှင်၏သတင်းမီဒီယာဖိနှိပ်မှုဒဏ်များကို သတင်းမီဒီယာသမားများ အပြင်းအထန်ခံကြရသလို လက်နက်ကိုင်အင် အားစုများနှင့်သတင်းမီဒီယာများ၏ပွတ်တိုက်မှုများလည်း ၂၀၂၅ ခုနှစ်အတွင်း ဖြစ်ပေါ်ခဲ့သည်။
မောင်တောအခြေစိုက် Border News Agency(BNA)သတင်းဌာနမှ အမျိုးသမီးသတင်းထောက်မမုဒြာကို စက်တင်ဘာ လ(၂၀)ရက်နေ့က အာရက္ခတပ်တော်(AA)ကဖမ်းဆီးခဲ့ပြီး အောက်တိုဘာလ(၂၂)ရက်နေ့မှသာ ပြန်လည်လွှတ်ပေးခဲ့သည်။ ထို့အပြင် အာရက္ခတပ်တော်(AA)၏အုပ်ချုပ်မှုနယ်မြေအတွင်းရှိ ဌာနဆိုင်ရာအကြီးအကဲများမှ အောက်ခြေဝန်ထမ်းများအ ထိ သတင်းမီဒီယာများဖြင့်အင်တာဗျူးဖြေဆိုခွင့်များကိုလည်း ပိတ်ပင်ခဲ့သည်။ စစ်ရေးသတင်းပေါက်ကြားခဲ့သဖြင့်ဟုဆို ကာ Upper Burma News Agency(UBNA)မှသတင်းထောက်ဦးတိုးကြီးအား လက်နက်ကိုင်အဖွဲ့နှစ်ခုက ဖမ်းဆီးခဲ့သည်။
(၉) ဒစ်ဂျစ်တယ်လွတ်လပ်ခွင့်အတွက် ဒေသတွင်းအဖွဲ့အစည်းများ၏ဖော်ထုတ်တုန့်ပြန်ခဲ့မှုများ
မြောက်မြားစွာသော ဟန့်တားပိတ်ပင်မှုများဖြင့် မြန်မာနိုင်ငံ၏ဒစ်ဂျစ်တယ်ရပ်ဝန်း၌ ရင်ဆိုင်နေရချိန်တွင် လူ့အခွင့်အရေးအ ဖွဲ့များ၊ ဒစ်ဂျစ်တယ်အခွင့်အရေးအဖွဲ့များနှင့်လွတ်လပ်သောသတင်းမီဒီယာများက ယင်းဖိနှိပ်မှုများတွင် ပါဝင်ခဲ့သူများအား ဖော်ထုတ်ပြီး ပါဝင်သူများကို နိုင်ငံတကာအဝန်းအဝိုင်းကသိရှိနိုင်ရန် တတ်နိုင်သမျှသောနည်းလမ်းများဖြင့် တုန့်ပြန်ခဲ့ကြ သည်ကို တွေ့ရသည်။
Myanmar Net နာမည်ဖြင့် အင်တာနက်ဝန်ဆောင်မှုပေးနေသည့် မြန်မာနိုင်ငံ၏အကြီးဆုံးအင်တာနက်လုပ်ငန်းတစ်ခုဖြစ် သည့် Frontiir သည် ယင်း၏ကိုယ်ပိုင်ဒေတာစင်တာ(ရန်ကုန်မြို့အရှေ့ပိုင်း)တွင် အဆိုပါ TSG နည်းပညာကို လက်ခံတပ် ဆင်ထားသည်ဟု Myanmar Now သတင်းဌာနနှင့်ဗြိတိန်အခြေစိုက် Finance Uncovered သတင်းဌာနတို့က ဖော်ထုတ်ခဲ့သည်။ TSG ဆိုသည်မှာ တရုတ်နိုင်ငံ၏ Great Firewall(တရုတ်အင်တာနက်တားမြစ်ပိတ်ပင်ရေးစနစ်)ကိုတည်ဆောက်ခဲ့သူဟု အသိအမှတ်ပြုခံရသည့် Fang Binxing ပူးတွဲတည်ထောင်ထားသော Geedge ၏ Tiangou လုံခြုံ ရေးဂိတ်ဝေး (Tiangou Secure Gateway)စနစ်ဖြစ်သည်။ TSG တွင် ပေးပို့သည့်ဒေတာများကို အတွင်းကျကျစစ်ဆေးနိုင်သော (Deep Packet Inspection)ပါရှိသည်မှာ Myanmar Net သုံးစွဲသူများအတွက် စိုးရိမ်ဖွယ်ရဖြစ်သည်။ ဗြိတိန်၊ နော်ဝေနှင့် ဒိန်းမတ်နိုင်ငံတို့မှ ဖွံ့ဖြိုးရေးရန်ပုံငွေဒေါ်လာသန်း(၄၀)ခန့် ယင်းကုမ္ပဏီတွင် အနည်းဆုံးရင်းနှီးမြှုပ်နှံထားသည်ကိုလည်း ဖော်ထုတ်နိုင်ခဲ့သည်။ စစ်ကော်မရှင်သည် Geedge ၏ အင်တာနက်စောင့်ကြည့် ထောက်လှမ်းစက်ပစ္စည်းများနှင့်ဝန် ဆောင်မှုများကို ဆက်သွယ်ရေးကုမ္ပဏီ(၁၃)ခုတွင် တပ်ဆင်အသုံးပြုနေသည်ဟု Justice For Myanmar(JFM)က ဆက် လက်ဖော်ထုတ်ထားသည်။
MOBILedit Forensic Pro နည်းပညာအား ရောင်းချခဲ့သည့် ချက်ကုမ္ပဏီ Compelson ကို စုံစမ်းစစ်ဆေးဖို့ Justice For Myanmar က တိုက်တွန်းတောင်းဆိုခဲ့သည်။ အင်တာနက်အသွားအလာများ(web traffic)ကြားဖြတ်ရယူခြင်းနှင့်ကုဒ်ဖျက် ဖတ်ရှုခြင်းတို့ကို ပြုလုပ်နိုင်သည့်နည်းပညာများကို အာဏာသိမ်းစစ်အုပ်စုက စတင်အသုံးပြုနေကြောင်း ၂၀၂၄ ခုနှစ် ဇွန်လက ဖော်ထုတ်ခဲ့သေးသည်။ ထိုကဲ့သို့ ထုတ်ဖော်နိုင်မှုများကြောင့် အစိုးရနှင့်ပုဂ္ဂလိကကုမ္ပဏီများက စစ်အုပ်စုအား ထောက်လှမ်းရေးနည်းပညာရောင်းချခြင်း၊ ဝန်ဆောင်မှုပေးခြင်း၊ လွှဲပြောင်းခြင်းနှင့်တင်ပို့ခြင်းများကို ကုလသမဂ္ဂလူ့အခွင့်အ ရေးကောင်စီက တားမြစ်ရမည်ဟု မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် တွမ်အင်ဒရူး(Tom Andrews)က ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် မိုဘိုင်းဖုန်းဝန်ဆောင်မှုပေးခဲ့သော နော်ဝေအစိုးရပိုင် တယ်လီနော(Telenor)သည် စစ်အာဏာသိမ်းပြီး နောက် ဖုန်းသုံးစွဲသူများအပေါ် လူအခွင့်အရေးချိုးဖောက်မှုကျူးလွန်စေနိုင်သည့် အရေးကြီးအချက်အလက်များကို မြန်မာ စစ်တပ်ထံလွှဲပြောင်းပေးအပ်မှုအတွက် တယ်လီနော(Telenor)ဆက်သွယ်ရေးကုမ္ပဏီကို မြန်မာအင်တာနက်ပရောဂျက် (MIP)အပါအဝင် မြန်မာအရပ်ဘက်အဖွဲ့အစည်းများက တရားစွဲဆိုရန် ဆောင်ရွက်မှုများ ပြုလုပ်ခဲ့သည်။ ဒဏ်ခတ်ပိတ်ဆို့မှု များကို ချိုးဖောက်ခဲ့သည့်အတွက် တယ်လီနော(Telenor)အား Justice for Myanmar နှင့် ICJ Norway တို့က နော်ဝေရဲတပ်ဖွဲ့ထံ အမှုဖွင့်တိုင်ကြားမှု ပြုလုပ်ခဲ့သေးသည်။
Justice For Myanmar နှင့် အရပ်ဘက်အဖွဲ့အစည်းများ၏ဖိအားပေးမှုများကြောင့် စစ်ကော်မရှင်၏ ဝါဒဖြန့်ချိရေးအ ကောင့်များအား Twitch၊ Facebook၊ YouTube နှင့် MediaFire တို့မှ ဖယ်ရှားခံခဲ့ရသည်။ စစ်အုပ်စုသည် ယင်းတို့၏အ ကောင့်များ Amazon ပိုင် ရုပ်သံလွှင့်ပလက်ဖောင်း Twitch မှ ဖယ်ရှားခံရပြီးနောက် ဩစတြေးလျနည်းပညာကုမ္ပဏီ Kick ပလက်ဖောင်းသို့ ပြောင်းရွေ့အသုံးပြုခဲ့ကြသည်။ Kick ပေါ်တွင်လည်း နာရီပိုင်းသာရှိသော တိုက်ရိုက်ထုတ်လွှင့်မှု အပြီးတွင် ယင်းတို့၏ဝါဒဖြန့်အကောင့်များ ထပ်မံဖယ်ရှားခံခဲ့ရသည်။ မြန်မာစစ်တပ်ဝါဒဖြန့်ချယ်နယ် MWD News(မြဝတီသတင်း)စာ မျက်နှာအား “TikTok”က အရေးယူ ဖယ်ရှားခဲ့သည်ကိုလည်း တွေ့ရသည်။
လူ့အခွင့်အရေးချိုးဖောက်မှုများကို ကူညီဆောင်ရွက်ပေးနေသည့် မြန်မာစစ်အစိုးရ၏စောင့်ကြည့်ထောက်လှမ်းမှုနှင့်နိုင်ငံ သားများအား ဖိနှိပ်မှုများတွင် ပါဝင်နေသော မိုင်တဲလ်(Mytel)အား အမေရိကန် End-User Review Committee (ERC) မှ ပို့ကုန်ထိန်းချုပ်ကန့်သတ်မှုစာရင်း(Entity List)တွင် ထည့်သွင်းခဲ့သည်ကိုလည်း တွေ့ရှိရသည်။
အထက်ပါအခြေအနေများသည် အာဏာသိမ်းစစ်အုပ်စု၏ဖိနှိပ်မှုများကြားတွင် အင်တာနက်လွတ်လပ်ခွင့်နှင့်ဒစ်ဂျစ်တယ်အ ခွင့်အရေးအတွက် အရပ်ဘက်အဖွဲ့အစည်းများနှင့်သတင်းမီဒီယာများက ၂၀၂၅ ခုနှစ်အတွင်းလုပ်ဆောင်ခဲ့သောထင်ရှားသည့် တုန့်ပြန်မှုများဖြစ်သည်။
(၁၀) တွေ့ရှိချက်များ
(၁) ၂၀၂၅ ခုနှစ်အတွင်း မြို့နယ်(၇၄)ခုတွင် အင်တာနက်ဖြတ်တောက်မှု(၁၀၅)ကြိမ်အနည်းဆုံး စစ်ကောင်စီက ဖြတ်တောက် ခဲ့သည်။
(၂) စစ်ကော်မရှင်၏လေကြောင်းတိုက်ခိုက်မှုများကြောင့် သေဆုံးဒဏ်ရာရရှိမှု၏(၉၆)ရာခိုင်နှုန်းကျော်သည် ဆက်သွယ်ရေး ဖြတ်တောက်ခံထားရသောဒေသများတွင် ဖြစ်ပေါ်ခဲ့ကြောင်း တွေ့ရှိရသည်။
(၃) ၂၀၂၅ ခုနှစ်အတွင်း ဥပဒေ(၃)ခုအား စစ်ကော်မရှင်က ပြဋ္ဌာန်း၊ ပြင်ဆင်ပြီး အင်တာနက်သုံးစွဲသူများကို ပိုမိုဖိနှိပ်ခဲ့သည်။
(၄) ဗီပီအန်(VPN)အသုံးပြုမှုများ တိုးမြှင့်ပိတ်ဆို့ခြင်း၊ ပီအက်စ်အမ်အက်စ်(PSMS)အက်ပလီကေးရှင်းအသုံးပြု၍ လူထု စောင့်ကြည့်ခြင်းနှင့်ဆက်သွယ်ရေးဝန်ဆောင်မှုများတွင် စောင့်ကြည့်ရေးနည်းပညာများ တပ်ဆင်အသုံးပြုခြင်းများကို စစ် ကော်မရှင်က ကျယ်ပြန့်စွာ ပြုလုပ်ခဲ့သည်။
(၅) နည်းပညာကျွမ်းကျင်သူများနှင့်စုပေါင်း၍ ကော်မတီများဖွဲ့စည်းကာ အင်တာနက်ပေါ်မှ လွတ်လပ်စွာ ထုတ်ဖော်ပြောဆို မှုများကို ကန့်သတ်ထိန်းချုပ်ရန် စစ်ကော်မရှင်က လုပ်ဆောင်လာခဲ့သည်။
(၆) အင်တာနက်ဖြတ်တောက်မှုများသည် စစ်ကော်မရှင်ထိန်းချုပ်ဒေသများတွင်သာမက တိုင်းရင်းသားနှင့်တော်လှန်ရေး လက်နက်ကိုင်အင်အားစုများ ထိန်းချုပ်သောနယ်မြေများတွင်လည်း လုံခြုံရေးအကြောင်းပြချက်ဖြင့် လုပ်ဆောင်ခဲ့ကြောင်း တွေ့ရသည်။
(၁၁) အကြံပြုချက်များ
စစ်ကော်မရှင်၏ဒစ်ဂျစ်တယ်ဖိနှိပ်မှုများအားတုန့်ပြန်ရန်နှင့်ဒစ်ဂျစ်တပ်ရပ်ဝန်းအတွင်း ဒစ်ဂျစ်တယ်အခွင့်အရေးများကို သုံးစွဲ သူများ ပြည့်ဝစွာပြန်လည်ရရှိရေးအတွက် သက်ဆိုင်ရာအစုအဖွဲ့နှင့်အဖွဲ့အစည်းများအား အောက်ပါအချက်အလက်များ ဆက်လက်ပံ့ပိုးပေးပါရန် တောင်းဆိုသည်။
(က) နိုင်ငံတကာ အစိုးရများနှင့်နိုင်ငံတကာအဖွဲ့အစည်းများ
နိုင်ငံတကာအစိုးရများနှင့်နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် စစ်ကော်မရှင်ထံသို့ ကွန်ရက်ပိတ်ဆို့မှုနှင့်အင်တာနက်စောင့် ကြည့်ထောက်လှမ်းရေးနည်းပညာများ မရောက်ရှိသွားစေရေး အကူအညီပေးရန်။
စစ်ကော်မရှင် လက်ရှိအသုံးပြုနေသော စောင့်ကြည့်ထောက်လှမ်းရေးနည်းပညာများအား ဆက်လက်အသုံးပြုခွင့် မရရှိစေ ရန် သက်ဆိုင်ရာကုမ္ပဏီများကို ဖိအားပေးရန်။
နည်းပညာလွှဲပြောင်းခဲ့မှုကြောင့် ဖြစ်ပေါ်ထိခိုက်ခဲ့ရသောအခြေအနေနှင့်လျှော်ညီသည့် အရေးယူမှုများ ပြုလုပ်ပေးပါရန်။
(ခ) ဒစ်ဂျစ်တယ်အခွင့်အရေး ဆောင်ရွက်နေသည့် အဖွဲ့အစည်းများ
ဒစ်ဂျစ်တယ်အခွင့်အရေး ဆောင်ရွက်နေသောအဖွဲ့အစည်းများအနေဖြင့် စစ်ကော်မရှင်၏ဒစ်ဂျစ်တယ်ဖိနှိပ်မှုများအား တုန့် ပြန်နိုင်ရေးအတွက် လိုအပ်သောကာကွယ်ရေးလုပ်ငန်းစဉ်များအား သုံးစွဲသူများ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်ရေးနှင့် လက်လှမ်းမီစေရေးတို့ကို တိုးမြှင့်ဆောင်ရွက်ရန်။
အင်တာနက်ဖြတ်တောက်ခံရသည့်ဒေသများတွင် အခြားသောဆက်သွယ်ရေးနည်းလမ်းများအား ကူညီရှာဖွေပံ့ပိုးပေးနိုင် ရေးအတွက် နည်းပညာကုမ္ပဏီများနှင့်ပူးပေါင်းအဖြေရှာရန်။
လက်ရှိဖြစ်ပေါ်နေသည့် ဒစ်ဂျစ်တယ်ဖိနှိပ်မှုအခြေအနေများအား နိုင်ငံတကာအသိုက်အဝန်းမှသိမြင်၍ အာရုံစိုက်ဆောင် ရွက်ပေးရေးအတွက် တိုက်တွန်တောင်းဆိုမှုများ တိုးမြှင့်ဆောင်ရွက်ပေးရန်။
(ဂ) ကူညီထောက်ပံ့သော အဖွဲ့အစည်းများ
ကူညီထောက်ပံ့သောအဖွဲ့အစည်းများအနေဖြင့် အသက်အန္တရာယ်ထိခိုက်စေနိုင်သည့်အထိ အန္တရာယ်ကြီးမားသည့်အင်တာ နက်ဖြတ်တောက်မှုနှင့်စောင့်ကြည့်ထိန်းချုပ်နေမှုများကိုဒစ်ဂျစ်တယ်အခွင့်အရေးလှုပ်ရှားနေသောအဖွဲ့အစည်းများအနေဖြင့် ပြန်လည်တုန့်ပြန်နိုင်ရေးအတွက် ဆက်လက်ပံ့ပိုးမှုများ ကဏ္ဍအလိုက် ပြုလုပ်ပေးရန်။
(ဃ) နည်းပညာလုပ်ငန်းများ
နိုင်ငံတကာနည်းပညာကုမ္ပဏီများအနေဖြင့် ဆက်သွယ်ရေးဖြတ်တောက်မှုများ ကျော်လွှားနိုင်ရေးအတွက်လိုအပ်သည့်နည်း ပညာများ ပံ့ပို့ပေးရန်။
လူမှုကွန်ရက် ဖြတ်တောက်မှုများကျော်လွှားပြီ ကောင်းမွန်သောသတင်းစီးဆင်းမှုရရှိစေရန်အတွက် လိုအပ်သည့်နည်းပညာ များ ပံ့ပိုးပေးရန်။
ဒစ်ဂျစ်တယ်ဖိနှိပ်မှုများအတွင်း လက်ရှိအသုံးပြုနေသောစစ်ကော်မရှင်လက်ထဲရှိ နည်းပညာများရုပ်သိမ်းပေးရေးတို့အား ဆောင်ရွက်ပေးပါရန်။
Recommended Citation Style - Myanmar Internet Project(2026, January 30)
၂၀၂၅ ခုနှစ်အတွင်း ဖြစ်ပေါ်ခဲ့သောမြန်မာနိုင်ငံ၏ဒစ်ဂျစ်တယ်လွတ်လပ်ခွင့် ဖိနှိပ်ခံရမှုဆိုင်ရာ အစီအရင်ခံစာ




Comments